ကလော၊ အောင်ပန်းမှ စစ်မှုထမ်းစုဆောင်းခံရသူများ မြစ်ကြီးနား စစ်သင်တန်းပို့ခံရ

သျှမ်းပြည် ကလောမြို့နယ်မှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်းတက်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လ တတိယပတ်မှ စတင်ပြီး ကလောမြို့၊ အောင်ပန်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာအုပ်များမှ စစ်မှုထမ်းရန် လူသစ်စုဆောင်းခံထားရသူ လူငယ် (၃၀) ကျော်ကို စစ်ကောင်စီတပ်မှ မြစ်ကြီးနားသို့ ပို့ဆောင်ပြီး စစ်သင်တန်း တက်ရောက်ခိုင်းနေကြောင်း အောင်ပန်းဒေသခံများက ပြောသည်။

“အောင်ပန်းက စစ်မှုထမ်းဖို့ လူသစ်စုထားတာ အခု မြစ်ကြီးနားပို့လိုက်ပြီ။ ကလောမြို့ပေါ်နဲ့ကော ပေါင်းလိုက်ရင် အယောက် (၃၀) လောက် ရှိမှာ။ ဟိုမှာ ရောက်နေတဲ့လူတွေက ၁ လလောက် သင်တန်းပေးပြီးရင် ရှေ့တန်းပို့တော့မှာဆိုပြီး ပြောနေတာ။ အိမ်ကနေတောင် ဖုန်းဘေတွေ လှမ်းဖြည့်ခိုင်းနေတာ”ဟု အောင်ပန်းမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်သားစုဆောင်းခံရသူများကို စစ်ကောင်စီ မှ စစ်လေ့ကျင့်ပေးနေစဥ်

ကလောမြို့နယ်တွင် ယခုတစ်ကြိမ် စစ်မှုထမ်းရန် လူသစ်စုဆောင်းခံရသူများမှာ (၃) ကြိမ်မြောက်ဖြစ်ပြီး အသက် (၂၀) နှစ်မှ (၃၅) အကြား လူငယ်အများစုဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်မှုထမ်းစာရင်းတွင် ပါဝင်ပြီး ကိုယ်တိုင်မသွားလိုသူများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းပြီး တစ်ဦးလျှင် ကျပ်သိန်း (၆၀) ဖြင့် လူအစားထိုး စေလွှတ်ပြီး အခြားနေရာသို့ ‌ထွက်ပြေးတိမ်းရှောင်သွားရကြောင်း ဒေသခံများက ပြောသည်။

“စာရင်းထဲပါပြီး မသွားချင်တဲ့လူတော့ အုပ်ကြီးနဲ့ ညှိပြီး လူစားထိုးရှာပေါ့။ တစ်ယောက် တစ်ယောက်ကို သိန်း (၆၀) ပေးရတယ်။ လူရှာရတော့လည်း အိမ်မှာ အေးဆေးနေရမယ် မထင်နဲ့၊ တခြားနေရာ ရှောင်ရတာပဲ။ ရပ်ကွက်ထဲတောင် မျက်နှာမပြရဲကြတော့ဘူး”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

စစ်သားစုဆောင်းခံရသူများကို စစ်ကောင်စီ မှ စစ်လေ့ကျင့်ပေးနေစဥ်

လက်ရှိတွင် သျှမ်းပြည်တောင်ပိုင်းရှိ တောင်ကြီးနှင့် ရွှေညောင်မြို့များတွင် စစ်မှုထမ်းအတွက် ငွေကြေးအတင်းအကြပ် ကောက်ခံနေပြီး ဟိုပုံးမြို့နယ်တွင် အမျိုးသမီးများကို စစ်မှုထမ်းရန် စတင်ခေါ်ဆောင်တော့မည်ဟု ဒေသခံများထံမှ သိရသည်။

အလားတူ သြဂုတ်လ ၁၆ ရက်နေ့က ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့ဟု စစ်ကောင်စီက ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်ကောင်စီထုတ် သတင်းစာမှတစ်ဆင့် (သြဂုတ် ၂၅)ရက် ကပြောသည်။

အဓိကအားဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေအောက်တွင် အကျုံးမဝင်သည့် အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားများကို အဓိကပစ်မှတ်ထားခေါ်ယူမည်ဟု သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...