သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့် နားနန်းကျေးရွာတဝိုက်ရှိ ကျောက်မီးသွေးတွင်းများတွင် အခြေစိုက်ထားသည့် SSPP တပ်စခန်းများကို ဖယ်ရှားရန် လားရှိုးဘက်မှ ကိုးကန့်တပ်သားများ ဝင်ရောက်လာစဉ် နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“ဒီမနက် ၁၀ နာရီလောက်မှာ MNDAA နဲ့ SSPP ပစ်ကြတာ ဟုတ်တယ်။ နမ္မကျောက်မီးသွေးတွင်း အထဲဘက်ထိ ရောက်လာတဲ့ ကိုးကန့်တပ်ကို SSPP က ဝိုင်းပြီး သေနတ်နဲ့ ပြန်ပစ်တယ်လို့ ကြားတယ်။ မနေ့ညကတည်းက ကိုးကန့်တပ်က နမ္မအုပ်စုထဲက နားနန်း၊ ကုန်းပေါင်းဘက် SSPP တပ်ကို သွားမောင်းထုတ်တာ အစောင့်ကိုလည်း ခြေထောက်နဲ့ ကန်တယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မကျောက်မီးသွေး နေရာ

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ SSPP နှင့် MNDAA တို့ နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး သေနတ်ပစ်ခတ်သည့် အခြေအနေကို အတည်ပြုနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယင်းမတိုင်ခင် ဧပြီလ နောက်ဆုံးပတ်မှစ၍ လားရှိုးဘက်မှ လာသည့် MNDAA တပ်သားများသည် SSPP ထိန်းချုပ်ထားသည့် နမ္မကျောက်မီးသွေးတွင်းကို စစ်ဆေးရန်ဟုဆိုကာ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး SSPP ကို ကျောက်မီးသွေးတွင်းမှ ထွက်ခွာသွားရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဧပြီလ ၂၈ ရက်) ည ၇ နာရီခန့်တွင် နမ္မကျောက်မီးသွေးတွင်းသို့ ကိုးကန့်တပ်သားများ အင်အား (၃၀) ခန့် ထပ်မံရောက်ရှိလာပြီး နမ္မကျေးရွာအုပ်စု နားနန်းနှင့် ကုန်းပေါင်းဘက် အခြေစိုက်ထားသည့် SSPP တပ်စခန်းမှ ကင်းစောင့်တပ်သားကို ရိုက်နှက် ကန်ကျောက်ခဲ့သည့်အပြင် ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်းတို့ကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

“ကိုးကန့်တပ်က အရင် သုံးလေးရက်ကတည်းက နမ္မကျောက်မီးသွေးတွင်းကို စစ်ဆေးဖို့ဆိုပြီး ကားတစ်စီးနဲ့ သွားတာ၊ အဲ့မှာ SSPP ဘက်က ပေးမဝင်ဘူး။ ကိုးကန့်ဘက်က SSPP ကို တပ်ဆုတ်ဖို့ပြောတဲ့အချိန် မဆုတ်တဲ့အပြင် ရှေ့တိုးဖို့ လုပ်မယ်လို့ SSPP ဘက်က ပြန်ပြောတယ်။ SSPP ဘက်က တပ်ကို ရှေ့တိုးပြီး အမြင့်နေရာမှာ တပ်စွဲဖို့လုပ်မှာက ဒီနေ့၊ အဲ့မတိုင်ခင် မနေ့ည က ကိုးကန့်ထပ်ဝင်လာတာ”ဟု ၎င်းသီပေါဒေသခံ အမျိုးသားက ထပ်လောင်းပြောကြားတယ်။

လက်ရှိတွင် နမ္မကျောက်မီးသွေးတွင်း အနီးတဝိုက်သို့ နှစ်ဘက်တပ်ဖွဲ့များမှ အင်အားဖြည့်တင်းလာခြင်းကြောင့် စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဒရုန်းပျံသန်းမှုများလည်း ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်း၌ SSPP အနေဖြင့် ဆယ်စုနှစ်ချီ၍ စခန်းချ တပ်စွဲထားပြီး ၎င်းတို့၏ ဘဏ္ဍာရေးအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ခြင်းကြောင့် မဟာမိတ်ဖြစ်သည့် MNDAA ကို မည်ကဲ့သို့ ပြန်လည်တုံ့ပြန် ဆောင်ရွက်မည်ကို စောင့်ကြည့်ရမယ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ယမန်နှစ် ၂၀၂၄ မတ်လနောက်ဆုံးပတ်ကလည်း သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA နှင့် MNDAA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုစဉ်က ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

MNDAA အနေဖြင့် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းလိုက်သော်လည်း လားရှိုးမြို့ပြင်ရှိ ကျေးရွာများတွင် ဆက်လက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...