သျှမ်း-မြောက် မူစယ်တိုက်ပွဲကြောင့် လူသူသေကြေဒဏ်ရာရမှု ကျန်ရစ်သူမိသားစုထံနစ်နာကြေးပေးရန် ထိုင်းရောက်သျှမ်းများ တိုက်တွန်း  

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ်အတွင်း ဖြစ်ပွါးခဲ့သော တအာင်း TNLA နှင့် အစိုးရရဲတပ်ဖွဲ့၊ ပြည်သူ့စစ်တပ်ဖွဲ့ တို့ကြားတိုက်ပွဲကြောင့် ဒေသခံလူထု အများအပြားသေကြေဒဏ်ရာရမှုအပေါ် ကျန်ရစ်သူမိသားစုဝင်များအား အလေးထား လျော်ကြေးပေးရန် ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများက ကြေငြာချက်ထုတ်ပြန်ကာ တိုက်တွန်းတောင်းဆိုလိုက်သည်။

မူစယ်မြို့ တအာင်းနှင့် ရဲ၊ပြည်သူ့စစ်ကြားတိုက်ပွဲကြောင့် သေဆုံးရသူတချို့၏အလောင်းများအား သံဃာတော်များက သရဏံဂုံတင်ပေးနေစဉ်

မူစယ်မြို့နယ် မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ် ပန်ခမ်းတံတားအနီးရှိ လောင်းကစားရုံအား မေလ ၁၂ ရက်နေ့ နံနက် ၀၅းဝဝ နာရီမှ ၀၇းဝဝ နာရီအချိန်ထိ တအာင်းတပ်ဖွဲ့က ၀င်ရောက်ပစ်ခတ်ရာ ရဲနှင့်ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က ပြန်လည်ပစ်ခတ်သဖြင့် တိုက်ပွဲကြား ဒေသခံလူထု ၁၄ ဦးသေဆုံး ကာ ၂၉ ဦးဒဏ်ရာရခဲ့ကြသည်။

ထို့အတွက် လူထုအများအပြားသေကြေဒဏ်ရာရစေသည့်အဆိုပါ မြို့တွင်းတိုက်ပွဲအား ပြင်းပြင်းထန်ထန် ကန့်ကွက် ကြောင်း၊ တိုက်ပွဲများဖြစ်ပွါးစေသည့်လက်နက်ကိုင်တပ်ဖွဲ့တို့အကြား အမြန်ဆုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲစေလိုကြောင်း ၊ ၂ ဦး ၂ ဖက် ငြိမ်းချမ်းရေးအမြန်ဆုံးပြုလုပ်စေလိုကြောင်း၊ သေကြေဒဏ်ရာရရှိသွားသည့် လူထု၏ကျန်ရစ်သူမိသားစုဝင်များအား ထိုက်တန်သည့် နစ်နာကြေး၊ လျော်ကြေးပေးဆောင်စေလိုကြောင်း စသဖြင့် ပါရှိပါသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး ထိုင်းနိုင်ငံရောက်သျှမ်းပြည်သားရွှေ့ပြောင်းအလုပ်သမားများကြေငြာချက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ သျှမ်းလူမျိုးများအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ နန်းမိုင်က- ဒီဖြစ်စဉ်က လူပေါင်း ၄၀ ကျော်ကို သေကြေဒဏ်ရာရအောင်လုပ်တဲ့အတွက် ဒီလက်နက်ကိုင်တပ်တွေဟာ လူ့အခွင့်အရေး အလွန်အကျွံ ကျူးလွန်တယ်လို့မြင်တယ်။ ဒါကြောင့် သူတို့တွေကို ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲရေးအတွက် အမြန်ဆွေးနွေးကြဖို့တိုက်တွန်းတယ်။ အဓိကကတော့ သူတို့ ပစ်ခတ်လို့ကြားထဲကသေသွားတဲ့ဒေသခံလူထုအတွက် များစွာစိတ်မကောင်းဖြစ်မိတယ်။ ဒီလူတွေအတွက် နစ်နာကြေးပေးဖို့ လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကို တိုက်တွန်းထားတာဖြစ်ပါတယ်- ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

မူစယ်မြို့တွင် တအာင်း TNLA နှင့်အစိုးရတပ်မတော်တို့ ပစ်ခတ်မှုဖြစ်ပွါးသည့်နေ့တွင် တရုတ် နိုင်ငံသံရုံးနှင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ရုံးတို့မှလည်း ပစ်ခတ်မှုများရပ်တန့်ရေးအမြန်ဆုံးဆောင်ရွက်ရန် ကြေငြာချက်များ အသီးသီးထုတ်ပြန်ကာတိုက်တွန်းခဲ့ကြသည်။

၄င်းတိုက်ပွဲနှင့်ပတ်သက်ပြီး TNLA ပြန်ကြားရေးဌာနကလည်း ရှင်းလင်းချက်တစောင်ထုတ်ပြန်ရာ အဆိုပါရှင်းလင်းချက်တွင် –

“မူစယ်-နမ့်ခမ်း ကားလမ်းမ မူစယ်မြို့အဝင် နမ့်ပေါ်ပန်ခမ်း တံတားအနီးရှိ ပန်ဆေးပြည်သူ့စစ် လောင်းကစားရုံသည် ကားလမ်းမနှင့် ကိုက် (၃၀၀) အကွာတွင် မြန်မာစစ်တပ် ကျောထောက်နောက်ခံဖြင့် ဖွင့်လှစ်ထားပါသည်။
ထိုလောင်းကစားရုံသည် အကြီးစား (casino) ဒိုင်ဖြစ်ပြီး လက်နက်ကိုင်ဆောင်ထားသည့် မြန်မာစစ်တပ် ရဲတပ်ဖွဲ့ နှင့် ပြည်သူ့စစ် များက ကာကွယ်လုံခြံုရေး ပေးထားသည်။ လောင်းကစားရုံတွင် လောင်းကစားမှု အမျိုးစုံပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါး မျိုးစုံ ရောင်းဝယ် သုံးစွဲသည့် နေရာတစ်ခုလည်းဖြစ်သည်။ …….. အဆိုပါလောင်းကစားဝိုင်းသည် တရုတ်-မြန်မာနယ်စပ် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်း၊ တရုတ်နိုင်ငံသားများအား လောင်းကစားများ အတင်းအဓမ္မ ကစားစေပြီး ငွေညစ်ခြင်း၊ ငွေမပေးနိုင်သူများကို သတ်ဖြတ်ခြင်းများ ယခုနှစ်ပိုင်းအတွင်း ပိုမို ပြုလုပ်လာသည်။ …… ၂၀၁၆-၂၀၁၇-၂၀၁၈ ကာလတိုအတွင်းတွင်ပင် တရုတ်နိုင်ငံသား ရာပေါင်းများစွာ ပြန်ပေးဆွဲခံရခြင်း၊ လောင်းကစားကြောင့် ငွေညစ်ခံရခြင်း၊ တောင်းသည့်ငွေ မပေးနိုင်သဖြင့် သတ်ဖြတ် ခံရခြင်းများရှိခဲ့သည်။ထိုလောင်းကစားဝိုင်း အတွင်းတွင် တရုတ် နိုင်ငံသားများ ရာဂဏာန်းနီးပါး သတ်ဖြတ် အစဖျောက်ခံရသည်။ထို့ကြောင့် မြန်မာစစ်တပ် ကျောထောက ်နောက်ခံ ပန်ဆေး ပြည်သူ့စစ် လောင်းကစားရုံအား တအန်းတပ်မတော် TNLA မှ ၀င်ရောက် ရှင်းလင်း တိုက်ခိုက် ရခြင်းဖြစ်သည်။” – အစရှိသဖြင့် ပါရှိပါသည်။

အဆိုပါတိုက်ပွဲကြောင့် ရဲအုပ် အဆင့်ရှိသူ (၁) ဦး၊ အရပ်သား (၆) ဦး၊ ပြည်သူ့စစ် (၂၅) ဦး စုစုပေါင်း (၃၂) ဦး သေဆုံးခဲ့ပြီး တအာင်းဘက်ကမူ အနည်းငယ်သာထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၄င်းတို့၏ ပြန်ကြားရေးဌာနစာမျက်နှာတွင် ဖော်ပြထားသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်တပ်မတော်၊ အစိုးရတပ်မတော် ၊ သျှမ်းတပ်ဖွဲ့ ၂ ဖွဲ့ အစရှိ လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားနေပါသည်။ ထို့ကြောင့်တိုက်ပွဲများလည်း မကြာခဏ ဖြစ်ပွါးလျှက်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...