သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ရင်းမှ ယမန်နေ့ တွင် မိုးဗြဲ PDF တပ်ရင်း (၂) ကို ထပ်မံ ဖွဲ့စည်းလိုက်ကြောင်း မိုးဗြဲ PDF ထံမှ သတင်းရရှိသည်။
အဆိုပါ မိုးဗြဲ PDF တပ်ဖွဲ့သည် အင်အားများလာသောကြောင့် ယမန်နေ့ ဇွန် (၇) ရက်နေ့က တပ်ရင်း (၂) ကို ဖွဲ့စည်း ပြီးကြောင်း ထုတ်ပြန်ထားသည်။

“ ကျနော်တို့ တပ်ဖွဲ့ အင်အားက အရမ်းများလာတယ်လေ။ အဲ့ကြောင့် ကျနော်တို့ က တပ်ရင်း (၂) အဖွဲ့ခွဲထွက်ပြီး တပ်ဖွဲ့ အသစ်ကို တိုးချဲ့ဖွဲ့စည်းလိုက်တာပါ။ လှုပ်ရှားတဲ့ ဒေသကတော့ မိုးဗြဲအတူတူပါပဲ” ဟု တပ်ရင်း (၂) အဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၂) သည် တော်လှန်ရေး အင်အားစုများ နှင့် အတူ စစ်အာဏာရှင်အမြစ်ဖြုတ် ချေမှုန်းနိုင်သည့်အထိ တွန်းလှန်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု တစ်ရပ်လုံး နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။












Leave a Comments