Wednesday, January 28, 2026

မြစ်ကြီးနားမြို့ စက်သုံးဆီများ အကန့်အသတ်ဖြင့် ရောင်းချပေးနေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် တိုက်ပွဲများကြောင့် စက်သုံးဆီဈေးများ မြှင့်တက်ကာ အကန့်အသတ်ဖြင့် ရောင်းချနေရကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့ အနီးတစ်ဝိုက်တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်‌‌ရေးတပ် KIA တို့ တိုက်ပွဲများကြောင့် လမ်းကြောများပိတ်ကာ စက်သုံးဆီဈေးများ မြှင့်တက်ခြင်းကြောင့် အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေရ ပြီး အချို့စက်သုံးဆီဆိုင်ကြီးများလည်း ပိတ်ထားရကြောင်း မြစ်ကြီးနားမြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တချို့ဆိုင်တွေကတော့ ပိတ်ထားကုန်ပြီ ဆီတွေပြတ်နေတာ၊ တချို့ဆိုင်တွေကလည်း မနက် ဖွင့်တယ်။ ကားတွေဆို ၃ သောင်းကနေ ၅ သောင်း၊ ဆိုင်ကယ်တွေဆို ၅ ထောင် ၁ သောင်း အကန့်အသတ်နဲ့ ရောင်းပေးတယ်။ လမ်းကြောင်းတွေ ပိတ်တာကြောင့်မလို့။ ဆီတွေ ဒီလိုပျက်နေတာက ကားလမ်းတွေ၊ နိုင်ငံရေးနဲ့ တိုက်ပွဲတွေ ကြောင့်ပေါ့”ဟု မြစ်ကြီးနားမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့တွင် စက်သုံးဆီဈေး ဓာတ်ဆီ 92 တစ်လီတာလျှင် ကျပ်ငွေ ငါးထောင့်ငါးရာ (၅,၅၀၀) မှ ကျပ်ငွေ ငါးထောင့်ခြောက်ရာ (၅,၆၀၀) ၊ 95 တစ်လီတာလျှင် ကျပ်ငွေ ငါးထောင့်ခြောက်ရာ (၅,၆၀၀) မှ ငါးထောင့်ရှစ်ရာ (၅,၈၀၀) အထိရှိပြီး၊ ဒီဇယ်ဆီ တစ်လီတာကို ကျပ်ငွေ လေးထောင်ငါးရာ (၄,၅၀၀) အထိ ရှိနေကြောင်း ၎င်းအမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်တွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့တွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝိုင်းမော်မြို့နယ်တွင် အသက် ၂၇ နှစ်အရွယ် အရပ်သား ၁ ဦး သေဆုံးခဲ့ပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...