Tuesday, January 27, 2026

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ SSPP တပ်စခန်းသို့ MNDAA ဝင်ရောက်လာပြီး နှစ်ဘက်သေနတ်ပစ်ခတ်မှုဖြစ်

သျှမ်းပြည် သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းကို ဖယ်ရှားရန် ကိုးကန့်တပ်ဖွဲ့ MNDAA ဝင်ရောက်လာစဉ် နှစ်ဘက်သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဧပြီလ ၂၉ ရက်) နံနက် ၁၀ နာရီခန့်တွင် သီပေါမြို့နယ် နမ္မကျေးရွာအုပ်စုရှိ နမ္မ၊ ကုန်းပေါင်းနှင့် နားနန်းကျေးရွာတဝိုက်ရှိ ကျောက်မီးသွေးတွင်းများတွင် အခြေစိုက်ထားသည့် SSPP တပ်စခန်းများကို ဖယ်ရှားရန် လားရှိုးဘက်မှ ကိုးကန့်တပ်သားများ ဝင်ရောက်လာစဉ် နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။

“ဒီမနက် ၁၀ နာရီလောက်မှာ MNDAA နဲ့ SSPP ပစ်ကြတာ ဟုတ်တယ်။ နမ္မကျောက်မီးသွေးတွင်း အထဲဘက်ထိ ရောက်လာတဲ့ ကိုးကန့်တပ်ကို SSPP က ဝိုင်းပြီး သေနတ်နဲ့ ပြန်ပစ်တယ်လို့ ကြားတယ်။ မနေ့ညကတည်းက ကိုးကန့်တပ်က နမ္မအုပ်စုထဲက နားနန်း၊ ကုန်းပေါင်းဘက် SSPP တပ်ကို သွားမောင်းထုတ်တာ အစောင့်ကိုလည်း ခြေထောက်နဲ့ ကန်တယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ္မကျောက်မီးသွေး နေရာ

သီပေါမြို့နယ် နမ္မကျောက်မီးသွေးတွင်း၌ SSPP နှင့် MNDAA တို့ နှစ်ဘက်ထိတွေ့မှုဖြစ်ပြီး သေနတ်ပစ်ခတ်သည့် အခြေအနေကို အတည်ပြုနိုင်ရန် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် ထံ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

ယင်းမတိုင်ခင် ဧပြီလ နောက်ဆုံးပတ်မှစ၍ လားရှိုးဘက်မှ လာသည့် MNDAA တပ်သားများသည် SSPP ထိန်းချုပ်ထားသည့် နမ္မကျောက်မီးသွေးတွင်းကို စစ်ဆေးရန်ဟုဆိုကာ ကားတစ်စီးဖြင့် ရောက်ရှိလာပြီး SSPP ကို ကျောက်မီးသွေးတွင်းမှ ထွက်ခွာသွားရန် ပြောဆိုခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ (ဧပြီလ ၂၈ ရက်) ည ၇ နာရီခန့်တွင် နမ္မကျောက်မီးသွေးတွင်းသို့ ကိုးကန့်တပ်သားများ အင်အား (၃၀) ခန့် ထပ်မံရောက်ရှိလာပြီး နမ္မကျေးရွာအုပ်စု နားနန်းနှင့် ကုန်းပေါင်းဘက် အခြေစိုက်ထားသည့် SSPP တပ်စခန်းမှ ကင်းစောင့်တပ်သားကို ရိုက်နှက် ကန်ကျောက်ခဲ့သည့်အပြင် ပြည်သူနေအိမ်နှင့် ဘုန်းကြီးကျောင်းတို့ကိုလည်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြောင်း ၎င်းဒေသခံ အမျိုးသားက ဆက်ပြောသည်။

“ကိုးကန့်တပ်က အရင် သုံးလေးရက်ကတည်းက နမ္မကျောက်မီးသွေးတွင်းကို စစ်ဆေးဖို့ဆိုပြီး ကားတစ်စီးနဲ့ သွားတာ၊ အဲ့မှာ SSPP ဘက်က ပေးမဝင်ဘူး။ ကိုးကန့်ဘက်က SSPP ကို တပ်ဆုတ်ဖို့ပြောတဲ့အချိန် မဆုတ်တဲ့အပြင် ရှေ့တိုးဖို့ လုပ်မယ်လို့ SSPP ဘက်က ပြန်ပြောတယ်။ SSPP ဘက်က တပ်ကို ရှေ့တိုးပြီး အမြင့်နေရာမှာ တပ်စွဲဖို့လုပ်မှာက ဒီနေ့၊ အဲ့မတိုင်ခင် မနေ့ည က ကိုးကန့်ထပ်ဝင်လာတာ”ဟု ၎င်းသီပေါဒေသခံ အမျိုးသားက ထပ်လောင်းပြောကြားတယ်။

လက်ရှိတွင် နမ္မကျောက်မီးသွေးတွင်း အနီးတဝိုက်သို့ နှစ်ဘက်တပ်ဖွဲ့များမှ အင်အားဖြည့်တင်းလာခြင်းကြောင့် စစ်ရေးတင်းမာမှု ဆက်ရှိနေပြီး ဒရုန်းပျံသန်းမှုများလည်း ရှိနေကြောင်း သိရသည်။

သီပေါမြို့နယ်ရှိ နမ္မကျောက်မီးသွေးတွင်း၌ SSPP အနေဖြင့် ဆယ်စုနှစ်ချီ၍ စခန်းချ တပ်စွဲထားပြီး ၎င်းတို့၏ ဘဏ္ဍာရေးအတွက် အရေးပါသည့် နေရာတစ်ခုဖြစ်ခြင်းကြောင့် မဟာမိတ်ဖြစ်သည့် MNDAA ကို မည်ကဲ့သို့ ပြန်လည်တုံ့ပြန် ဆောင်ရွက်မည်ကို စောင့်ကြည့်ရမယ်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အလားတူ ယမန်နှစ် ၂၀၂၄ မတ်လနောက်ဆုံးပတ်ကလည်း သိန္နီမြို့နယ် နမ့်စလပ်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် SSPP/SSA နှင့် MNDAA တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုစဉ်က ကိုးကန့်တပ်ဖွဲ့ MNDAA မှ ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိန္နီဒေသခံများထံမှ သိရသည်။

MNDAA အနေဖြင့် တရုတ်ဖိအားကြောင့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းလိုက်သော်လည်း လားရှိုးမြို့ပြင်ရှိ ကျေးရွာများတွင် ဆက်လက်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကွမ်းလုံတံတားတွင် MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်း

0
သျှမ်းပြည် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးပေါ်ရှိ ကွမ်းလုံတံတားတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထုတ်ပေးသည့် ဒေသခံစိစစ်ရေးကတ်နှင့် SR-1 ယာဉ်လိုင်စင် မရှိသူများကို လှည့်ပြန်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ဒုတိယပတ်မှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်နှင့် ယာဉ်မောင်းများကို ကွမ်းလုံတံတားတွင်...

လားရှိုး-မိုင်းရယ်တွင် ရွေးကောက်ပွဲနောက်ပိုင်း ဒေသခံများကို MNDAA အခွန်ဆောင်ခိုင်း

0
သျှမ်းပြည် လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြားရှိ ဈေးဆိုင်များကို ၂၀၂၆ နှစ်ဆန်းပိုင်းမှ စတင်ပြီး တစ်လချင်း အခွန်ပေးဆောင်ရန် ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကောက်ခံနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး လားရှိုးမြို့နှင့် မိုင်းရယ်မြို့ကြား လမ်းမကြီးတစ်လျှောက် နမ့်ပေါင်၊ ဟိုယ ကျေးရွာအုပ်စုများရှိ ဈေးဆိုင်များနှင့်...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...