Wednesday, January 28, 2026

မိုးနဲမြို့နယ် ကားလမ်းဘေးရှိပြောင်းခြံဧက ၁၀၀ ကျော်အား တပ်သိမ်းမြေ၊ သစ်ပင်မခုတ်ရဟုဆိုကာ ယာမြေပိုင်ရှင်များအား တပ်မှ လက်မှတ်ရေးထိုးခိုင်း

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် နမ့်မော်ဆွန်ရွာသားများ၏ ကားလမ်းဘေးတဖက်တချက်ရှိ ဘိုးစဉ်ဘောင် ဆက်ပြောင်းခြံ ဧက ၁၀၀ ခန့်အား တပ်ပိုင်မြေဖြစ်သောကြောင့် သစ်ပင်မခုတ်ရန် သဘောတူ လက်မှတ် ရေးထိုးခိုင်းသဖြင့် ရွာသားများစိုက်ပျိုးရေးအတွက် အခက်အခဲရှိနေကြောင်းသိရသည်။

တပ်သိမ်းမြေဖြစ်ကြောင်း ပိုင်ရှင်များအား မိုးနဲအခြေစိုက်တပ်မှ လက်မှတ်ရေးထိုးခိုင်းမည့် Google Earth မှမြင်တွေ့ရသော ပြောင်းခြံများပြ မြေပုံ

မိုးနဲအခြေစိုက် ခလရ ၂၄၈ မှ ၂၀၁၈ အတွင်းသိမ်းယူမည့်မြေများမှာ မိုးနဲမြို့အထွက် မြို့မြောက်ဘက် ၃ မိုင် ခန့်အကွာ နမ့်မော်ဆွမ့် ရွာသား၏ ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်က ရာသီသီးနှံများ စိုက်ပျိုးလုပ်ကိုင် စားသောက် လာခဲ့သော ရွာသားများပိုင် ခြံမြေများဖြစ်ကြောင်းသိရသည်။

ရွာသားများက မေလ ၂၉ ရက်နေ့က သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးနှင့်အာဏာပိုင်များထံမက ခလရ ၂၄၈ တပ်တွင်းအထိ သွား ရောက်ကာ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တပ်အနေဖြင့် ဇွန်လ ၈ ရက်နေ့တွင် အဆိုပါလယ်မြေများကို ကွင်းဆင်းကြည့်ရှုမည်ဖြစ်ကြောင်း တပ်ပိုင်မြေများဖြစ်သည့်အတွက် သစ်ပင်မခုတ်ရ ၊တောမရှင်းရ စည်းကမ်းချက်အား လယ်သမားများအားလက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ကြောင်း ပြောဆို လိုက်သည်ဟု လယ်မြေပိုင်ရှင် ပီစိုင်းစိုင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဒီယာမြေဟာ ကျနော်တို့ရဲ့နမ့်မော်ဆွမ့်ရွာ၊ ဆွန်မရမ်းရွာ၊ ကွန်နားရွာသားတွေအပြင်၊ မြို့တွင်း ပေါ့မိန်း ရပ်ကွက်ကိုပြောင်းသွားတဲ့ ရွာသားတချို့ရဲ့ မြေတွေဖြစ်တယ်။ ပိုင်ရှင်က ၃၉ ယောက်ပေါ့။ ဘိုးဘွားခေတ် ကတည်းက သီးနှံတွေစိုက်စားလာခဲ့တာဖြစ်တယ်။ ဒီနှစ်လည်းပြောင်းဖူးစိုက်တယ်။ ဒီမြေတွေကိုတပ်က စစ်လေ့ကျင့်ရေးနေရာ အတွက်လုပ်ဖို့သိမ်းလိုက်တယ်ဆိုတော့ ကျနော်တို့ ရွာသားတွေ လယ်ယာစိုက်စားဖို့ မြေမရှိတော့ဘူး။ ကျနော်တို့အနာဂတ် ပျောက်ဆုံးရပါမယ်။ စီးပွါးရေး၊ ပညာရေးကအစ အရာရာ ကျဆုံး ပျက်စီးပါမယ်။ ဒါကြောင့် ကျနော်တို့ခြံပိုင်ရှင်တွေကနေ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေး မှူးတွေဆီကို သွားပြီးဆွေးနွေးပြီးပြီ။ တပ်နဲ့လည်း သွားဆွေးနွေးတယ်။ မသိမ်းဖို့ တောင်းပန်တယ်။ တပ်ကဘာမှ အဖြေမပေးသေးဘူး။ နက်ဖြန်လက်မှတ်ထိုးရမယ်ဘဲပြောတယ်။ လက်မှတ်မထိုးရင် တရားစွဲမယ် တဲ့ကျနော်တို့ကို ။ ဘာလျော်ကြေးမှလည်းမပေးဘူး။” – ဟု ၄င်းကပြောသည်။

အဆိုပါ လယ်ယာမြေများသည် ကားလမ်းဘေး၊ နေရာကောင်းတွင်ရှိသည့်အပြင် ရထားလမ်းနှင့်လည်း နီး ကြောင်းသိရသည်။

အဆိုပါလယ်ယာမြေများအား တပ်ပိုင်အဖြစ်သိမ်းယူမှုတွင် နမ့်မော်ဆွန်အုပ်စု အုပ်ချုပ်ရေးမှူးမှလည်း ကူညီ ဖြေရှင်းပေးနိုင်ခြင်းမရှိကြောင်း မိုးနဲဒေသခံများကပြောသည်။

“တပ်နဲ့အုပ်စုအုပ်ချုပ်ရေးမှူးပေါင်းလုပ်နေတယ်လို့တောင်ကြားတယ်။ အဲ့ကြောင့် ဒီမြေတွေပြသနာက နှစ်ကာလကြာရှည်လည်း မရှင်းနိုင်သေးတာ” – ဟု အမည်မဖော်လိုသည့်မိုးနဲဒေသခံ တောင်သူလယ်သမား တဦးကပြောသည်။

မည်သို့ပင်ဆိုစေ ပြောင်းခြံပိုင်ရှင်များအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ထားကြသည်ဟု ဒေသခံ ခြံပိုင်ရှင်များကပြောသည်။

“ကျနော်တို့လက်မှတ်ထိုးလိုက်တာနဲ့ ကျနော်တို့ထမင်းအိုးမှောက်ပြီဘဲ။ လုံးဝမထိုးဘူး။ ဘယ်လိုဘဲကြုံလာ ကြံုလာ စုပေါင်းရင်ဆိုင်ဖြေရှင်းကြမယ်လို့ဆုံးဖြတ်ထားပါတယ် ”- ဟု ယာမြေပိုင်ရှင် ပီစိုင်းစိုင်း က ပြောသည်။

၄င်းနှင့်ပတ်သက်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းလိန်က – “ပြည်သူ့ ကိုယ်စားလှယ် ပြည်နယ် ကိုယ်စားလှယ်တွေ မြို့နယ်ထွေအုပ်တွေနဲ့ တပ်က အဆုံးအဖြတ်ပေးနိုင်သူတွေ၊ ဒေသခံလူထုအားလုံးပါ၀င်တဲ့အစည်းအဝေးပြုလုပ်သင့်ပါတယ်။ ဒါမှသင့်တော်တဲ့အဖြေရလာမှာ။ ရပ်ကွက်၊ အုပ်စုအုပ်ချုပ်ရေးမှူးတွေဘက်ကနေ ထဲထဲဝင်ဝင်လက်တွဲပူးပေါင်းမှုမရတော့ ပြသနာကဖြေရှင်းလို့ မရသေးတာဖြစ်တယ် ”- ဟု ပြောသည်။

ကားလမ်းနှင့်ကပ်လျက် နမ့်မော်ဆွန်ရွာသားများ၏ ယာမြေများအပြင် အဆိုပါတပ်သည် ကားလမ်းနှင့်အလှမ်းဝေးသော အတွင်းပိုင်း ကျသည့်လယ်ယာမြေဧက ၉၀၀ ကျော်ကို လည်း ၁၉၉၂-၁၉၉၃ ခု နှစ် ကတည်းက တပ်ပိုင်အဖြစ်သိမ်းထားကြောင်း ၊ ရွာသားများအနေဖြင့် ၂၀၁၃ ခုနှစ်က စစ်တပ်ကကျောက်တိုင်လာရောက်စိုက်ထူထားမှသာသိရကြောင်း ရွာသားများပြောပြချက်အရ သိရသည်။

သျှမ်းပြည်နဲ့အဝှမ်းက လယ်ယာအသိမ်းခံရသူတွေကိုမှာချင်တယ်။ နိုင်ငံရေးသမားတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူ့အခွင့်အရေးလှုပ်ရှားနေသူတွေ ကျေးဇူးပြုပြီး ကျနော်တို့ကိုကူညီပေးကြပါ။ အစိုးရနဲ့တပ်မတော်က တခြားနေရာတွေမှာ တပ်သိမ်းမြေတွေကို ရွာသားတွေကိုပြန်ပေးနေတဲ့အချိန်မှာ ကျနော်တို့ဆီမှာတော့ အသစ်အသစ် ထပ်အသိမ်းခံရနေတယ်ဆိုတာ သိစေချင်ပါတယ်။ ကူညီဖြေရှင်းပေးစေချင်ပါတယ်။ တောသူတောင်သားတွေက ပညာရေးမှာရော စီးပွါးရေးမှာရော နိမ့်ကျနေပါသေးတယ်။ အဲတာတွေမြင့်တင်နိုင်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာဖြစ်တဲ့အတွက် အခြေခံကျတဲ့ ၀မ်းရေးလွယ်ကူအဆင်ပြေမှ ကျန်တာတွေလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ – ဟုလည်း နမ့်မော်ဆွန်ရွာသားများကိုယ်စား ပီစိုင်းစိုင်းက ပြောဆိုပါသည်။

” ပြည်သူလူထုအကျိုးကိုရှေးရှုပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းအနေနဲ့ ပြန်လည်စွန့်လွှတ်ရန် ၊ ကျန်မြေများ အား စွန့်လွှတ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် ရန်တိုက်တွန်းလိုပါတယ် ” ဟု လည်းလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များပြန် လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဒုတိယ သမ္မတ ၊ ဦးဟင်နရီဗန်ထီးယူ ကပြောကြားခဲ့ဖူးပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံလာသည့် RCSS ဥက္ကဋ္ဌ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ဒေသခံလူထုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံလာကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့နယ်များရှိ ဒေသခံပြည်သူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လူထုတွေ့ဆုံပွဲများ...

မိုးနဲမြို့နယ် မြေပဲ နှင့် ပြောင်းဖူး ခိုးသူများ အုပ်စုလိုက်ရှိနေ၊ သက်ဆိုင်ရာ အရေးယူခြင်း မရှိ

0
သျှမ်းပြည် လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အတွင်းတွင် ခြံခင်းပိုင်ရှင်များ မယူရသေးသည့် မြေပဲ နှင့် ပြောင်းဖူးများကို လိုက်လံခိုးယူသည့် သူခိုးများက အုပ်စုလိုက်ရှိနေကြောင်း တိုင်တန်းသော်လည်း သက်ဆိုင်ရာ ဝာာဝန်ရှိသူများက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ အချိန်သည် စိုက်ပျိုးထားသည့် ပြောင်းဖူး နှင့် မြေပဲများ နုတ်ယူရန်...

မိုးနဲမြို့နယ် လောင်းကစားဝိုင်း ၇ လကျော်ကြာ ဖွင့်လှစ် သက်ဆိုင်ရာ အရေးယူခြင်းမရှိ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများသည် ၇ လ ကျော်ကြာ ဖွင့်လှစ်ခဲ့ သော်လည်း ယနေ့ အချိန်အထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများသည် လက်ရှိအချိန်တွင် (၃) နေရာ တိုးချဲ့ ဖွင့်လှစ်ထားလျက်ရှိပြီး လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန်...

မိုးနဲမြို့နယ်အတွင်း USDP က မဲဆွယ်စည်းရုံးရေး ကြိုတင်ဆင်းနေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုထဲတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲဆွယ် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် မေလမှစပြီး USDP ပါတီက မိုးနဲမြို့နယ် ကျေးရွာအုပ်စုအတွင်းသို့ USDP ပါတီဝင်များကို ကြိုတင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြောင်း...

သျှမ်းသိုင်းအက မပျောက်ကွယ်ဖို့ ကြိုးစားလက်ဆင့်ကမ်းနေရ

0
သျှမ်းဘောင်းဘီပွပွ၊ သျှမ်းအင်္ကျီကို ဝတ်ဆင်ပြီး ကိုယ်ခန္ဓာကို နွဲ့နှောင်းစွာ  သျှမ်းအိုးစည်သံ နဲ့ အတူ နွဲ့နှောင်းစွာ ဟန်ပြန်ကျကျ ကပြနေတာတွေကို လူတိုင်းတွေ့မြင်ဖူးကြမှာပါ။ သျှမ်းအိုးစည်သံရဲ့  မြူးကြွမှုက လူတယောက်ရဲ့ စိတ်ဓါတ်ကို တက်ကြွစေသလို သိုင်းကွက်နဲ့လူ တသားတည်း ကျနေအောင် ကနေတဲ့ သိုင်းအက ကလည်း တိုက်ခိုက်ရေးပညာ နဲ့...