ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း – မြန်မာနယ်စပ်တွင် SSPP တံဆိပ်တုံးပါ မူးယစ်ဆေး သယ်လာသူတို့ ထိုင်းစစ်တပ်နှင့် ပစ်ခတ်မှုဖြစ်ဟု သတင်းအမှားဖြန့်

လူမှုကွန်ရက်မီဒီယာတွင် ပြုပြင်ဖန်တီးထားသော ဓါတ်ပုံဖြင့် ထိုင်း-မြန်မာနယ်စပ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တံဆိပ်တုံးပါ (999) သုံးလုံးမူးယစ်ဆေးသယ်လာသူနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ၄ ဦးသေဆုံးကြောင်းကို ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် သတင်းအမှားဖြန့်ချိနေပါသည်။

ရှမ်းပြည်နယ် ဖက်ဒရယ် ဒီမိုကရေစီ သတင်းစုံ အမည်ဖြင့် လူမှုကွန်ရက်အကောင့်တစ်ခုမှ ဖြန့်ချိခဲ့ပြီး “မှောင်ခိုသမားတွေဟာ ထိုင်းနယ်ခြားစောင့်တပ်နဲ့ တွေ့တဲ့အချိန်မှာ ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲပုံစံဖြစ်ပွားခဲ့ပြီး Ice မူးယစ်ဆေးတွေက SSPPတံဆိပ်တုံးလည်းပါတယ်။ ပြီးUWSAနဲ့ နီးစပ်တဲ့ SSPP လက်အောက်ခံ စဝ်ဆိုင်ဝ ဦး‌ဆောင်တဲ့ 999 လုံးတပ်တံဆိပ်ကို အိတ်တွေနဲ့ ထည့်သယ်ခဲ့တာလို့ ထိုင်းဒေသတွင်း သတင်းဌာနက ရေးသားပါတယ်” ဟု (မူရင်းအတိုင်း) ဆိုကာ ရေးသားဖော်ပြခဲ့ပါသည်။

ထိုသတင်းအမှားကို လိုက်နှင့်ရီအက်ပေးသူ ၁၃ ဦး၊ မှတ်ချက်ပေးသူ ၃ ဦးနှင့် ပြန်လည်မျှဝေသူ ၂၇ ဦး ထိရှိနေပါသည်။

ဖြန့်ဝေထားသည့် လင့် – https://archive.ph/uCPWX

၎င်းဖြန့်ချိထားသည့် အကြောင်းအရာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သည့် သျှမ်းသံတော်ဆင့် နှင့် ခမ်းသားငေါဝ်း တို့ ပူးပေါင်းပြီး Google Search တွင် “ထိုင်းမြန်မာ နယ်စပ် မူးယစ်ဆေးဝါး သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ ပစ်ခတ်မှု” အဓိက စကားလုံးဖြင့် ရှာဖွေစစ်ဆေးရာတွင် မူရင်းဓါတ်ပုံကို ပြုပြင်ထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတင်းစိစစ်ချက်

ထိုင်း – မြန်မာနယ်စပ် ချင်းရိုင်ခရိုင်၊ မယ်ဖားလွမ်ဒေသတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့တို့ ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့် ပတ်သက်၍ သတင်းဌာန တို့၏ ဖော်ပြမှုကို တွေ့ရှိရပါသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော လက်နက်ကိုင်အဖွဲ့များနှင့် ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့က လေးဦး သေဆုံးခဲ့ပါသည်။ ပစ်ခတ်မှုအချိန်တွင် လက်နက်ကိုင်အဖွဲ့များဘက်က ၃၅ ဦးခန့်အထိ ပါဝင်ကြောင်း ခန့်မှန်းထားပြီး ပစ်ခတ်မှု ဖြစ်ခဲ့ပြီးနောက် လက်နက်ကိုင်များက မြန်မာနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့သည့်အတွက် မြန်မာလက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်းကို Dawei Watch သတင်းဌာနမှ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

Dawei Watch သတင်းလင့် -https://shorturl.at/fhHGE

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အာဏာပိုင်တွေ နယ်မြေရှင်းလင်းချိန် မြန်မာနိုင်ငံထဲကို လည့်ပြန်ခဲ့သည် မူးယစ်မှောင်ခို သယ်ဆောင်သူ ရုပ်အလောင်း လေးလောင်းနှင့် ကီလို တစ်ထောင်ကျော် (၁၁၅၅) Ice မူးယစ်စိတ်ကြွဆေးများပါသည့် ကျောပိုးအိတ် ၃၄ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်းကို လွတ်လပ်တဲ့ အာရှအသံ – RFA သတင်းဌာနမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ဖော်ပြထားပါသည်။

လွတ်လပ်တဲ့ အာရှအသံ – RFA သတင်းလင့် – https://shorturl.at/QbqGH


ထို့ကြောင့် ၎င်းဖြန့်ဝေထားသည့် SSPP အဖွဲ့မှ မူးယစ်ဆေးဝါး သယ်ဆောင်လာသည့်အကြောင်းအရာကို သတင်းဌာနတို့၏ ဖော်ပြချက်တွင် မတွေ့ရှိရပါ။ မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့များထဲက ဖြစ်နိုင်ကြောင်းသာ ထိုင်းရဲတပ်ဖွဲ့မှ ခန့်မှန်းထားမှုတွင် တွေ့ရှိရပါသည်။

ဖြန့်ဝေမှုတွင် အသုံးပြုထားသည့် SSPP တံဆိပ်တုံးပါ ဓါတ်ပုံသည် မူးယစ်ဆေးဝါးကို ဖမ်းဆီးရမိချိန် ရိုက်ကူးထားသည့် မူရင်းဓါတ်ပုံကို ပြန်လည်ပြုပြင်ကာ လိုသလို ထပ်ဖြည့်ထားကြောင်းကို စစ်ဆေးတွေ့ရှိရပါသည်။

ဓါတ်ပုံ ကြည့်ရှူ့ရန်လင့် – https://shorturl.at/YtAyu

သုံးသပ်ချက်

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ တွင် ထိုင်း – မြန်မာနယ်စပ်ဒေသ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသော မြန်မာလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့နှင့် ထိုင်းနယ်ခြား စောင့်တပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့သည်မှာ သတင်းမှန်ဖြစ်ပါသည်။

၎င်းဝါဒဖြန့်သည့်အတိုင်း SSPP တံဆိပ်တုံးပါ မူးယစ်ဆေးသယ်လာသူများနှင့် ထိုင်းစစ်တပ်တို့ ပစ်ခတ်မှုဖြစ်ခဲ့ဆိုသည့် အကြောင်းအရာမှာ သတင်းအမှား ဖြစ်ပါသည်။

သတင်းအမှားဖြန့်ဝေသူမှ မူရင်းဓါတ်ပုံတွင်ပါသည့် “ထိုင်းရဲတပ်ဖွဲ့များ၏ အလံ” တံဆိပ်နေရာတွင် “SSPP အလံ” ပြောင်းလဲ ထည့်သွင်းထားခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

သတိပြုရန်

Myanmar Fact-checking Network စာဖတ်ပရိတ်သတ်များအနေဖြင့် အွန်လိုင်းလူမှုပေါ်ရှိ သတင်းအချက်အလက် အကြောင်းအရာ တွေကို အလွယ်တကူမယုံကြည်ဘဲ လွတ်လပ်ပြီး အမှီခိုကင်းတဲ့ သတင်းမီဒီယာဌါနမှ သတင်းတို့ကို ဝင်ရောက်ဖတ်ရှုရန် အကြံပြု တိုက်တွန်းလိုပါတယ်။
ဒါအပြင် နောက်ပိုင်းမှာ မီဒီယာ အယောင်ဆောင်လာ ကြတဲ့ ဝါဒဖြန့်ချိသူများကိုလည်း သတိထားရန် ထပ်မံတိုက်တွန်းလိုပါတယ်။

သတင်းအကြောင်းအရာနှင့်တွဲပြီး သတင်းဓါတ်ပုံပါရှိသော်လည်း ပြည်သူများအနေဖြင့် ချက်ချင်းမယုံဘဲ ဓါတ်ပုံများကိုလည်း စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

သတင်းအမှား အကြောင်းအရာဟု သံသယရှိပါက Myanmar Fact-checking Network (facebook page) ၏ မက်ဆေ့ဘောက်သို့ အချိန်မရွေး ပေးပို့မေးမြန်းနိုင်ပါတယ်။

ခမ်းသားငေါဝ်း၊ သျှမ်းသံတော်ဆင့်၊ The Red Flag/ MFCN တို့ ပူးပေါင်းစိစစ်သည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...