Thursday, January 29, 2026

မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိသူ ၂၆ ဦးအနက် ၁ ဦးထပ်မံသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ထဲမှာရှိတဲ့လောင်းကစားရုံကို တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော်က ၀င်ရောက်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူတွေထဲက ဒဏ်ရာပြင်းထန်သူတဦး ဒီမနက်မှာ ထပ်မံသေဆုံးသွားခဲ့လို့ သေဆုံးသူစုစုပေါင်း ၂၁ ဦးရှိပြီဖြစ်ပါတယ်။

မူစယ်ပစ်ခတ်မှုမှ ဒဏ်ရာရှိခဲ့သူ နမ့်ခမ်းဒေသခံစိုင်းယီလျန် မေလ ၁၇ ရက်နေ့တွင်သေဆုံး

ဒီမနက်သေဆုံးသူဟာ နမ့်ခမ်းမြို့နယ် ပေါက်နေရပ်ကွက်သား စိုင်းယီလျန် ဖြစ်ပါတယ်။


ပစ်ခတ်မှုဖြစ်ပွါးတဲ့နေ့က မူစယ်မှာအလုပ်သွားလုပ်ရင်း နမ့်ခမ်းမှာမင်္ဂလာပွဲဝင်ဖို့အပြန် လမ်းမှာ တအာင်းတပ်ဖွဲ့ရဲ့ပစ်ခတ်မှုခံရတာဖြစ်တယ်လို့ မူစယ်မြို့ခံ မိတ်ဆွေတဦးကပြောပါတယ်။

သူနဲ့အတူ သူ့ရဲ့အမျိုးသမီးနဲ့ပေါက်တဲန်မ ကပြည်သူ့စစ်တဦး ပါတယ်။ သူတို့ကကားနဲ့ နမ့်ခမ်းကိုပြန်မှာ။ ပြည်သူ့စစ်ကတော့ ပွဲချင်းပြီးသေတယ်။ သူကျတော့ လည်ပင်းမှာနဲ့ ခါးမှာကျည်စ ဝင်သွားတယ်။ ဒဏ်ရာပြင်းလို့ မိုင်းခွန်ဆေးရုံမှာသွားပြီးခွဲထုတ်ထာ။ အောက်ဆီဂျင်ပေးထားရတယ်။ မနေ့က အောက်ဆီဂျင်ဖြုတ်တာနဲ့ သေတာ။-  မူစယ်မြို့ခံ အေယိင်းက ပြောပါတယ်။


လက်ရှိတွင် ၄င်း၏ အလောင်းအား မိုင်းခွန်ဆေးရုံမှ နမ့်ခမ်းမြို့သို့ ယနေ့သယ်ဆောင်လာခဲ့ပြီး အသုဘအခမ်းအနားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နီးစပ်သူဆွေမျိုးများထံမှသိရပါတယ်။

မေလ ၁၂ ရက်နေ့က မူစယ်မြို့နယ် နမ့်ပေါ့တံတားထိပ်၊ နောင်ယန်း ရွှေလီမြစ်ကူး ကူးတို့ဆိပ်နဲ့ မူစယ်မြို့တဘက်ကမ်း စယ်လန့်အုပ်စုတွေမှာ တအာင်းအမျိုးသား လွှတ်မြောက်ရေး တပ်မတော် TNLA က နေ ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ပူးပေါင်းတပ်တို့နဲ့တိုက်ပွဲဖြစ်ပွါးအတွင်း မေလ ၁၂ ရက်နေ့က ဒေသခံလူထု ၁၉ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိတဲ့သူတွေကို မန္တလေးဆေးရုံကိုပို့ရင်း ၁ ဦးထပ်မံသေဆုံးပြီး လက်ရှိမှာတော့ မိုင်းခွန်ဆေးရုံမှာ ၁ ဦးထပ်မံသေဆုံးတာကြောင့် စုစုပေါင်းသေဆုံးသူ ၂၁ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၅ ဦး ရှိပါတယ်။

သေဆုံးသူထဲမှာ တရုတ်နိုင်ငံဘက်ခြမ်းကနေ လာရောက်အလုပ်လုပ်တဲ့ တရုတ်နိုင်ငံသား ၃ ဦးလည်း ပါရှိကြောင်းသိရပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပစ်ခတ်ခံရမှုကြောင့် ကျပ်သိန်း ၅၀ လျော်ကြေးတောင်းဆိုမှု SSPP ငြင်းဆို

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးသုံးစွဲသူများ ရှင်းလင်းစဉ် ပစ်ခတ်မှုမှာ နစ်နာသူဘက်မှ လျော်ကြေး ကျပ်သိန်း ၅၀ တောင်းဆိုမှုအား SSPP ဘက်မှ ငြင်းပယ်ထား ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သော မေလ(၁၀) ရက် မူဆယ်မြို့နယ် နမ့်စန့်ရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နယ်မြေလိုက်လံစစ်ဆေးချိန်...

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

0
သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့်...

ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

0
လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။ ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ...

တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကိုစစ်ကောင်စီ မှ ဝင်ရောက် ဖမ်းဆီးနေပြီး ပြည်သူစစ်များ နှင့် ပစ်ခတ်မှုဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ နှင့် ၎င်း၏ လက်အောက်ခံ ရဲများက လွိုင်ဆုတောင်၊ (ဆုတောင်းပြည့်)...

စစ်ကောင်စီလက်နက်ကြီး ကြောင့် ဆီဆိုင်မြို့နယ် ပန်တိုင်းရွာ ဘုန်ကြီးကျောင်းပျက်စီးသွား

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ပန်တိုင်း(ပင်တွိုင့်)ရွာတွင် စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်မှုကြောင့် ရွာတွင်းရှိ ရွာဦးဘုန်းကြီးကျောင်း ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ၅ရက်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ပျက်စီးခဲ့ရပြီး ဘုန်းကြီးကျောင်း အမိုး၊ မျက်နှာကြတ်၊ပြတင်းပေါက်၊တံခါးဘောင်၊အခင်းတို့ အလုံးစုံ ပျက်စီးခဲ့ရကြောင်း ပန်တိုင်းရွာခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။ "လက်နက်ကြီးလည်း ထိထားတယ်။ လက်နက်ငယ်လည်းအများကြီးထိမှန်တယ်။ကံကောင်းလို့ မီးလောင်ဗုံးနဲ့ မကျဲတာ။ ကိုယ်ရဲ့...