မတူကွဲပြားမှုကို ၂၁ ပင်လုံ လက်တွေ့ လက်မခံသေး

ယမန်နေ့ ကျင်းပသည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် မှ အဖွင့်အမှာစကားကို မြန်မာဘာသာဖြင့် ပြောဆိုခဲ့သည့် အပေါ်လူမှုကွန်ရက်စာမျက်နှာတွင် ဝေဖန်မှု များစွာရှိခဲ့သည်။

သြဂုတ်လ ၁၇ ရက်က နေပြည်တော်တွင် ပြုလုပ်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC ၌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင့်ဆွေက RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ၂၁ ပင်လုံ အစည်းအဝေး အဖွင့် မိန့်ခွန်းပြောသည့် အခါ သျှမ်းဘာသာစကားဖြင့် မပြောရန် ပြောဆိုခဲ့သည်ဟုနေပြည်တော်သို့ရောက်ရှိသည့် RCSS အသိုင်းအဝိုင်းနှင့်နီးစပ်သူများကပြောသည်။

ထို့ကြောင့် ယနေ့ပြုလုပ်သည့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ် အဖွင့်မိန့်ခွန်းကို ဗိုလ်ချုပ်ကြီး ယွက်စစ် က မြန်မာဘာသာဖြင့်ပြောဆိုခဲ့ရခြင်း ဖြစ်သည်ဟုဆိုပါသည်။

၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံသည် တနိုင်ငံလုံးအတိုင်းအတာဖြစ်သည့် အတွက် ပြည်သူ များအားလုံး နားလည်နိုင်ရန် “ ဗမာ” ဘာသာစကားဖြင့် ပြောရန် အကြောင်းပြချက်ပေးလာကြောင်း၊ သျှမ်းဘာသာဖြင့် မပြောရန် တားမြစ်သည့် သဘောမျိုးဖြစ် ကြောင်း RCSS/SSA ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ အဖွဲ့ဝင် စိုင်းလျန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by NRPC/Facebook https://www.facebook.com/nrpc.myanmar/photos/pcb.759088154907195/759087811573896

လူမျိုးဘာသာစကားကွဲပြားမှုရှိသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေး နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရှိသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် ကျင်းပသည့် ညီလာခံ တွင် ပြည်ထောင်စု အတွင်းနေထိုင်သည့် လူမျိုးလည်းဖြစ် သျှမ်းဘာသာ စကားပြောခွင့်မရခြင်းသည် စဉ်းစားစရာဖြစ်လာကြောင်း စိုင်းလျန်းက ပြောသည်။

“ သျှမ်းဘာသာနဲ့ ပြောခွင့်မရဘူးဆိုတော့ တန်းတူရေးဆိုတာ ဘာကို တကယ်ဆိုလိုတာလဲ။ မတူကွဲပြားမှုကို အခြေခံပြီး အတူယှဉ်တွဲနေထိုင်နိုင်ဖို့ တည်ဆောက်ကြတဲ့ ဖက်ဒရယ် စနစ်ကို တည်ထောင်ကြမယ်လို့ NCA မှာသဘောတူထားကြပေမယ် ဒီမတူကွဲပြားမှုတွေကို တကယ်ရော လက်ခံကြရဲ့လား လို့ စဉ်းစားစရာ ဖြစ်စေတယ်” ဟု စိုင်းလျန်း က ဆိုသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ်ကို မြန်မာဘာသာစကားဖြင့် အဖွင့်မိန့်ခွန်းပြောဆိုစေမှုသည် လူ့အခွင့်အရေး တိုင်းရင်းသားအခွင့်အရေးကို တမင်ချိုးဖောက်ခြင်းဖြစ်ကြောင်း လည်း လူမှုကွန်ရက်တွင်ရေးသားဖော်ပြထားကြသည်ကို တွေ့မြင်ရသည်။

ဖက်ဒရယ် စနစ်ကို ဖော်ဆောင်နေချိန်တွင် လူမျိုးဘာသာစကားကွဲပြားမှု၊ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ ယဉ်ကျေးမှုကို လက်ခံနိုင်ရမည် ဖြစ်ကြောင်းလည်း ယခုကဲ့သို့ ပြုလုပ်ခြင်းသည် လူမျိုးကြီးဝါဒကို ကျင့်သုံးလိုက်ခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူများ ပြောဆိုလိုက်သည်။

“ တကယ်လို့ဖက်ဒရယ်လို့ပြောနေပြီးတော့ တဖက်မှာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင် လက္ခဏာကို အသိအမှတ်မပြုနိုင်ဘူး ဆိုရင် ဖက်ဒရယ်သွားမယ့်လမ်းပိုဝေးသွားမယ်ထင်တယ်။ အခုပုံစံက လူမျိုးကြီးဝါဒ ဆန်တယ်လို့ ပြောလို့ရတယ်” ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က ပြောသည်။

Photo by NCA-S-EAO /Facebook https://www.facebook.com/ncasignatoryeaoofficial/photos/pcb.894133897778147/894127214445482/

တတိုင်းပြည်လုံး နားထောင်သည့် မိန့်ခွန်းဖြစ်နေပါက ကျွမ်းကျင်သည့် ဘာသာစကားပြောသင့်ပြီး၊ မိန့်ခွန်းပြောနေစဉ် စာတမ်းထိုး လျှင် အဆင်ပြေနိုင်ကြောင်း လည်း ဦးမောင်မောင်စိုး က ဆိုသည်။

“ ကျနော်တို့က ဖက်ဒရယ်ဆိုတာ ကို ပါးစပ်ကပြောတယ်။ လက်တွေ့မှာ ပိတ်ပင်တားဆီးမှုတွေလုပ်နေတယ်ဆိုရင်တော့ ဖက်ဒရယ်ရောက်ဖို့ ဝေးသွားမှာပါ။ ဒါက မသင့်တော်ဘူး ။ နောင် ဆင်ခြင်ရမယ့် အရေးဆိုတာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ခေါင်းဆောင်တွေ အစိုးရ လူကြီးမင်းများသဘောပေါက်ဖို့လိုမယ်ထင်ပါတယ်” ဟု ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုလိုက်သည်။

ယမန်နေ့ ပြုလုပ်သည့် ၂၁ ပင်လုံငြိမ်းချမ်းရေး ညီလာခံတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ နိုင်ငံရေး ပါတီ အစုအဖွဲ့ ကိုယ်စား ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ၁ ဦးစိုင်းညွှန့်လွင် တို့ က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့သည်။

“ ဒီမိုကရေစီ နဲ့ဖက်ဒရယ် ကို အခြေခံ တဲ့ ပြည်ထောင်စု ” တည်ဆောက်ဖို့အခြေခံ လိုအပ်ချက်သည် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းရေး အတွက် တပ်မတော် က တက်ကြွစွာ ပါဝင်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့အဖွင့် အမှာစကားတွင် ပြောဆိုလိုက်သည်။

ယနေ့ အချိန်ထိ ငြိမ်းချမ်းရေး ဘာကြောင့် မရသေးသည်ကို လေ့လာဆန်းစစ်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

“ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့အခါ မှာ မရိုးသားမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို အခြားလုပ်ငန်းစဉ်တွေနဲ့ တွဲဆက်ထားလိုမှု၊ တိကျပြတ်သားတဲ့ အခြေခံမူအပေါ် ခိုင်မြဲစွာ ရပ်တည်နိုင်မှု အားနည်းခြင်းတို့ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကအဖွင့် မိန့်ခွန်းတွင် ပြောကြားလိုက်သည်။

မျိုးချစ်စိတ်ထက်စာရင် ပြည်ထောင်စု ကိုချစ်မြတ်နိုးသည့်နိုင်ငံချစ်စိတ်ကသာလျှင် အမျိုးသားရင်ကြားစေ့ရေး ကို ဦးစီးရှေ့ဆောင်နိုင်မှာ ဖြစ်ကြောင်း နိုင်ငံရေး ပါတီ အစုအဖွဲ့ ကိုယ်စား ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဌ ဦးစိုင်းညွှန့်လွင် အဖွင့်မိန့်ခွန်းတွင်ပြော ကြားသည်။

“ တစုတဖွဲ့ ထဲက နိုင်ငံတခုလုံးကို ကြီးစိုးချုပ်ကိုင် ခြယ်လှယ်သွားတာမျိုး ဆိုတာလဲ မဖြစ်သင့် မဖြစ်ထိုက် တဲ့ ကိစ္စပဲဖြစ်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်နေကြတဲ့ နိုင်ငံတနိုင်ငံမို့ပိုပြီး မဖြစ်သင့်ဘူးလို့ပြောချင်ပါတယ်” ဟု စိုင်းညွန့်လွင်က ထည့်သွင်းပြော ဆိုသည်။

NCA စာချုပ်ကို အကောင်အထည် ဖော်ရာတွင် အဆင်မပြေမှုများ၊ ခက်ခဲမှုများ၊ တစ်ဆို့မှုများ ရှိတတ်ကြောင်း၊ ရှိရင်လည်း NCA စာချုပ် ကို ပူးတွဲ ပိုင်ဆိုင်ထားသည့်အတွက် ပူးတွဲဖြေရှင်း ကျော်ဖြတ်ရမှာဖြစ်ကြောင်းလည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ကိုယ်စား RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် က အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကို သြဂုတ် ၁၉ ရက်မှ စတင်ကာ သြဂုတ် ၂၁ရက်နေ့ထိ ၃ရက်တိုင်တိုင် ကျင်းပသွားမည် ဖြစ်သည်။

ယခုကျင်းပသည့် ၂၁ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ စတုတ္ထအကြိမ်တွင် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ကို လက်မှတ်ရေးထိုးကြမည် ဟု သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် NCA အကောင်အထည် မဖော်နိုင်ခဲ့ဟု RCSS ပြော

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ရည်မှန်းထားသည့်အတိုင်း မဆောင်ရွက်နိုင်ခဲ့ခြင်းသည် နှစ်ဦးနှစ်ဖက်အကြား ယုံကြည်မှုမတည်ဆောက်နိုင်ခြင်းကြောင့် RCSS က ပြောဆိုလိုက်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့က ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား လက်မှတ်ရေးထိုးခဲ့သည့်...