မိုးနဲမြို့နယ် မြေပဲ နှင့် ပြောင်းဖူး ခိုးသူများ အုပ်စုလိုက်ရှိနေ၊ သက်ဆိုင်ရာ အရေးယူခြင်း မရှိ

သျှမ်းပြည် လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အတွင်းတွင် ခြံခင်းပိုင်ရှင်များ မယူရသေးသည့် မြေပဲ နှင့် ပြောင်းဖူးများကို လိုက်လံခိုးယူသည့် သူခိုးများက အုပ်စုလိုက်ရှိနေကြောင်း တိုင်တန်းသော်လည်း သက်ဆိုင်ရာ ဝာာဝန်ရှိသူများက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ အချိန်သည် စိုက်ပျိုးထားသည့် ပြောင်းဖူး နှင့် မြေပဲများ နုတ်ယူရန် အချိန်မကျသေးသည့်အတွက် ခြံခင်းပိုင်ရှင်များ မယူရသေးသည့် ပြောင်းဖူး နှင့် မြေပဲသည် ခိုးယူခြင်းခံရပြီး အချို့ လာရောက်ခိုးသူသည် ထော်လာဂျီ အသေးဖြင့် အုပ်စုလိုက် လိုက်လံခိုးယူမှု ပြုလုပ်နေကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုးနဲမြို့နယ်ရှိ ပြောင်းဖူးခြံ

“ပုံမှန်ဆို ပြောင်းဖူးတို့၊ မြေပဲတို့က နောက်လထဲမှာ ယူလေ့ရှိကြတာပေါ့၊ တချို့ဆိုရင် သီတင်းကျွတ်လမှ ယူကြတာလည်း ရှိတယ်။ အဲ့ဒါကို သူခိုးတွေက ထော်လာဂျီ (အသေး) နဲ့ တချို့က ဆိုင်ကယ် နဲ့ ဆာလာအိတ် နဲ့ လာခိုးကြတာ။ အုပ်စုလိုက်ဆိုတော့ ပိုင်ရှင်တွေလည်း ခြံစောင့်ဖို့ မသွားရဲဘူး၊ သူခိုးတွေ သောင်းကျန်းတာ တော်တော်ဆိုးတယ်” ဟု မိုးနဲမြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်သည် ပြောင်းဖူး ချိုးရန် ၊ မြေပဲနုတ်ရန်အတွက် အချိန်မကျရောက်သေးသည့်အတွက် ပိုင်ရှင်များ မယူသေးခြင်းဖြစ်ကြောင်း ခြံပိုင်ရှင် အမျိုးသားတစ်ဦး ကပြောသည်။

ယင်းကဲ့သို့ သူခိုးများ သောင်းကျန်းခြင်း နှင့် ပတ်သက်ပြီး ခြံခင်းပိုင်ရှင်များမှ မြို့အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများထံသို့ တိုင်ကြားပြောဆိုခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်းလည်း အထက်ပါ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူခိုးတွေက အုပ်စုလိုက် ရှိနေတော့ ခြံပိုင်ရှင်တွေ အနေနဲ့ သွားစောင့်ဖို့ ဆိုတာလည်း ကြောက်ရတယ်လေ။ ဝိုင်းရိုက်ခံရရင် ဘယ်လိုလုပ်မလဲ၊ အဲ့ဒါကြောင့် ပြည်သူ့လုံခြုံရေး တာဝန်ရှိသူတွေကို တိုင်တာ၊ ဘာမှလည်း မလုပ်ပေးဘူး၊ မှတ်တမ်းရေးထား သလောက်ပဲ” ဟု အထက်ပါ မိုးနဲမြို့ခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် နှစ်ထဲတွင် ပြောင်းခြံစောင့်သည့် ခြံပိုင်ရှင်တစ်ဦးသည် ပြောင်းခိုးရန်လာသည့် သူခိုးအုပ်စု၏ ဝိုင်းဝန်း ရိုက်နှက်ခြင်းကို ခံရပြီး ဒဏ်ရာပြင်းထန်စွာ ရခဲ့သည့်ဖြစ်စဥ် ဖြစ်ခဲ့ဖူးကြောင်းလည်း သိရသည်။

လက်ရှိ ပြောင်းဈေးကာလပေါက်ဈေးသည် ၅၀ ကီလို အိတ်တစ်အိတ်ကို တရုတ်ယွမ်ငွေ (၈၀) ဝန်းကျင် ၊ မြန်မာ ငွေကျပ် ၄၀,၀၀၀ (လေးသောင်း) ဝန်းကျင် ရရှိနေသည့်အတွက် သူခိုးများက ပြောင်းဖူးကို ခိုးယူမှု များနေခြင်းဖြစ်နိုင်ကြောင်းလည်း ခြံခင်းပိုင်ရှင် တစ်ဦး ကပြောသည်။

ထို့အပြင် မိုးနဲမြို့နယ်အတွင်း၌ လောင်းကစားဝိုင်းများ ပေါ်တင်ဖွင့်လှစ်နေသည့်အတွက် ဒေသအတွင်း မျက်နှာစိမ်း ဝင်ရောက်သွားလာမှု များနေပြီး ခိုးယူလုယက်မှုလည်း များနေရခြင်းဖြစ်ကြောင်း ဒေသခံများက ဝေဖန်ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်း ဧကထောင်ချီပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း မှ ပြောင်းစိုက်တောင်သူများ ပေါင်းသတ်ဆေး မှားယွင်းသုံးစွဲမှုကြောင့် ပြောင်းဧက ထောင်ချီ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ်နှင့် ပင်လောင်းမြို့နယ်မှ ပြောင်းစိုက်တောင်သူများသည် “ဟုန်းဟုန်းတောက်” တံဆိပ် ပြောင်းပေါင်းသတ်ဆေးကို သုံးပြီးနောက် ပြောင်းပင်များ ခြောက်လာပြီး သေဆုံးကုန်ကြောင်း ပြောင်းစိုက်ပျိုးသည့် တောင်သူများက ပြောသည်။ ထိုသို့ ပြောင်းပေါင်းသတ်ဆေး သုံးစွဲမှုကြောင့် တရွာလုံးအနေထားဖြင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...