သျှမ်းတောင် ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံလာသည့် RCSS ဥက္ကဋ္ဌ

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ဒေသခံလူထုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံလာကြောင်း စုံစမ်းသိရသည်။

မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့နယ်များရှိ ဒေသခံပြည်သူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လူထုတွေ့ဆုံပွဲများ ဆက်တိုက်ပြုလုပ်လာသည်။

၎င်းမြို့နယ်များရှိ RCSS ထိန်းချုပ်နယ်မြေများတွင် အခြေခံစစ်သင်တန်း တက်ရောက်နေသူများကိုလည်း တပြိုင်နက်တည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။

ယနေ့ (ဧပြီလ ၁ ရက်)တွင် မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူ ထောင်နှင့်ချီသည် စစ်ဝတ်စုံဖြင့် ရောက်ရှိလာသည့် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို ကြိုဆိုနေသည့် ပုံများကို Tai Freedom မီဒီယာမှ ထုတ်ပြန်လာသည်။

အလားတူ မတ်လ ၂၈ ရက်တွင် မိုင်းပန်မြို့နယ်အတွင်းရှိ RCSS ထိန်းချုပ်နယ်မြေများတွင် အခြေခံစစ်သင်တန်း တက်ရောက်နေသူများကို RCSS ဥက္ကဋ္ဌမှ သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတစ်ရက်တည်းတွင် လင်းခေးမြို့နယ်တွင် စစ်သင်တန်း တက်ရောက်နေသူများကို တွေ့ဆုံခဲ့သည်။

မတ်လ ၂၉ ရက်တွင် လင်းခေးမြို့နယ်ရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး RCSS ဥက္ကဋ္ဌမှ လက်ရှိနိုင်ငံရေးအခြေအနေ၊ အဖွဲ့အစည်း၏ မူဝါဒနှင့် သျှမ်းအမျိုးသား သွေးစည်းညီညွတ်ရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံပြည်သူများနှင့်လည်း အမေးအဖြေ ပြုလုပ်ခဲ့ကြောင်း

ထို့အပြင် RCSS တပ်ဖွဲ့မှ စိုင်းစိုင်းငင်းက ဒေသခံပြည်သူလူထုနှင့် အခြေခံစစ်သင်တန်း တက်ရောက်နေသည့် သင်တန်းသား/သူများကို နိုင်ငံရေးသဘောတရားများ ဟောပြောခဲ့ကြောင်း Tai Freedom မီဒီယာတွင် ဖော်ပြထားသည်။

မတ်လ ၃၀ ရက် နံနက်ပိုင်းတွင်လည်း နမ့်စန်မြို့နယ်အတွင်းရှိ RCSS ထိန်းချုပ်နယ်မြေတွင် စစ်သင်တန်းတက်ရောက်နေသူများကိုလည်း ထပ်မံသွားရောက်၍ တွေ့ဆုံအားပေးခဲ့ပြီး ညနေပိုင်းတွင် ဒေသခံပြည်သူများနှင့် လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ဖေဖော်ဝါရီလ အတွင်းကလည်း မိုင်းပန်၊ ကျိုင်းတောင်း၊ ကာလိနှင့် ကွန်ဟိန်မြို့နယ်များရှိ ဒေသခံများကိုလည်း RCSS ဥက္ကဋ္ဌက လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။

RCSS တပ်ဖွဲ့အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် တပ်သားသစ် စတင်ဖိတ်ခေါ်ပြီးနောက် စစ်ရေးပဋိပက္ခကာလ သျှမ်းပြည်တွင် နေထိုင်သည့် မည်သည့်တိုင်းရင်းသား လူမျိုးမဆို အသက် ၁၈ နှစ်မှ ၄၅ နှစ်အထိ ကျား၊ မ အားလုံး သျှမ်းပြည်အမျိုးသားရေး တာဝန် ထမ်းဆောင်နိုင်ရန်အတွက် RCSS/SSA ၏ စစ်မှုထမ်းမူဝါဒကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထပ်မံထုတ်ပြန်ထားသည်။

၎င်းနောက်တွင် RCSS တပ်ဖွဲ့ထံသို့ ဝင်ရောက်စစ်မှုထမ်းဆောင်ပါက စစ်ကောင်စီထံမှ ကင်းလွတ်ခွင့်ရမည်ဖြစ်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစိုင်းခမ်းစံက သျှမ်းသံတော်ဆင့်ကို ဖေဖော်ဝါရီလ ၁၉ ရက်တွင် ဖြေကြားထားသည်။

ပြီးခဲ့သည့် မတ်လ ၁၇/၁၈ ရက်က ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့၏ မျက်နှာစုံညီ အစည်းအဝေးတွင်လည်း “7 EAO Alliance” (၇)ဖွဲ့က ထိန်းချုပ်ထားသည့် နယ်မြေဒေသ အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၏ အုပ်ချုပ်ရေးစနစ်ဖြင့် စတင်အုပ်ချုပ်သွားရမည် ဖြစ်ကြောင်း RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောဆိုခဲ့သည်။

အခြားတစ်ဘက်တွင် NCA အပစ်ရပ် ၇ ဖွဲ့နှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ မတ်လ ၂၉ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး RCSS တပ်ဖွဲ့မှ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စဝ်ဆောင်းဟန် တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

 RCSS နှင့် SSPP နှစ်ဘက်ထိပ်သီးခေါင်ဆောင်များ ကွန်ဟိန်းမြို့တွင်တွေ့ဆုံ

0
သျှမ်းပြည် ကွန်ဟိန်းမြို့နယ်တွင်  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တို့ ထိပ်သီးခေါင်းဆောင်များ ယုံကြည်မှု တည်ဆောက်သည့်သဘောဖြင့် အလွတ်တွေ့ဆုံခဲ့ကြောင်း စုံစမ်းသိရသည်။  ပြီးခဲ့သည့် (မတ် ၂)ရက်တွင် ကွန်ဟိန်းမြို့နယ် မွေတော်နမ့်ဆွမ်စေတီ ထီးတင်ပွဲသို့ RCSS/SSA တပ်ဖွဲ့မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် နှင့် SSPP /SSA ဘက်မှ ဒုတိယဉက္ကဌ (၃) ဗိုလ်ချုပ်ကြီး ဆေပိုင်ဖ၊...

RCSS ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးယွက်စစ် ပြန်ရွေးချယ်ခံရ

0
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး ယွက်စစ်အား ပြန်လည်ရွေးချယ်လိုက်ပြီး နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းမှတစ်ဆင့် ဆက်လက်အဖြေရှာသွားမည်ဟု RCSS ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) တွင် ထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့သည့် RCSS ၏...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လေတပ်နှင့် စစ်တိုင်း အခြေစိုက်ရာ နမ့်စန်မြို့နယ် ကြံ့ခိုင်ရေး အနိုင်ရရေး စစ်တိုင်းမှူး ကွင်းဆင်း ဖိအားပေး

0
သျှမ်းတောင် လေတပ် အခြေစိုက် စခန်းနှင့် စစ်တိုင်း တည်ရှိရာ နမ့်စန်မြို့နယ်တွင် ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး အတွက် စစ်တိုင်းမှူး ကိုယ်တိုင် ကွင်းဆင်း ဖိအားပေးနေသည်ဟု ဒေသခံများက ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြောသည်။ စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်ရာ ခိုလမ်မြို့သည်...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။