မိုးနဲမြို့နယ် လောင်းကစားဝိုင်း ၇ လကျော်ကြာ ဖွင့်လှစ် သက်ဆိုင်ရာ အရေးယူခြင်းမရှိ

သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများသည် ၇ လ ကျော်ကြာ ဖွင့်လှစ်ခဲ့ သော်လည်း ယနေ့ အချိန်အထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။

မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများသည် လက်ရှိအချိန်တွင် (၃) နေရာ တိုးချဲ့ ဖွင့်လှစ်ထားလျက်ရှိပြီး လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန် ဒေသခံများက အာဏာပိုင်များထံ တိုင်ကြားခဲ့သော်လည်း အရေးယူ ပိတ်သိမ်းပေးခြင်း မရှိကြောင်း ဒေသခံ အိုက်လော (နာမည်လွှဲ) က ပြောသည်။

“လောင်းကစားဝိုင်း ပိတ်ဖို့ တိုင်တာကတော့ တစ်ကြိမ် နှစ်ကြိမ် မကတော့ဘူး။ ဒါပေမဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ နေနေသာသာ သူတို့ ကိုယ်တိုင်က အဲ့လောင်းကစားဝိုင်းတွေမှာ ဝင်ကစားနေတာ၊ စစ်တပ်က ဗိုလ်ကြီးတွေ၊ ရဲတွေ လည်း နေ့တိုင်းနီးပါးလာပြီး ကစားနေကြတာ” ဟု မိုးနဲမြို့ က အိုက်လော (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လွိုင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းသည် ဧပြီလအတွင်းမှ စတင်ဖွင့်လှစ်ခဲ့ပြီး မိုးနဲမြို့နယ် ဒေသခံများအပြင် တခြားဒေသများလည်း လာရောက် ဆော့ကစားကြကြောင်း သိရသည်။

လောင်းကစားဝိုင်းများ ဖွင့်လှစ်ရန်အတွက် လောင်းကစားဒိုင်သည် မြို့နယ် အုပ်ချုပ်ရေးမှူး၊ စည်ပင် နှင့် ဒေသအတွင်း အာဏာပိုင်များထံသို့ အခွန်ပေးထားခြင်းဖြစ်ကြောင်း မိုးနဲမြို့မှ အသက် (၃၀) ဝန်းကျင် အမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခွန်ပေးပြီး ဖွင့်ထားလို့၊ တစ်ဖက်ကလည်း အခွန်လက်ခံထားလို့ လောင်းကစားဝိုင်းက မပိတ်တာ၊ ဒီဘက်မှာ တော့ လိုင်းကြေးလို့ ခေါ်တာပေါ့နော်။ အဲ့ဒီ လိုင်းကြေးကို အမြှောက်တပ်၊ တပ်နယ်မှူး၊ စရဖ၊ ထွေအုပ် မြို့နယ်ရဲ တပ်ဖွဲ့မှူး ၊ မြို့နယ်စခန်းမှူး ဒါတွေက လက်ခံပြီး ဖွင့်ခွင့်ပြုထားတာ၊ လောင်းကစားဝိုင်းထဲမှာ ပုံမရိုက်ဖို့လည်း တားမြစ်ထားတယ်” ဟု အသက် (၃၀) ဝန်းကျင် မိုးနဲမြို့ခံ အမျိုးသားက သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယင်းကဲ့သို့ ကာလရှည်ကြာ လောင်းကစားဝိုင်း ဖွင့်လှစ်နေသည့်အတွက် မိုးနဲမြို့နယ်အတွင်း မျက်နှာစိမ်းဝင်ထွက် သွားလာမှု များပြားပြီး၊ ခိုးယူလုယက်မှုများကလည်း ပိုမိုများပြားလာကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“ရပ်ကွက်ထဲမှာကော ဘုန်းကြီးကျောင်းမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေ မကြာခဏ ပျောက်ကြတယ်၊ ပြီးတော့ မျက်နှာစိမ်းတွေ များလာတော့ ဘယ်သူ့ကို့မှ မယုံရဲတော့တဲ့ထိ ဖြစ်လာတယ်။ ဒါက လောင်းကစားဝိုင်းရဲ့ အကျိုးဆက်ပဲဖြစ်တယ်၊ ဒါကြောင့် လောင်းကစားဝိုင်းတွေကို ပိတ်ပေးစေချင်တာ” ဟု အသက် (၃၀) ဝန်းကျင် အမျိုးသားက ဆက်လက် ပြောဆိုထားသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် သျှမ်းပြည်အတွင်း မြို့နယ်အများစု၌ လောင်းကစားဝိုင်းများ၊ အွန်လိုင်းလိမ်လည်မှုများ ပိုမိုပေါများလာသလို နေအိမ် အတွင်းထိ ပြန်ပြေးဆွဲမှုများလည်းရှိပြီး သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီး အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မိုးနဲမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များ အနေဖြင့် စစ်ကောင်စီတပ်အပြင် SSS ပြည်သူ့စစ်တပ်တို့ က သွားလာ လှုပ်ရှားသည့် ဒေသဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...