တရုတ်အစိုးရ ဖိအားကြောင့် စစ်ကောင်စီ က မူဆယ် ကျားဖြန့်များဖမ်းဆီးမှုကြမ်းနေ

သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်း လုပ်ကိုင်သည့် နေရာများကိုစစ်ကောင်စီ မှ ဝင်ရောက် ဖမ်းဆီးနေပြီး ပြည်သူစစ်များ နှင့် ပစ်ခတ်မှုဖြစ်ပွားမှုရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (စက်တင်ဘာလ ၂၃ ရက်) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ နှင့် ၎င်း၏ လက်အောက်ခံ ရဲများက လွိုင်ဆုတောင်၊ (ဆုတောင်းပြည့်) ၊ စွမ်းစော် မြို့ပြင်ဘက်ရှိ အွန်လိုင်းကျားဖြန့် ငွေလိမ် လုပ်ငန်း လုပ်ကိုင်သည့် နေအိမ် တိုက်ခန်းများကို ဝင်ရောက် စစ်ဆေးဖမ်းဆီး နေကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့က မြို့ပြင်ဘက် ရပ်ကွက်ကနေစပြီးတော့ ဖမ်းလာတာ။ ဖမ်းခံရတဲ့လူတွေကို ကားတွေနဲ့ တင်ပြီး မင်္ဂလာမူဆယ်ဘက်ကို ပြန်သွားထားတာ။ ပြီးတော့ မင်္ဂလာမူဆယ်နားတစ်ဝိုက် လုပ်နေသည့် ကျားဖြန့်တွေကို လည်း လိုက်ဖမ်းတော့ ပြည်သူ့စစ်နဲ့ ပစ်ခတ်မှုတွေဖြစ်တာ။”ဟု မူဆယ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ‌ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို စစ်ကောင်စီမှ ဖမ်းဆီးခြင်းသည် တရုတ်အစိုးရကို မျက်နှာသာရရန် ဟန်ပြ ဖမ်းဆီး မှုသာဖြစ်ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“တရုတ်ရဲ့ဖိအားကြောင့် သူတို့ဖမ်းတာ။မဟုတ်ရင်ဖမ်းမှာမဟုတ်ဘူး ကျာဖြန့်ကြောင့် သူတို့ ဝင်ငွေလမ်းကြောင်း တစ်ခုလို ဖြစ်နေတာကို ကျနော်အမြင်ကတော့ သူတို့ အချင်းချင်းကြားမှာ‌တော့ အပေးအယူတော့ ရှိမှာပဲ။ ကျနော်တို့လည်း ဒီလိုဖြစ်လာတော့ နိုင်ငံရေး ပြောင်းလဲမှုကို စောင့်ကြည့်ရမှာပေါ့။”ဟု ၎င်းက ပြောသည်။

ယခင်က မကြာခဏဆိုသကဲ့သို့ တရုတ်-မြန်မာ နယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို ပူးပေါင်းဖမ်းဆီး ခဲ့သော်လည်း ၎င်းလုပ်ငန်းများ လျော့ကျလာခြင်းမရှိခဲ့ပေ။

စစ်ကောင်စီမှ အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းလုပ်ကိုင်သူများကို ယနေ့ (စက်တင်ဘာ ၂၃)ရက် နေ့လည် ၁၂နာရီခွဲ ဝန်းကျင်တွင် ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့ရာ မင်္ဂလာမူဆယ်အနီး ကျားဖြန့်လုပ်ငန်းကို လုံခြုံရေးပေးနေသည့် ပြည်သူ့စစ်တပ်ဖွဲ့နှင့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ ပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပစ်ခတ်မှုဖြစ်တာ စဥ်းစားစရာပဲ။ တကယ်တော့ သူတို့တွေက တဖွဲ့တည်းတွေလေ။ ပြည်သူ့စစ်ဆိုတာ စစ်ကောင်စီရဲ့လက်အောက်ကလေ။ အခုက ဟန်ဆောင်များပစ်နေတာလားမသိဘူး။” ဟု မူဆယ်မြို့ ဒေသအကြောင်းကို သိရှိသူ အသက် ၄၀အရွယ် အမျိုးသားတစ်ဉီးက ဆိုသည်။

မူဆယ်မြို့နယ်အတွင်း ယနေ့ (စက်တင်ဘာ ၂၂)ရက်မှစတင် ၃ရက်အတွင်း စစ်ဆေးတင်းကြပ်မှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

“ တရုတ်နဲ့ ဘာအပေးအယူလုပ်ထားကြလဲမသိဘူး။ ဒီ ၃ရက် စစ်ဆေးမှု တင်းကြပ်မယ်။ လူငယ်တွေလည်း သတိထားသွားလာဖို့လိုအပ်တယ်” ဟု ၎င်းက ဆိုပြန်သည်။

မူဆယ်မြို့ ပတ်ပတ်လည်တွင် တိုင်းရင်းသားလက်နက်ကိုင်များကျင်လည်လှုပ်ရှားသည့်နယ်မြေဖြစ်ပြီး၊ လက်ရှိအချိန်ထိ စစ်ရေးတင်းမာသည့်နေရာဖြစ်ကာ စစ်ကောင်စီနှင့် တိုင်းရင်းသားလက်နက်ကိုင်တို့ တိုက်ပွဲမဖြစ်ပွားသည့် ဒေသ တစ်ခုလည်း ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အမြစ်ပြတ်ရှင်းလင်းခြင်း” ယုံတမ်းစကား – မြန်မာ့ကျားဖြန့်အင်ပါယာ နှင့် မြေအောက်နိုင်ငံတော်

0
ကျားဖြန့်နှင့် ငွေလိမ်လုပ်ငန်းများအကြောင်း သျှမ်းသံတော်ဆင့် (Shan Herald Agency for News) နှင့် ခေတ်သစ်မီဒီယာတို့၏ လတ်တလော အစီရင်ခံစာများသည် သတင်းခေါင်းကြီးပိုင်းများ ဖြစ်လာခဲ့သည်။ ကျားဖြန့်ကို အမြစ်ပြတ်ချေမှုန်းလိုက်ပြီဆိုသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) ၏ ပြောကြားချက်သည် ယုံကြည်နိုင်မည်လား သို့မဟုတ် တရုတ်နိုင်ငံက...

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

၁၀၂၇ စစ်ဆင်ရေးအပြီး သျှမ်းပြည်အတွင်းပိုင်းသို့ ကျားဖြန့်ဂိုဏ်းများ အလုံးအရင်း ပျံ့နှံ့လာ

0
မြန်မာ-တရုတ်နယ်စပ်တစ်လျှောက် အခြေစိုက်ခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) ဂိုဏ်းများသည် “၁၀၂၇ စစ်ဆင်ရေး” အပြီးတွင် နယ်စပ်ဒေသများမှတစ်ဆင့် သျှမ်းပြည် အတွင်းပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများသို့ အလုံးအရင်းဖြင့် ပျံ့နှံ့ရွှေ့ပြောင်းလာကြောင်း စုံစမ်းသိရှိရသည်။ စစ်ကော်မရှင်၏ ဝါဒဖြန့် မြန်မာ့အလင်းသတင်းစာပါ ထုတ်ပြန်ချက်များအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လ ၂၇...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...