Wednesday, January 28, 2026

မူစယ်မြို့နယ် မန့်ဟျိုးဂိတ်တဖက်ခြမ်းတွင် တရုတ်ဘက်မှ လမ်းဖြတ်တောက်၊ နယ်စပ်ဒေသခံများ ဝင်ထွက်သွားလာခက်ခဲ

သျှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူးကာ ဖြတ်တောက်လိုက်သဖြင့် နယ်စပ်နေ ၂ နိုင်ငံဒေသခံများ သွားလာမှု အခက်အခဲဖြစ်နေကြောင်း သိရသည်။

Photo by Man Heo youth/ တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူး

အောက်တိုဘာလ ၂ ရက်နေ့တွင် မူစယ်မြို့နယ် မန်ဟီးရိုး(မန့်ဟျိုး)မြို့နှင့်ကပ်လျက် နယ်ခြားမျဉ်းတဖက်ကမ်း တရုတ်နိုင်ငံ အိမ်ဇိမ်ရွာဘက်ခြမ်းတွင် တစ်နေရာ၊ မူစယ်မြို့နယ် ဝမ့်ကောက်ကွတ်နှင့်မျက်နှာချင်းဆိုင် တရုတ်ဘက်ခြမ်း ကောင်းဆောင်ရွာတွင် တစ်နေရာ တရုတ်ဘက်မှ လမ်းမကြီးအား မြေတူးကာ လမ်းဖြတ်တောက်ခြင်းဖြစ်ကြောင်း သိရသည်။

Photo by Man Heo youth/ တရုတ်-မြန်မာနယ်စပ် မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်း တရုတ် ဘက်ခြမ်းတွင် နယ်စပ်လမ်းအား မြေတူး

မန့်ဟျိုးမှာက တံခါးပေါက်ရှိတယ်။ နှစ်နိုင်ငံအစိုးရ သဘောတူထားတဲ့ တရားဝင်ပေါက်တော့ မဟုတ်ဘူး။ ဒါပေမဲ့ နယ်စပ်နှစ်ဖက်ခြမ်းဒေသခံတွေ ကူးသန်းသွားလာဖို့ မနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ သွားလာခွင့်ပေးထားတယ်။ ဒေသခံတွေအတွက် ပဲပြောင်းသီးနှံတွေ ဟင်းသီးဟင်းရွက်တွေ သွားရောင်းနိုင်တယ်လေ။ လမ်းကို ကန့်လန့်ဖြတ် မြေတူးလုိက်တော့ သွားလို့မရတော့ဘူး။ ကောက်ကွတ်မှာတော့ ဘေးကနေသွားလို့ ရသေးတယ်။ အခုလို တရုတ်ဖက်ခြမ်း က လမ်းပိတ်လိုက်တော့ တကယ့် ရိုးရိုးသားသား ဝမ်းရေးအတွက် သွားလာလှုပ်ရှားတဲ့ဒေသခံတွေအတွက် အခက်တွေ့တာပေါ့။ တကယ့် သစ်မှောင်ခိုကြီးတွေ ဝင်ထွက်တဲ့လမ်းတွေကိုုတော့ မပိတ်ဘဲနဲ့ “- ဟု မူစယ်ဒေသခံလူငယ် စိုင်းအိုက်ယီ့ က ပြောသည်။

တရုတ်ဘက်ခြမ်း ကောက်ကွတ်ရွာနေ ဒေသခံ သျှမ်းအမျိုးသား စိုင်းဆာမ် က မြန်မာဘက်ခြမ်း မသွားရန် နိုင်ငံရေးပါတီတစ်ခုက ၎င်းတို့ရွာသားအား လာရောက်တားမြစ်ထားကြောင်း လမ်းတူးဖော်နေသည်မှာမူ နယ်ခြားစောင့်တပ်မှ တာဝန်ယူကြောင်း ပြောသည်။

တစ်လအတွင်း ဟိုဘက်ခြမ်းမကူးရဘူးတဲ့။ ကူးရင်တခုခုဖြစ်ရင် သူတို့ တာဝန်မယူဘူးလို့ပြောတယ်။ ဟိုဘက်မှာက တိုက်ပွဲခနခနဖြစ်နေတယ်တဲ့။ အဲ့ကြောင့် အရောင်းအဝယ်ဘဲဖြစ်ဖြစ် အမျိုးဆီဘဲဖြစ်ဖြစ် သွား မယ်ဆိုရင်ခက်တာပေါ့။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

တရုတ်-မြန်မာနယ်စပ် တရားဝင်နယ်စပ်ဂိတ်အဖြစ် မူစယ်မြို့တွင် နန်းတော်ဂိတ်၊ မန့်ဝိန်းဂိတ်နှင့် ဆင်ဖြူဂိတ်တို့သာရှိပြီး ကျန်ဂိတ်အသေးများမှာ တရားဝင်ဂိတ်မဟုတ်ဟု ဆိုသော်လည်း နိုင်ငံကူးစာအုပ်စာရွက်များ ပြုလုပ်ပေးပြီး အချိန်ပိုင်းဖြင့် အဖွင့်အပိတ်ပြုလုပ်ပေးကြောင်း မူစယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံအချို့ ဖြတ်သန်းနိုင်ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက်...

၂၀၁၉ အတွက် မူစယ်မြို့နယ် ကျားခေါင်းပါတီဥက္ကဌရွေးချယ်

0
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်တွင် ရှမ်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD က ၂၀၁၉ ခုနှစ်အတွက် မြို့နယ်ဥက္ကဌသစ်ရွေးချယ်တင်မြှောက်ရာ ယမန်နှစ်က တာဝန်ထမ်းဆောင်ခဲ့သော မြို့နယ်ဥက္ကဌဟောင်း စိုင်းလှဖေ(ခေါ်)လုံးဆေယွမ်အား ထပ်မံရွေးချယ်တင်မြှောက်က တာဝန်ပေးအပ်လိုက်ကြောင်းသိရသည်။ မတ်လ ၂၄ ရက်နေ့မွန်းလွဲ ၁ နာရီခွဲမှ ညနေ ၄ နာရီအထိ မူစယ်မြို့နယ် SNLD ပါတီဝင်များက...

သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်

2
မတ်လ ၁ ရက်နေ့တွင်ကျရောက်သော သျှမ်းလူငယ်များနေ့ Tai Youth Day အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက် Tai Youth Network မှဦးဆောင်ကာ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲနှင့် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် စယ်လန့်အုပ်စုတွင် ကျင်းပမည်ဖြစ်ပြီး သျှမ်းလူငယ်များ စည်းလုံးညီညွတ်ရေးနှင့်ချစ်ကြည်ရင်းနှီးမှုကိုပြသရန်ဖြစ်ကြောင်း၊ ရှေ့ဆက်တွင်လည်း...

တရုတ်နယ်စပ် မူစယ်ကနေ ရွှေလီမြစ်တဖက်ကမ်းကိုအလုပ်သွားလုပ်တဲ့ ကွတ်ခိုင်ဒေသခံလူငယ် ၄ ဦးပျောက်ဆုံးနေ

0
သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့ကနေ တရုတ်ဘက်ခြမ်းကိုသွားရောက်အလုပ်လုပ်ကိုင်တဲ့ ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦး ပျောက်ဆုံးနေတာ တလနီးပါးရှိပြီဖြစ်ပေမယ့် ပြန်မတွေ့သေး လို့ဆွေမျိုးမိဘတွေကနေ စိုးရိမ်ပူပန်နေကြပါတယ်။ ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦးဟာ မူစယ်မြို့နယ် ရွှေလီမြစ် ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ် ကနေ ကူးပြီး တရုတ်ဘက်ခြမ်း ကိုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့လူငယ်တွေဖြစ်ကြပါတယ်။ “...

တိုက်ပွဲကြောင့် မူစယ် နမ့်ခမ်း ဒေသခံများ ခရီးသွားလာမှု စိုးရိမ် နေရ

0
သျှမ်းပြည်နယ် မြောက်ပိုင်း မူစယ်မြို့ နှင့် ရွှေလီမြစ်တဘက်ကမ်း စယ်လန့်ကြား ပြည်ထောင်စုလမ်းပေါ် တွင် ယမန်နေ့ နေ့လည်ပိုင်းက ပစ်ခတ်မှုများကြောင့် ဒေသခံများ ခရီးသွားလာမှု အတွက် လုံခြုံရေးအရစိုးရိမ် နေရ ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လယ်ယာလုပ်ငန်းခွင်မှ   တောင်သူများနေအိမ်ပြန်ချိန်  မူစယ်မြို့နယ်...