Tuesday, January 27, 2026

သျှမ်းလူငယ်များနေ့အထိမ်းအမှတ်ကျင်းပရန် လားရှိုးသျှမ်းလူငယ်များတွေ့ဆုံဆွေးနွေး

လားရှိုးမြို့နယ်အတွင်း သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ကျင်းပရန်အတွက် လားရှိုး သျှမ်းလူငယ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ယနေ့မွန်းလွဲပိုင်းက လားရှိုးမြို့သျှမ်းစာပေနှင့်ယဉ်ကျေးမှုရုံး တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

Photo TYN – သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ကျင်းပရန်အတွက် ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၀ လားရှိုးတွင်ကျင်းပသော သျှမ်းလူငယ်အဖွဲ့အစည်း အစည်းအဝေး

ဖေဖေါ်ဝါရီလ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ခွဲအချိန်မှစ၍ လားရှိုးမြို့နယ်အတွင်းရှိ သျှမ်းလူငယ်ဖွဲ့ ၁၅ ဖွဲ့မှ ကိုယ်စားလှယ် လူငယ် ၅၁ ယောက် တက်ရောက်သည့် အစည်းအဝေး တွင် လူငယ်များချစ်ခင်ရင်းနှီးမှု ရှိစေရန်၊ ချိတ်ဆက်အား ကောင်းစေရန် အတွက် မတ်ချ်လ ၁ ရက်နေ့တွင်ကျရောက်မည့် သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ကျင်းပရန် ဆုံးဖြတ်ခြင်းဖြစ်သည်။

သျှမ်းလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားဖြစ်မြောက်ရေး အတွက် ပြောရေးဆိုခွင့်ရှိသူ နန်းငင်းဟွမ် က – “ Tai Youth Day ကို ကျမတို့ လားရှိုးသျှမ်းလူငယ်တွေနဲ့ TYN ပူးပေါင်းပြီးတော့ လားရှိူးမြို့မှာ ကျင်းပမှာ။ Talk Show အစီအစဉ်လေး နဲ့ အမေး အဖြေ အစီအစဉ်လေးရှိမယ်။ မြို့ထဲရှိလူကြီး၊ လူငယ်တွေပါမယ်။ တစ်ခြားမြို့တွေမှာလည်း Tai Youth Day ကျင်းပဖို့ သျှမ်းလူငယ်တွေကို တိုက်တွန်းချင်ပါတယ်။ ” -ပြောသည်။

Photo TYN – သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ကျင်းပရန်အတွက် ဖေဖေါ်ဝါရီ ၂၆ ရက် ၂၀၂၀ လားရှိုးတွင်ကျင်းပသော သျှမ်းလူငယ်အဖွဲ့အစည်း အစည်းအဝေး

လွတ်လပ်ရေးကြိုးပမ်းစဉ်က သျှမ်းလူငယ်အရေး ဦးဆောင်သူ၊ သျှမ်းလူငယ်ကျန်းမာရေးအဖွဲ့ ထူထောင်သူ၊ သျှမ်းအမျိုးသားအလံတော်သီချင်းရေးစပ်သီကုံးသူ သီပေါနယ်ရှင်စော်ဘွားကြီး၏ ပညာရေး၊ ကျန်းမာေ ရးဝန်ကြီး ဒေါက်တာခွန်ဘဉာဏ်အား ဂုဏ်ပြုမှတ်တမ်း တင်ရန်အတွက် ၄င်း၏မွေးနေ့ဖြစ်သော မတ်လ ၁ ရက်နေ့ကို အစွဲပြု၍ သျှမ်းလူငယ်များနေ့ Tai Youth Day အဖြစ် နိုင်ငံလုံးဆိုင်ရာ သျှမ်းလူငယ်ပူပေါင်းဆောင်ရွက်ရေးအသင်း TYN မှ သတ်မှတ်ကာ ၂၀၁၉ ခုနှစ်က စယ်လန့်တွင် ပထမ ဆုံးအကြိမ်ကျင်းပခဲ့သည်။

(ယိင်းယိင်း ရေးသားပေးပို့သည်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သျှမ်းလူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားဖို့ အရေးကြီးတယ် “

0
သျှမ်းဝတ်စုံကိုယ်စီ နဲ့ လူငယ်တွေဟာ မြေနီလမ်းအတိုင်း တက်ကြွတဲ့ ခြေလှမ်းတွေ နဲ့ လမ်းလျှောက်လာကြပါတယ်။ သူတို့ဟာ ညောင်ပင်ကြီးအောက်မှာ ပြုလုပ်တဲ့ ဟောပြောပွဲတစ်ခုကို ဦးတည်ပြီး လာနေကြတဲ့ လူငယ်တွေဖြစ်ပါတယ်။ အဲ့ဒီနေရာကတော့ သျှမ်းပြည် လားရှိုးခရိုင် သီပေါမြို့နယ် မိန်းခေးကျေးရွာအုပ်စု ဓမ္မသုခကျောင်းကွင်းပြင်မှာ ပြုလုပ်တဲ့ သျှမ်းလူငယ်များနေ့ အခမ်းအနားဖြစ်ပြီး တက်ရောက်လာတဲ့သူတွေဟာ ၅၄၀...

သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်

2
မတ်လ ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network မှဦးဆောင်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်အုပ်စုတွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းလူငယ်များ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုပြသရန်ဖြစ်ကြောင်း၊ ရှေ့ဆက်တွင်လည်း...

နှစ် ၃၀ ခရီးနဲ့ အနာဂတ် SNLD ကျားခေါင်းပါတီ မျှော်မှန်းချက်

0
၂၀၁၈ အောက်တိုဘာလ ၂၆ ရက်နေ့ဟာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီ တည်ထောင်ခြင်း နှစ် ၃၀ ပြည့်တာကြောင့် အဲဒီအတွက်အထိမ်း အမှတ်အဖြစ် တောင်ကြီးမြို့ သျှမ်းစာပေ ယဉ်ကျေးမှုအသင်းရုံးမှာ ကြီးကျယ်ခန်းနားစွာ ကျင်းပမှာဖြစ်ပါတယ်။ နှစ် ၃၀ ဖြတ်သန်းလာတဲ့ SNLD ရဲ့ဘဝ နဲ့...