“သျှမ်းလူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားဖို့ အရေးကြီးတယ် “

သျှမ်းဝတ်စုံကိုယ်စီ နဲ့ လူငယ်တွေဟာ မြေနီလမ်းအတိုင်း တက်ကြွတဲ့ ခြေလှမ်းတွေ နဲ့ လမ်းလျှောက်လာကြပါတယ်။

လူငယ်များနေ့မှာ တက်ရောက်လာတဲ့ ပြည်သူများ

သူတို့ဟာ ညောင်ပင်ကြီးအောက်မှာ ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုကို ဦးတည်ပြီး လာနေကြတဲ့ လူငယ်တွေဖြစ်ပါတယ်။

အဲ့ဒီနေရာကတော့ သျှမ်းပြည် လားရှိုးခရိုင် သီပေါမြို့နယ် မိန်းခေးကျေးရွာအုပ်စု ဓမ္မသုခကျောင်းကွင်းပြင်မှာ ပြုလုပ်တဲ့ သျှမ်းလူငယ်များနေ့ အခမ်းအနားဖြစ်ပြီး တက်ရောက်လာတဲ့သူတွေဟာ ၅၄၀ ကျော်ရှိပါတယ်။

အဲ့ဒီ သျှမ်းလူငယ်များနေ့ ပွဲဟာ ၄ ကြိမ်မြောက် ပြုလုပ်တဲ့ပွဲဖြစ်ပြီး၊ စာပေဟောပြောပွဲ နဲ့ အားကစားပွဲတွေကိုပါ ထည့်သွင်းထားပါတယ်။

သျှမ်းလူငယ်များနေ့ လူငယ်များ တက်ရောက်လာသည့် မြင်ကွင်း

“ ဒီ သျှမ်းလူငယ်များနေ့အတွက် ကျနော်တို့ အစီစဉ်ကတော့ စာပေဟောပြောပွဲပါတယ်။ ပြီးတော့ နေ့လည်ဆိုရင်လည်း အားကစားပေါ့။ ညအချိန်ကျတော့ ဖျော်ဖြေပွဲတွေရှိတယ်”လို့ ပွဲစီစဉ်သူ စိုင်းထွန်းအောင်က ပြောပါတယ်။

စာပေဟောပြောပွဲမှာလည်း သျှမ်းစာရေးဆရာ ဟိဏ်းကာယန်း၊ သဘာဝပတ်ဝန်းကျင် ပညာရှင် စိုင်းခေးဆိုင် ၊ အမျိုးသမီးအရေးဆောင်ရွက်သူ နန်းခမ်းယုံ နဲ့ စာရေးကော်မိန်း တို့က လူငယ်တွေအတွက် စာပေဟောပြောခဲ့ပါတယ်။

ဟောပြောတဲ့ ပညာရှင်များ

အဲ့ဒီ ဟောပြောပွဲထဲတွင် သျှမ်းစာရေးဆရာ ဟိဏ်းကာယန်းက “ လူငယ်တွေက လူကြီးတွေရဲ့ မျှော်လင့်ချက် ဖြစ်တယ်။ ကလေးတွေအတွက်က အတုယူစရာ ဖြစ်တယ်။ တကယ်လို့ လူငယ်တွေက အတွေးခေါ်တွေ မှားသွားပြီဆိုရင် လူကြီးတွေ အတွက်လည်း မျှော်လင့်စရာမရှိဘူး။ ပြီးတော့ ကလေးတွေအတွက်လည်း အတုယူစရာမကောင်းဘူးလေ” လို့ ဟောပြောပွဲမှာ ပြောဆိုခဲ့ပါတယ်။

စာပေဟောပြောပွဲတွင် ဟိဏ်းကာယန်းက လူငယ် နှင့် ရည်ရွယ်ချက်၊ ပညာရေးအကြောင်း ၊ စိုင်းခေးဆိုင် က သဘာဝအကြောင်း နှင့် အနုပညာရေးပိုင်း၊ နန်းခမ်းယုံက ဘဝအတွေ့အကြုံ နှင့် အမျိုးသမီးလူငယ်တွေအတွက် ခွန်အား ၊ စာရေးကော်မိန်းက စာပေရေးရာ နှင့် စည်းလုံးခြင်း စတဲ့ ခေါင်းစဉ်အသီးသီးကို ဟောပြောခဲ့ပါတယ်။

သျှမ်းလူငယ်များနေ့ လူငယ်များ တက်ရောက်လာသည့် မြင်ကွင်း

စာပေပညာရှင် ၊ သျှမ်းပြည်အလံတင် အမျိုးသားသီချင်း “ခေးတိုင်းခေးရာဇာ” ရေးသားသူ ဒေါက်တာဘဉာဏ် အား ဂုဏ်ပြုတဲ့အနေနဲ့ သူ့မွေးနေ့ ဖြစ်တဲ့ မတ်လ ၁ ရက်ကို သျှမ်းလူငယ်များနေ့ Tai Youth Day အဖြစ်သတ်မှတ်ရန် ၂၀၁၇ ခုနှစ်က ပဲခူးတိုင်း တောကျွဲအင်းမြို့တွင်ကျင်းပသော Tai Youth Conference ညီလာခံကြီးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေ အများအပြား ဖမ်းဆီးခံခဲ့ရပြီး နယ်မြေခြားသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အတွက်ကြောင့် ယခင်ကလို လူငယ်တွေ များပြားမှု မရှိတော့ကြောင်း စိုင်းထွန်းအာင်က အခုလိုပြောပါတယ်။

“ ကျနော်တို့ ဦးဆောင်တဲ့သူတွေ ပြန်လာတွေ့ဆုံဖို့ကလည်း ခက်ခဲမှုရှိတယ်။ ကိုဗစ် နဲ့ နိုင်ငံရေးကြောင့်လည်း ပါတာပေါ့ ။ အာဏာသိမ်းတာကြောင့် ကျနော်တို့ လူငယ်တွေ ဆန္ဒပြလို့ ဖမ်းခံရတာလည်းရှိတယ်။ တစ်ချို့ကလည်း ထွက်ပြေး တိမ်းရှောင် နေရတာရှိတယ်” လို့ စိုင်းထွန်းအောင်က အခုနှစ်အတွက် ပြုလုပ်ရတဲ့ ပွဲအခက်အခဲကြောင်းကို ပြောပြတာဖြစ်ပါတယ်။

သျှမ်းလူငယ်များနေ့ လူငယ်များ တက်ရောက်လာသည့် မြင်ကွင်း

လက်ရှိ နိုင်ငံရေးအခြေနေကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်နေရပြီး ပညာရေးပိုင်း ကောင်းမွန်စွာ ဆက်လက်သင်ကြားခွင့်မဲ့နေပါတယ်။

ထွက်ပြေးတိမ်းရှောင်နေရတဲ့ လူငယ်တွေ နဲ့ ပညာသင်ကြားခွင့်မဲ့နေတဲ့ လူငယ်တွေ အတွက် နန်းခမ်းယုံက ဇွဲမလျော့ဘဲ လုပ်သွားပါက အောင်မြင်သွားနိုင်ကြောင်း ဟောပြောသွားခဲ့ပါတယ်။

“ ကျမတောင် ၉ တန်းနဲ့ကျောင်းပြီးပြီး လူ့အသိုင်းဝိုင်းထဲမှာ အကူညီပြုနိုင်ခဲ့တယ်။ ကျမ ဘဝတိုးတက်ဖို့ လုပ်နိုင်ခဲ့တယ် ဆိုရင် ဒီနားမှာ ထိုင်နေတဲ့ လူငယ်တွေကလည်း ပညာရေးပိုင်း မကောင်းခဲ့လို့ အားငယ်မနေဘဲ လူ့အသိုင်းဝိုင်းထဲ အလုပ်လုပ်ချင်တယ်ဆိုရင် ဖြစ်နိုင်တယ်လို့ ကျမကတော့ လူငယ်တွေကို အားပေးချင်ပါတယ်” လို့ နန်းခမ်းယုံက ဟောပြောထားပါတယ်။

သျှမ်းလူငယ်များနေ့ လူငယ်များ တက်ရောက်လာသည့် မြင်ကွင်း

လူငယ်တွေဟာာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာပြီး ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ တာဝန်ထမ်းဆောင်ရမယ့် သူတွေဖြစ်တာကြောင့် လူငယ်တွေအနေနဲ့ ကိုယ့်လူမျိုးရေး၊ ကိုယ့်နိုင်ငံရေး အကြောင်းကို စိတ်ဝင်စားပြီး ပါဝင်ပူးပေါင်းဆောင်ရွက်သင့်ကြောင်းကို ပွဲစီစဉ်သူ ယိင်းကွမ်လျန်က ပြောပါတယ်။

“ အခုခေတ်လူငယ်က နောင်တစ်ချိန်မှာ လူကြီးဖြစ်မဲ့သူတွေပေါ့။ အခုခေတ်လူငယ်တွေက ကိုယ့်လူမျိုးတွေကို စိတ်မဝင်စားဘူးဆိုရင် ဘယ်သူက လာလုပ်မလဲပေါ့။ လူငယ်တွေကိုမှာချင်တာတော့ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲ။ ပြီးတော့ ကိုယ့်တိုင်းပြည်အတွက် ကိုယ့်သမိုင်းကို ဘယ်လိုရေးကြမလဲပေါ့နော်” ဟု ယိင်းကွမ်လျန်က ပြောပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...