မြစ်ကြီးနား
မြစ်ကြီးနားမြို့တွင် သျှမ်းနီနှင့်ကချင် အတူတကွယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော သျှမ်းနီတိုင်းရင်းသားနှင့် ကချင်တိုင်းရင်းသားများ၏ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ရေးအတွက် ဩဂုတ်လ (၁၁) ရက်တွင် မြစ်ကြီးနားမြို့ အင်ဂျန်ဒုံရပ်ကွက်ရှိ အဂ္ဂါပေဟိုတယ်၌ ဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ကြောင်း...
မြစ်ကြီးနားမြို့ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းရှိ လူဦးရေ ၂၀၀၀ ကျော် အကူအညီများလိုအပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှမ်းမျိုးနွယ်စုစစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၂၀၀၀) ကျော်အတွက် ကျန်းမာရေးစောက်ရှောက်မှုနှင့် အခြားသော အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ ကချင်လွတ်လပ်ရေးတပ် KIA နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲများကြောင့် မြစ်ကြီးနားမြို့သို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို လက်ခံကူညီပေးသည့် ရှမ်းမျိုးနွယ်စု စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်လူဦးရေ (၂၀၀၀)...
ကလော၊ အောင်ပန်းမှ စစ်မှုထမ်းစုဆောင်းခံရသူများ မြစ်ကြီးနား စစ်သင်တန်းပို့ခံရ
သျှမ်းပြည် ကလောမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ တတိယပတ်မှ စတင်ပြီး ကလောမြို့၊ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံထားရသူ လူငယ် (၃၀) ကျော်ကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်း...
မြစ်ကြီးနားမြို့ စက်သုံးဆီများ အကန့်အသတ်ဖြင့် ရောင်းချပေးနေရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများကြောင့် စက်သုံးဆီဈေးများ မြှင့်တက်ကာ အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့ တိုက်ပွဲများကြောင့် လမ်းကြောများပိတ်ကာ စက်သုံးဆီဈေးများ မြှင့်တက်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရ ပြီး အချို့စက်သုံးဆီဆိုင်ကြီးများလည်း ပိတ်ထားရကြောင်း မြစ်ကြီးနားမြို့...
မြစ်ကြီးနားမြို့ပေါ် အိမ်ငှားရမ်းခ စျေးမြင့် ဝိုင်းမော်စစ်ရှောင်အခက်ကြုံနေ
ကချင်ပြည် မြစ်ကြီးနားမြို့သို့ တိုက်ပွဲကြောင့် တိမ်းရှောင်လာကြသည့် ဝိုင်းမော်မြို့ စစ်ရှောင်များသည် အိမ်ငှားရမ်းခ စျေးတက်သဖြင့် အခက်အခဲများကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ကချင်ပြည် ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် ဒေသခံများသည် မြစ်ကြီးနားမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာကြပြီး၊ အိမ်းငှားရမ်းနေထိုင်ရကြောင်း စစ်ဘေးရှောင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဲ့မှာ အိမ်ငှားရတာက...
စစ်ကောင်စီ နှင့် KIA တိုက်ပွဲကြောင့် မြစ်ကြီးနား – ဗန်းမော် လမ်းကြောင်း ပိတ်ထားဆဲ
ကချင်ပြည် လိုင်ဇာဒေသ အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် ကချင်လွတ်လပ်ရေးတပ်မတော် ( KIO/KIA) တို့ တိုက်ပွဲကြောင့် မြစ်ကြီးနား - ဗန်းမော်လမ်းကြောင်း ပိတ်ထားရကြောင်း စုံစမ်း သိရသည်။ ဇူလိုင် ၄ ရက်မှ စတင်ကာ မြစ်ကြီးနား - ဗန်းမော်လမ်းကြောင်းကို ပိတ်ထားရပြီး...
မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာ တောင်းဆို
မီဒီယာဥပဒေ၊ နည်းဥပဒေများကို တိုင်းရင်းသား ဘာသာဖြင့် ထုတ်ဝေရန် တိုင်းရင်းမီဒီယာများက တောင်းဆိုလိုက်သည်။ ကချင်ပြည်နယ် မြစ်ကြီးနား တွင် ပြုလုပ်သော သတ္တမကြိမ်မြောက် တိုင်းရင်း မီဒီယာ ညီလာခံ အပြီး စက်တင်ဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန်သောကြေညာချက်တွင် ရေးသားတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ မီဒီယာ ဥပဒေ၊ နည်းဥပဒေသည် မြန်မာဘာသာ...





