နိုင်ငံရေး ရှုပ်ထွေးမှုကြား အမျိုးသမီးများအပေါ်အကြမ်းဖက်မှု လျစ်လျူရှူခံရ

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနိုင်ငံလုံးအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ သက်ငယ်မုဒိမ်းမှုတွေ ပိုမိုများပြားလာပါတယ်။ ကျမတို့ရဲ့ ကချင်ပြည်နယ်မှာ စစ်တပ်က နိုင်ငံ့အာဏာကိုသိမ်းပြီးနောက်မှာတော့ လူမှုအဖွဲ့အစည်းတွေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက နည်းပါးလာပြီး အမျိုးသမီးအရေးကိစ္စကို ကူညီဆောင်ရွက်ပေး နေတဲ့သူကလည်း မရှိသလာက်ပါပဲ။”

သူမဟာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ နေထိုင်တဲ့ ရှမ်းနီတိုင်းရင်းသူတစ်ဦးဖြစ်ပြီး အမျိုးသမီး အခွင့်အရေး ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေသူ ယိင်းအေဟွမ် ဖြစ်ပါတယ်။

သူမဟာ စစ်အာဏာမသိမ်းခင်ကာလတုန်းက မုဒိမ်းမှုတွေ ဖြစ်ပွားလာလျှင် သူမ အဖွဲ့အစည်းကိုယ်စား ရှင်သန်ကျန်ရစ်သူ အမျိုးသမီးတွေကို ခရီးစရိတ်တွေ၊ ရှေ့နေငှားရမ်းစရိတ်တွေနဲ့ အခမဲ့ ဝန်ဆောင်မှု ပေးတဲ့ လူမှုအဖွဲ့အစည်း ရှေ့နေတွေကို ချိတ်ဆက်ပေးတာတွေ၊ ဆွေးနွေးနှစ်သိမ့်အားပေးတာတွေ လုပ်ပေးခဲ့ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်း ကျမတို့ရဲ့ စိန်ခေါ်မှုတွေက အသက်အန္တရာယ်နဲ့ အချုပ်အနှောင်ပေါ့။ အဓိက စိန်ခေါ်မှုက အဲ့ဒါတွေေပါ။ နာမည်မထွက်ရဲကြတော့ဘူး။ လူမှုရေးအဖွဲ့အစည်းတွေကလည်း တော်တော်လေးကို သတိဝီရိယ နဲ့ သွားလာနေရတဲ့အပိုင်းရှိတယ်။ ခုက မထင်ရင်မထင်သလို နာမည်ပေါက်ရင် ပေါက်သလို ဆွဲစိတာတွေရှိတယ်။ နာမည်ဖျောက်လူဖျောက် သွားလာရတာတွေရှိတယ်။”

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီး အိမ်တွင်းအကြမ်းဖက်မှု (၇၅) ရာခိုင်နှုန်းခန့် ပိုမိုများပြားလာကာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဟာ ထက်ဝက်ခန့်ရှိပြီး သက်ငယ်မုဒိမ်းမှု ကလည်း ဆိုးဆိုးရွားရွားပါပဲ။”
“လိင်အကြမ်းဖက်မှု လို့ဆိုလိုက်တာနဲ့ သက်ငယ်မုဒိမ်းမှုများပြားပြီး တရားခံတွေကို အာဏာပိုင်တွေက လာဘ်ပေးလာဘ်ယူမှု နဲ့ အမှုကို ကျေအေးပေးတာလည်း အများအပြားရှိလာတယ်။”

“ယခုနောက်ပိုင်းမှာတော့ ဆွေးနွေးနှစ်သိမ့်အားပေးမှု၊ အကြံပေးမှုတွေ ပေးတာကလွဲပြီး ဘာမှ လှုပ်ရှားလို့ မရတော့သလို၊ တရားစီရင်ရေး မဏ္ဍိုင်မှာလည်း လာဘ်ပေးလာဘ်ယူမှုတွေရှိနေပြီး တရားခံတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ပေးထားတဲ့ ပုံစံဖြစ်နေပါတယ်။”

လက်ရှိ ကျွန်မတို့ နယ်မြေမှာ ဆိုရင် “တရားမျှတမှု လုံးဝမရှိဘူး။ အရင်အစိုးရမှာကျတော့ ကျမတို့ လူမှုအဖွဲ့အစည်းတွေ ဝိုင်းဝန်းကူညီတာပဲဖြစ်ဖြစ် ဌာနဆိုင်ရာတွေမှာ တရားရေးမဏ္ဍိုင်တွေမှာ မှန်မှန်ကန်ကန် သွားတယ်။ အခုနောက်ပိုင်းမှာ တရားမျှတရေးမရှိတော့ဘူး။ တရားရေး မဏ္ဍိုင်လည်း လုံးဝပျက်စီးသွားတယ်။ လာဘ်ပေးလာဘ်ယူမှုတွေ အရမ်းကိုမြင့်တက်လာပြီး လာဘ်ပေးလာဘ်ယူမှုတွေနဲ့ပဲ လွတ်ငြိမ်းခွင့် ပေးသွားတာရှိတယ်။”

“စစ်အာဏာရှင်ကို တော်လှန်တဲ့ CDM အမျိုးသမီးဝန်ထမ်းတွေထဲက တချို့လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေရှိခဲ့တယ်။ CDM လုပ်တဲ့ အမျိုးသမီးတွေ တောထဲမှာနေတဲ့ PDF အမျိုးသမီးတွေ အဲ့လို Case တွေကြုံရတာတွေလည်းကြားရတယ်။ လှမ်းပြီးတော့ အကူအညီတောင်းတာရှိတယ်။ ဒါ‌ပေမယ့် ကျမတို့ လိုက်လုပ်မပေးနိုင်ဘူး။ ဝေးလံခေါင်ဖျားဒေသတွေမှာဖြစ်တယ်။ နောက်ပြီးတော့ CDM နဲ့ ပတ်သက်တာတွေက ကျမတို့ ဝီရိယထားရတယ်။ ပြောရမယ်ဆိုလို့ရှိရင် ကျမတို့အတွက် ပိုအန္တရာယ်များတယ်။”

“ကျမတို့ အမျိုးသမီးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေ မပြဌာန်းနိုင်သေးတော့ ကျုးလွန်ခံရပြီဆိုရင် ဥပဒေ ပိုင်းကလည်း ကာကွယ်မှုမရှိတဲ့အပြင် ဥပဒေပိုင်းကနေ လာဘ်ပေးလာဘ်ယူလုပ်ပြီးတော့ လွတ်ငြိမ်းခွင့် ပေးတာမျိုးတွေဟာ ကျမတို့ အမျိုးသမီးအတွက် အများကြီး ထိခိုက်နစ်နာစေပါတယ်။”

“ဒါကြောင့် တရားမျှတမှုရရှိဖို့အတွက် ကျုးလွန်ခံရတဲ့ အမျိုးသမီးအနေနဲ့လည်း တရားရေး မဏ္ဍိုင်မှာ ရဲဝံ့စွာ ရင်ဆိုင်ရန် လိုအပ်သလို တရားရေးမှာလည်း လာဘ်ပေးလာဘ်ယူမှုကင်းပြီး ဖြောင့်မတ် မှန်ကန်စွာနဲ့ လုပ်ဆောင်သွားမယ်ဆိုရင် တရားမျှတမှုရနိုင်လိမ့်မယ်လို့ ကျမ မျှော်လင့်ပါတယ်။”

ရှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးအသင်း(SWAN) မှ စီစဥ်တင်ဆက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အာဏာသိမ်းလက်အောက်က ကျောင်းများ နည်းမျိုးစုံဖြင့် ငွေကြေးကောက်ခံနေ

0
စစ်အာဏာသိမ်း အစိုးရ၏ လက်အောက်တွင် ဖွင့်လှစ်ထားသည့် သျှမ်းပြည် တောင်ကြီးမြို့ရှိ ကျောင်းများတွင် ကျောင်းသားများထံ နည်းမျိုးစုံ ခေါင်းစဉ်တပ်ပြီး ငွေကြေးကောက်ခံမှုများရှိနေကြောင်း သတင်းရရှိသည်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းတွင် ကုန်စျေးနှုန်းများ တရိပ်ရိပ်တက်လာပြီး အလုပ်လက်မဲ့များလာခြင်း၊ ဝင်ငွေနှင့်ထွက်ငွေ မကိုက်မှုများဖြစ်လာသည့်ကြား ကလေးငယ်များ၏ ပညာရေး စရိတ်လည်း ကြီးလာပြီး ကျောင်းတွင် လစဉ်ပေးဆောင်နေရသည့်...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် အာဏာသိမ်းသမ္မတ တိုက်တွန်း၊ ရက် (၁၀၀) အတွင်း တိုင်းရင်းသားအဖွဲ့ ၁၃ ဖွဲ့နှင့် တွေ့ဆုံခဲ့ဟုဆို

0
နိုင်ငံရေးသဘောထားကွဲလွဲမှုများကို လက်နက်ကိုင်နည်းလမ်းဖြင့် မဖြေရှင်းဘဲ နိုင်ငံရေးလမ်းကြောင်းမှတစ်ဆင့် ငြိမ်းချမ်းစွာ အဖြေရှာကြရန် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ဇူလိုင်လ ၃၁ ရက်နေ့တွင် ပြုလုပ်သည့် အစိုးရရက်ပေါင်း (၁၀၀) ပြည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားလိုက်သည်။ နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် သမ္မတက ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားကြောင်းနှင့် အစိုးရသစ်၏...