Wednesday, January 28, 2026

မိုးနဲမြို့နယ်အတွင်း USDP က မဲဆွယ်စည်းရုံးရေး ကြိုတင်ဆင်းနေ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုထဲတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲဆွယ် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။

မိုးနဲမြို့

ပြီးခဲ့သည့် မေလမှစပြီး USDP ပါတီက မိုးနဲမြို့နယ် ကျေးရွာအုပ်စုအတွင်းသို့ USDP ပါတီဝင်များကို ကြိုတင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြောင်း USDP ပါတီ နှင့် နီးစပ်သူထံ သိရသည်။

“အရင်လ ကတည်းက စဆင်းနေတာ။ ၂ ကြိမ်ပဲ ရှိသေးတယ်။ ဒီလမှာ လှုပ်ရှားတာတွေတော့ မတွေ့ဘူး။ အဓိကတော့ သူတို့ ပါတီဝင်တွေကိုခေါ်ပြီးတော့ စည်းဝေးလုပ်တာ။ ပြီးတော့ ကျေးရွာတွေနားသွားတယ်။ ရွေးကောက်ပွဲဖြစ်ရင်တော့ သူတို့ကို မဲပေးဖို့တွေပဲ ပြောတာပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ မဲဆွယ်စည်းရုံးရေးကို ကြိုတင်ပြင်ဆင်ထားသော်လည်း ရွေးကောက်ပွဲ ဖြစ်၊ မဖြစ် မသေချာသည့်အတွက်ကြောင့် ဒေသခံများက USDP ပါတီ အပေါ် ယုံကြည်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

“ ရွေးကောက်ပွဲ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ကြိုတင်ပြင်ဆင်ထားတာပေါ့။ ဒါမဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ကလည်း ရာခိုင်နှုန်း နည်းတာပေါ့။ သူတို့ပြောထားတာတော့ ၈ လပိုင်းပေါ့နော်။ ဖြစ်မဖြစ်လည်း မသေချာဘူးလေ။ အခုနိုင်ငံရေးကလည်း မကောင်းဘူး။ ကျနော်တို့ကတော့ ဖြစ်လာမဲ့ ရွေးကောက်ပွဲ အပေါ်လည်း ယုံကြည်မှု မရှိပါဘူး” ဟု မိုးနဲမြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၃ ခုနှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသွားမည်ဟု ကြေညာထားသော်လည်း နိုင်ငံရေးလေ့လာသူ တချို့က ရွေးကောက်ပွဲ မဖြစ်နိုင်ဟု သုံးသပ်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...