နမ့်ခမ်း TNLA မှ ဆေးဆိုင်ဆေးခန်းများကို အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲဖြစ်

သျှမ်းပြည် နမ့်ခမ်းမြို့တွင် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးဆိုင်ဆေးခန်းများကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ နောက်ဆုံးပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ပေါ်တွင် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်းဆိုင်များကို အခွန်ကောက်ခံခဲ့ရာ ပုဂ္ဂလိက ဆေးရုံအချို့ ယာယီပိတ်ထားရပြီး ဆေးဝါးများလည်း ဈေးကြီးပေး ဝယ်ယူနေရခြင်းကြောင့် ပြည်သူကျန်းမာရေး အခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

“အခု အခွန်ကောက်တာ ကြမ်းနေတယ်၊ ဆေးခန်းတွေဆိုရင် TNLA က သိန်း ၁၂၀ တောင်းတယ် တစ်ခါတည်း ချက်ချင်းပေးရမှာ ခွဲပေးရင် လက်မခံဘူး။ ဆေးဆိုင် အကြီးအသေး သိန်း ၄၀ ကနေ ၆၀ အထိ တစ်နှစ်စာ အဲ့လိုလာတာ။ ဒါကတော့ ကျန်းမာရေးပိုင်း တိုက်ရိုက်ပေါ့၊ ပြည်သူတွေ စားဆေး သောက်ဆေး သွားဝယ်ရင် ဈေးတက်ကုန်တယ်”ဟု နမ့်ခမ်းဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောဆိုသည်။

နမ့်ခမ်းမြို့ပေါ် ဖွင့်လှစ်ထားသည့် ပုဂ္ဂလိက ဆေးရုံဆေးခန်းနှင့် ဆေးပစ္စည်း အရောင်းဆိုင်များကို TNLA မှ အခွန်ကောက်ခံနေခြင်းနှင့် ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံသို့ သျှမ်းသံတော်ဆင့်မှ စာပို့မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

ပုံစာ – ယမန်နှစ် ဇွန်လအတွင်း နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို TNLA မှ ဝင်ရောက်စစ်ဆေးနေစဉ်

ယခုကဲ့သို့ ဆေးပစ္စည်းအရောင်းဆိုင်များကို TNLA မှ အခွန်ကောက်ခံခြင်းကြောင့် ပြည်သူများ ဖျားနာလာပါက ဆေးဖိုးဝါးခ အဆမတန် ကုန်ကျနေရပြီး ယခင်က တစ်သောင်းကျပ် ပေးဝယ်ရသည့် ဆေးတစ်ကဒ်သည် ကျပ်နှစ်သောင်းနီးပါးအထိ ဈေးနှုန်းနှစ်ဆ မြင့်တက်သွားကြောင်း ဒေသခံများထံမှ သိရသည်။

“ဆေးထိုးရင် အပ်တစ်ချောင်းကို အရင်က ၆ ထောင်၊ အခုဆို ၈ ထောင်ကနေ တစ်သောင်းခွဲအထိ တက်သွားတယ်။ သောက်ဆေးကတော့ ဘယ်ဆေးဖြစ်ဖြစ် နှစ်ဆနီးပါး ဈေးတက်သွားတယ်။ ဆေးတစ်ကဒ်ကို အရင်က တစ်သောင်းဆိုရင် အခုက နှစ်သောင်းဖြစ်သွားပြီ။ ပြည်သူတွေရဲ့ ကျန်းမာရေး ပညာရေးက အခြေခံလိုအပ်ချက်ဖြစ်လို့ အခွန်တွေ အများကြီး လျော့ပေးရမှာ”ဟု ၎င်းဒေသခံ အမျိုးသမီးက ဆက်ပြောသည်။

အလားတူ TNLA မှ ဦးဆောင်ဖွင့်လှစ်ထားပြီး CDM ကျန်းမာရေးဝန်ထမ်းများဖြင့် လည်ပတ်နေသည့် နမ့်ခမ်းပြည်သူ့ဆေးရုံတွင် လူနာများ သွားရောက်ကုသမှု ရှိနေသော်လည်း ဆေးဖိုးဝါးခ ကုန်ကျစရိတ် များပြားကြောင်း ဒေသခံများက ပြောဆိုသည်။

“ဆေးရုံကြီးမှာလည်း လူနာတွေ သွားတာရှိတယ်၊ သူလည်း ပုဂ္ဂလိကလိုပဲ ငွေကုန်တာများတယ်။ ဆိုင်ကယ်မှောက်လို့ သွားချုပ်တာ ၇ ချက် ၈ ချက် ချုပ်တာကို ၁၄ သိန်း၊ ၁၅ သိန်း ကုန်တယ်။ ဒါက TNLA ထိုင်ထားတဲ့ နမ့်ခမ်းဆေးရုံကြီးမှာ။ ပြည်သူကျန်းမာရေးအတွက်က မြို့နယ်ဆေးရုံကြီး တစ်ခုထဲ မလုံလောက်နိုင်ဘူး”ဟု နမ့်ခမ်းဒေသခံ အမျိုးသမီးက ထပ်လောင်းပြောကြားသည်။

ပုံစာ – ယမန်နှစ် ဇွန်လအတွင်း နမ့်ခမ်းမြို့ရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများကို TNLA မှ ဝင်ရောက်စစ်ဆေးနေစဉ်

ထို့အပြင် နမ့်ခမ်းမြို့ နောင်စန့်ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ချယ်ရီမြေ ပုဂ္ဂလိကဆေးရုံကိုလည်း TNLA ဘက်မှ အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ ပိတ်ခိုင်းထားခြင်းကြောင့် မတ်လ (၁) ရက်နေ့မှ စတင်ပြီး ယာယီပိတ်ထားရကြောင်း သိရသည်။

ကိုဗစ်ကာလ ကျန်းမာရေး အကြပ်အတည်း ဖြစ်ပွားစဉ်ကတည်းက အားထားခဲ့ရသည့် ၎င်းပုဂ္ဂလိက ဆေးရုံကို မပိတ်သိမ်းရန်အတွက် ရပ်ကွက်နေပြည်သူများကလည်း နမ့်ခမ်းမြို့ရှိ TNLA အုပ်ချုပ်ရေးရုံးသို့ သွားရောက်တောင်းဆိုထားကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...