Tuesday, January 27, 2026

မူဆယ်မြို့နယ် မန့်ဟီးရိုးနယ်စပ်ဂိတ်ကို တရုတ်ဘက်မှ အစမ်းဖွင့်လှစ်

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ် မန့်ဟီးရိုးမြို့ရှိ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ပြီး ဒေသခံအချို့ ဖြတ်သန်းနိုင်ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းမှ စတင်ပြီး မူဆယ်မြို့နယ် မန်ဟီးရိုးမြို့ရှိ မြန်မာ-တရုတ် နှစ်ပြည်တစ်ရွာ နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်မှ စမ်းသပ်ဖွင့်လှစ်ပေးခဲ့ရာ ရွှေလီမြစ်တစ်ဘက်ကမ်း မန်ဟီးရိုးမြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းရှိသူများ ဖြတ်သန်းသွားလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

“မန့်ဟီးရိုးမှာ စာအုပ် အနီနဲ့ အစိမ်းလုပ်ပြီး တရုတ်ဘက်ကို အဝင်အထွက် လုပ်လို့ရပြီ ပြောတယ်။ မနေ့ကတော့ အစမ်းဖွင့်တာ လူ ၄၀ လောက်ပဲ ပေးဝင်သေးတယ်၊ မူဆယ်က လူတောင် မရဘူးပြောတယ်။ ပန်ခမ်း၊ နောင်ယန်း၊ တိန်းလုံ အဲ့ဘက်ရွာက လူတွေပဲ ဝင်လို့ရတယ်၊ ပစ္စည်းတော့ ထုတ်လို့ မရသေးဘူး”ဟု မန့်ဟီးရိုးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လတ်တလော စမ်းသပ်ကာလအတွင်း ရွှေလီမြစ်တစ်ဘက်ကမ်း မန့်ဟီးရိုးမြို့နှင့် အနီးတဝိုက် ၁၉ ရွာ အိမ်ထောင်စု (ဢိူင်ႇ 19 ဝၢၼ်ႈ) များသာ ယာယီနယ်စပ်ဖြတ်သန်းခွင့် စာအုပ်အစိမ်းဖြင့် အဝင်အထွက် ပြုလုပ်နိုင်ကြောင်း သိရသည်။

လက်ရှိတွင် မန့်ဟီးရိုးမြို့ နယ်စပ်ဂိတ်ကို ပြန်လည်ပြင်ဆင်နေပြီး လူနှင့် ကုန်ပစ္စည်း အဝင်အထွက် ပြုလုပ်နိုင်ရန် တရားဝင် ခွင့်ပြုမည့်အချိန်ကို စောင့်ဆိုင်းရဦးမည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် မူဆယ်မြို့နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့အကြား လမ်းမကြီးတလျှောက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် ကချင်လွတ်လပ်ရေးတပ် KIA တို့လည်း သွားလာလှုပ်ရှားနေသည်။

မူဆယ်မြို့ရှိ စစ်ကောင်စီ ထိန်းချုပ်ထားသည့် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်မှ စတင်ပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားများနှင့် အသက် (၂၇) နှစ်အောက်ရှိ အမျိုးသမီးများကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေး လဝက တာဝန်ရှိသူများက နယ်စပ်ဖြတ်သန်းခွင့် တားမြစ်ကန့်သတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...

SSPP/SSA ထိန်းချုပ်နယ်မြေ KTV ပိတ်ရန် ညွှန်ကြားသော်လည်း ဆက်လက်ဖွင့်နေဆဲ

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်(SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းရှိ ကေတီဗွီ KTV ဆိုင်များကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး ပိတ်သိမ်းရန် အမိန့်စာ ထုတ်ပြန်ခဲ့သော်လည်း ဆက်လက်ဖွင့်လှစ်နေကြောင်း သတင်းရရှိသည်။ SSPP/SSA တပ်ဖွဲ့သည် ပြီးခဲ့သည့် နိုဝင်ဘာ (၂၆)ရက်တွင် ၎င်းတို့ထိန်းချုပ်သည့် နယ်မြေအတွင်း လူမှုစာရိတ္တပျက်ပြားခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၊ အလုပ်အကိုင် ပျက်ခြင်း...

ကျောက်မဲမြို့နယ် SSPP တပ်စခန်းအနီး စစ်ကော်မရှင်တပ် ထိုးစစ်ဆင်၊ တိုက်ပွဲပြင်းထန်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအနီးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်စခန်းအနီး စစ်ကော်မရှင်တပ် မြေပြင် ထိုးစစ်ဆင်ခဲ့ခြင်းကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။