မြစ်ကြီးနားမြို့ပေါ် အိမ်ငှားရမ်းခ စျေးမြင့် ဝိုင်းမော်စစ်ရှောင်အခက်ကြုံနေ

ကချင်ပြည် မြစ်ကြီးနားမြို့သို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသည့် ဝိုင်းမော်မြို့ စစ်ရှောင်များသည် အိမ်ငှားရမ်းခ စျေးတက်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။

ကချင်ပြည် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများသည် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး၊ အိမ်းငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဲ့မှာ အိမ်ငှားရတာက ၁ လ ၂ လ ဆို ရင် မချုပ်ပေးချင်ကြဘူး။သူတို့တွေက စာချုပ်ကို ၆ လ ချုပ်တို့ အနည်း ဆုံး ၃ လ ချုပ်မှ သူတို့တွေက ချုပ်ပေးချင်ကြတာ။ ကျနော်တို့လို စစ်ရှောင်တွေကြတော့ အခက်ခဲဖြစ် တာပေါ့။ တချို့နေရာတွေကြတော့ မီးကမရှိဘူး။တချို့အိမ်ကလည်း မီးရှိတယ်ပုံမှန်မလာဘူး။” ဟု စစ်ဘေးရှောင် အမျိုးသမီး က ပြောသည်၊

မြစ်ကြီးနားမြို့တွင် အိမ်ငှားခ တစ်လလျှင် ကျပ်ငွေ ၅ သိန်း မှ ကျပ်ငွေ ၇ သိန်း ရှိပြီး၊သက္ကသိုလ်နှင့် နီးသော အဆောင်များတွင် နှစ်ယောက်အိပ်တစ်ခန်း ကို တစ်လလျှင် ကျပ်ငွေ ၈ သောင်းခန့်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ဝိုင်းမော်မြို့တွင် တိုက်ပွဲများကြောင့် မြစ်ကြီးနားသို့ ထွက်ပြေးသိမ်းရှောင်နေကြပြီး ခိုးဆိုးလုယက်များ ကိုလည်း စိုးရိမ်သရဖြင့် တစ်အိမ်ကို တစ်ယောက် အိမ်စောင့်ကျန်ခဲ့ကြောင်း သိရသည်၊။

“အိမ်မှာ တစ်ယောက်ယောက်နေထားရတာကလည်း စိုရိမ်လို့လေ။ ခိုးတာတွေ အိမ်ထဲမှာ တပ်ဆွဲတာ တွေလုပ်မှာကြောက် တာပေါ့။ တချို့ရွာတွေမှာကျတော့ အိမ်မှာ ပစ္စည်း ပြောင်းရွှေ့သလိုလိုနဲ့ လိုက်ခိုးနေတာ တွေရှိလို့လေ။ အရမ်းကို စိုးရိမ်ရတာပေါ့။”ဟု ၎င်းကပြောသည်။

ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများကြောင့် မြစ်ကြီးနား မြို့သို့ မြို့လုံးကျွတ်နီးပါ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဝိုင်းမော်မြို့နှင့် မြစ်ကြီးနားမြို့သည် မိနစ် ၄၀ ခန့်သာကွာဝေးကြောင်း သိရသည်။

ထိုသို့ မြို့လုံးကျွတ်နီးပါးထွက်လာသဖြင့် အများစုသည် ဘုန်းကြီးကျောင်း နေထိုင်နေကြပြီး ကလေးနှင့် သက်ကြီးရွယ်ရှိသော မိသားစုများသည် အိမ်များငှား၍နေထိုင်နေကြောင်း စစ်ရှောင်များကပြောသည်။

ထိုပြင် အချို့စစ်ဘေးရှောင်အချို့သည် ငွေကြေးမတက်နိုင်သဖြင့် နေရာပြောင်းရွှေ့ရန် ခက်ခဲမှုများရှိနေကြောင်း သိရသည်။

“တိုက်ပွဲမဖြစ်တုန်ကလည်း ဝင်ငွေရမလုပ်တွေမရှိတာရယ် ကုန်ဈေးနှုန်းတွေမြင့်တက်လာတာရယ် နိုင်ငံရေးက ယှက်ထတာတွေရယ် အဲ့လို တွေကြောင့် စားဝတ်နေရေးတောင်အနိုင်နိုင်ရုန်းကန်နေရတာ။အခု စစ်ပြန်‌ရှောင် ရတဲ့ အချိန်မှာကြတော ဝင်ငွေရအလုပ်တွေလည်း မလုပ်နိုင်ဘူး အိမ်ငှားခဖို့တွေကလည်း မတက်နိုင်တဲ့လူဆို မပြေးတော့ဘူး အိမ်မှာပဲ နေကြတော့တာ။”ဟု ဝိုင်းမော်မှ ဒေသခံ အမျိုးသမီး တစ်ဦးက ထပ်လောင်းပြောသည်။

ပြီခဲ့သည့် (မေလ ၂၆ရက်) တွ င်ကချင်လွတ်လပ်ရေး တပ်မတော်-KIA က ဝိုင်းမော်မြို့နယ်၊ ဘီဒရာရွာ၌ ထိန်းသိမ်းထားသည့် အလုပ်သမားနှင့် စစ်တပ်မိသားစုဝင် စုစုပေါင်း ၁၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

ရွာငံမြို့နယ် နေရပ်ပြန် စစ်ရှောင်များ နေထိုင်ပြန်သော်လည်း နေထိုင်စရာခက်ခဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မင်းပလောင်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင်များသည် နေအိမ်များ ပြန်လည်မဆောက်နိုင်သေးပဲ မိုးကာတဲများဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။ မင်းပလောင်ကျေးရွာကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်တွင် စစ်ကောင်စီမှ စစ်ကြောင်း ထိုးဝင်ရောက်ပြီး ရွာလုံးကျွတ်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထိုသို့ မီးရှို့ခံရသောကြောင့် မင်းပလောင် ကျေးရွာမှ စစ်ဘေးရှောင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...