Wednesday, January 28, 2026

သျှမ်းသိုင်းအက မပျောက်ကွယ်ဖို့ ကြိုးစားလက်ဆင့်ကမ်းနေရ

သျှမ်းဘောင်းဘီပွပွ၊ သျှမ်းအင်္ကျီကို ဝတ်ဆင်ပြီး ကိုယ်ခန္ဓာကို နွဲ့နှောင်းစွာ  သျှမ်းအိုးစည်သံ နဲ့ အတူ နွဲ့နှောင်းစွာ ဟန်ပြန်ကျကျ ကပြနေတာတွေကို လူတိုင်းတွေ့မြင်ဖူးကြမှာပါ။

သိုင်းရိုးရာအက

သျှမ်းအိုးစည်သံရဲ့  မြူးကြွမှုက လူတယောက်ရဲ့ စိတ်ဓါတ်ကို တက်ကြွစေသလို သိုင်းကွက်နဲ့လူ တသားတည်း ကျနေအောင် ကနေတဲ့ သိုင်းအက ကလည်း တိုက်ခိုက်ရေးပညာ နဲ့ အကပညာကို ပြီးပြည့်စုံစေတဲ့ အချိုးတစ်ခုနဲ့ ပေါင်းစပ်ထားပါတယ်။

အဲ့ဒီ ကကွက်ကိုမြင်လိုက်တာ နဲ့ သျှမ်းလူမျိုးရဲ့ သိုင်းအက ဆိုပြီး ခေါ်ဝေါ်ကြပါတယ်။

ဒီလို သိုင်းကကွက်တွေ ပပျောက်မသွားဖို့အတွက်လည်း ခေတ်လူငယ်တွေ ကြိုးစားပြီး သင်ယူ နေကြတာကိုလည်း တွေ့မြင်ရပါတယ်။

သိုင်းအက

“ ကျနော် ငယ်ကတည်းက သိုင်းပညာကို စိတ်ဝင်စားခဲ့တာ။ ငယ်ကတည်းက သိုင်းလို့ ပြောတာနဲ့ သူများ သိုင်းကစား တာမြင်တာနဲ့ ကျနော်လည်း တအား သိုင်းတက်ချင်တာ။ အဲ့ဒါနဲ့ အဘိုးဆီကနေပဲ သင်ခဲ့တာ” လို့ စိုင်းရွက်ငင်း က ဆိုပါတယ်။

စိုင်းရွက်ငင်းဟာ အသက် ၁၈ နှစ် အရွယ်သာရှိခဲ့ပြီး မိုးနဲမြို့က လိုင်းမွန်းသိုင်းပညာကို သင်ယူခဲ့ရာ အဲ့ဒီပညာနဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရတဲ့သူ ဖြစ်တဲ့အပြင် ရွှေတံဆိပ် ၃ ခု ပိုင်ရှင်လည်း ဖြစ်နေပါတယ်။

သူဟာ ၂၀၁၇ ခုနစ် မှာ အဘိုးဖြစ်သူ လိုင်းမွန်း ဒုတိယ မျိုးဆက်ဖြစ်တဲ့ လုံးစိုင်းခင်သောင်းနိုင် ကနေ စတင်ယူခဲ့ပါတယ်။

သိုင်းအက

စိုင်းရွက်ငင်းဟာ လူငယ်တစ်ယောက်ဆိုပေမဲ့ ရိုးရာသိုင်းပညာကို မြတ်နိုးပြီး ကျွမ်းကျင်သည်အထိ လေ့လာသင်ယူမှု ပြုလုပ်ခဲ့တဲ့အတွက် မြို့နယ်အဆင့်၊ ပြည်နယ်အဆင့်အထိ ပထမဆုရ ရွှေတံဆိပ်ဆုရှင် သုံးကြိမ် တိုင်တိုင် ရရှိခဲ့သူလည်း ဖြစ်နေပါတယ်။

သူဟာ တဖက်မှာလည်း ရိုးရာသိုင်းပညာကို လေ့လာနေသူဖြစ်သလို တဖက်မှာလည်း သူတတ်မြောက်တဲ့ ရိုးရာသိုင်းပညာကို လည်း လက်ဆင့်ကမ်းပေးနေသူပါ။

“ကျနော် သိုင်းစတင်လေ့လာချိန်ကစပြီး ဒီ လိုင်းမွန်းကို ဆရာအဘိုးက အခြေခံကျကျ သင်ပေး၊ လေ့ကျင်ပေး ထားတော့ အခက်အခဲ သိပ်တော့ မရှိပါဘူး။ အခုတော့ ကျနော်တစ်ယောက်တည်းပဲ ဒီ မိုးနဲမြို့က ညီငယ်၊ ညီမငယ်တွေ မိတ်ဆွေတွေကို ဆရာအဘိုးကိုယ်စား လိုင်းမွန်းသိုင်းပညာကို ဆက်လက် သင်ကြားပေးနေတယ်” လို့ စိုင်းရွက်ငင်းက ပြောပါတယ်။

သိုင်းအက

သူဟာ လိုင်းမွန်း ဒုတိယမျိုးဆက် ဆရာကြီး ဉီးစိုင်းခင်သောင်းနိုင် မကွယ်လွန်ခင် မိုးနဲမြို့ သျှမ်းလူငယ်တွေကို လိုင်းမွန်းသိုင်း ပညာကို  လက်ဆင့်ကမ်းပေးအပ်ပြီး သိုင်းပညာ မျိုးစေ့ချပေးခဲ့ပါတယ်။ လက်ရှိမှာတော့ စိုင်းရွက်ငင်း ဟာ မိုးနဲမြို့ လိုင်းမွန်းရဲ့ စတုတ္ထ မျိုးဆက်တစ်ဦးလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးတွေ အများကြီးရှိသလို သူတို့ရဲ့ ကိုယ်ပိုင်ကိုယ်ခံပညာတွေ အသီးသီး ရှိကြသော်လည်း အိုးစည်ဗုံးမောင်းတို့နဲ့ အတူ ယှဥ်တွဲကပြရတဲ့ ဟန်မာန်အပြည့်ပါတဲ့ သျှမ်းတို့ရဲ့ လိုင်းမွန်း သိုင်းပညာက လွှမ်းမိုးထားတယ် လို့လည်း ပညာရှင်တွေက ပြောဆိုသုံးသပ်ကြပါတယ်။

ဆုတံဆိပ်ရ

ပြီးပြည့်စုံတဲ့ သျှမ်းရိုးရာ သိုင်းပညာမှာ အမျိုးအစား (၁၀) မျိုး ခွဲခြားထားပြီး အခြေခံကျတဲ့ လိုင်းမွန်း သိုင်းဟာလည်း ပျော့ပျောင်း ညှင်သာမှုကို အခြေခံထားတဲ့ သိုင်းကွက်ဖြစ်ပါတယ်။

လိုင်းမွန်းသိုင်းဟာ ပျော့ပျောင်းညင်သာမှု နဲ့ စတင်ထားတဲ့ သိုင်းကွက်အဖြစ် ထူးခြားသလို သိုင်းပညာရဲ့ အစဖြစ်တယ်လို့ လည်း မိုးနဲမြို့နယ်မှ လိုင်းမွန်း တတိယမျိုးဆက် ဆရာ ဗီဒီးစိုင်းရဲကျော်သူက ပြောဆို ရှင်းပြပါတယ်။

“ဆရာတို့ လိုင်းမွန်း ပင်မသိုင်း အဖွဲ့ဆိုတာ လိုင်းမွန်းသိုင်းပညာစင် အမည်ကို အဖွဲ့အမည်အဖြစ် ခေါ်ဝေါ် အမည် ပေးထားတာပါ၊ လိုင်းမွန်း ဆိုတာက စက်ဝိုင်းလမ်းကြောင်းအတိုင်း အသုံးပြုရသော သိုင်းပညာ ဖြစ်ပြီးတော့ သျှမ်း သိုင်း (၁၀) မျိုးထဲက အခြေခံ အကျဆုံး အကွက်ပဲ၊ သူ့မှာက အခြေခံ သိုင်းကွက် (၇) ကွက် တတ်ပြီးရင် စိတ်အခြေ အနေ အရ သိုင်းအဆင့်တွေကို ပြောင်းလဲနိုင်စွမ်းရှိတယ်၊ စိတ်ငြိမ်ရင် ငြိမ်သလောက်၊ စိတ်ဆိုးနေရင်လည်း ဆိုးသလောက် သိုင်းကွက်က ကွာတယ်” လို့  လိုင်းမွန်း တတိယ မျိုးဆက် ဆရာ ဗီဒီးစိုင်းရဲကျော်သူက ပြောပါတယ်။

သိုင်းအက

မိုးနဲမြို့က လိုင်းမွန်းသိုင်း မျိုးဆက်အပြင် မြန်မာပြည်တခွင် ကျယ်ပြန့်စွာ သိုင်းပညာ လက်ဆင့်ကမ်း မျှဝေနေတဲ့ ထင်ရှားတဲ့ သျှမ်းသိုင်း အဖွဲ့တွေလည်း ရှိနေကြောင်း ဆရာဗီဒီးစိုင်းရဲကျော်သူ က ရှင်းပြပါတယ်။

အဲ့ဒီ သိုင်းအဖွဲ့အစည်းထဲက တချို့သိုင်းအဖွဲ့ဟာ မြောက်ပိုင်းသျှမ်းပြည် မှ ထင်ရှား‌ကျော်ကြားသော သျှမ်းသိုင်း ဆရာကြီးများ မှ ဆင်းသက်လာတဲ့ သိုင်းအဖွဲ့တွေ ဖြစ်ပြီး တစ်ချို့ အဖွဲ့များကလည်း သျှမ်းပြည် တောင်ပိုင်းရှိ သျှမ်းသိုင်းဆရာကြီး များမှ လက်ဆင့်ကမ်း ဆင်းသက်လာသော ပညာစင်များ ဖြစ်တယ်လို့ ပြောပါတယ်။

သျှမ်းပြည်အတွင်း ထင်ပေါ်ကျော်ကြားတဲ့ သိုင်းတွေကတော့ လိုင်းခူးကာချန့် {သိုင်းပြောင်းပြန်}၊ လိုင်းတိုင်းဟောဝ် {သိုင်းမဟာ}၊ မြတ်စောညီနောင် သိုင်းအဖွဲ့ ၊လူငယ့်သိုင်း ဦးချစ်သန်းသိုင်းအဖွဲ့ ၊ လိုင်းချင့် သိုင်းအဖွဲ့၊ အနန္တသိပ္ပံ သျှမ်းတလုတ်သိုင်းအဖွဲ့ တွေဖြစ်ပါတယ်။

အဲ့ဒီသိုင်းတွေဟာ သျှမ်းပြည်သာမက အောက်မြန်မာပြည်အထိ ထင်ရှားကျော်ကြားတဲ့ သျှမ်းသိုင်းအနွယ် သိုင်းအဖွဲ့တွေ ဖြစ်ကြပါတယ်။

လိုင်းမွန်းသိုင်းဟာ တခေတ်တခါက သျှမ်းပြည် တခွင်သာမက မြန်မာပြည်မ အထိပါ တွင်ကျယ်စွာ ပျံ့နှံ့ခဲ့ပါတယ်။

လက်ရှိမှာဆိုရင် မိုးနဲမြို့နယ်မှာ လိုင်းမွန်း စတုတ္ထမျိုးဆက် ဖြစ်တဲ့ စိုင်းရွက်ငင်း ကနေ လိုင်းမွန်းသိုင်းပညာတွေ ကို နောက်မျိုးဆက်တွေဆီ လက်ဆင့်ကမ်း သင်ကြားပေးနေပေမဲ့ စိတ်ဝင်တစား လေ့လာလိုက်စားသူ နည်းပါးနေဆဲပါ။

သိုင်းအက

ဒါ့အပြင် စိုင်းရွက်ငင်းတယောက် က လိုင်းမွန်းသိုင်းပညာ အပါအဝင် တခြားသော သျှမ်းရိုးရာ သိုင်းပညာတွေ ပိုမို ပျံ့ပွားစေဖို့ ရေရှည်တည်တံ့ခိုင်မြဲဖို့အတွက် စိတ်ဆန္ဒ ရှိတဲ့သူလည်း ဖြစ်ပါတယ်။

“ကျနော်တို့ လိုင်းမွန်းသိုင်း အပါအဝင် သျှမ်းရိုးရာ သိုင်းတွေ ဒီထက် မတိမ်ကောစေဖို့အတွက် လူတွေ ပိုစိတ်ဝင် စားလာအောင် ဆွဲဆောင်နိုင်ရမယ်။ သင်တန်းတွေ တတ်နိုင်သလောက် အားဖြည့်ပြီး ဖွင့်ပေးရမယ်။ ဒီအရာကို ဆက်လက် ထိန်းသိမ်း နိုင်ဖို့ကလည်း ကျတော်တို့ မျိုးဆက်သစ်တွေအပေါ်မှာ အများကြီး မျှော်လင့်ထားလို့ရပါတယ်။ နောက်ဆုံး ကျတော်တို့ ဘက်ကလဲ တတ်နိုင်သမျှ public ကို ချပြနိုင်ဖို့ ပိုကြိုးစားဖို့လိုတယ်” လို့ စိုင်းရွက်ငင်းက ပြောပါတယ်။

သိုင်းအက

 ရိုးရာအမွေကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတော် အစိုးရက မြန်မာ့ရိုးရာ သိုင်းအဖွဲ့ချုပ်ကို ဖွဲ့စည်းထားပေမဲ့ တကျောင်းတဂါထာ၊ တရွာတပုဒ်ဆန်း ဆိုသလို အဖွဲ့ချုပ်ရဲ့ပြင်ပမှာ အခြားသိုင်းပညာ လက်ခွဲဂိုဏ်းတွေ အများကြီး ရှိခဲ့ပါတယ်။

လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေနဲ့ ပြည်တွင်းကို ပျံ့နှံ့လာတဲ့ နိုင်ငံခြား ကိုယ်ခံပညာ အားကစားတွေ ရဲ့ ထိုးဖောက် ဝင်ရောက်မှုကလည်း သျှမ်းရိုးရာ လိုင်းမွန်းသိုင်းပညာကို မျက်နှာစာ တဖက်အပေါ် ခြိမ်းခြောက်နေပါတယ်။

ဒါ့ကြောင့် နောင်တခေတ်တခါမှာ သီးခြားဂုဏ်ရည်ရှိတဲ့ သျှမ်းတို့ရဲ့ ယဥ်ကျေးမှုဆိုင်ရာ ရိုးရာသိုင်းပညာ ပျောက်ကွယ်မသွားဖို့ သျှမ်းရိုးရာ သိုင်းသမားတွေက ကြိုးစားလက်ဆင့်ကမ်းနေကြရတဲ့ အခြေအနေ ရောက်နေပါပြီ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင် ဒေသခံလူထုနှင့် ဆက်တိုက်တွေ့ဆုံလာသည့် RCSS ဥက္ကဋ္ဌ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ဒေသခံလူထုကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံလာကြောင်း စုံစမ်းသိရသည်။ မတ်လ နောက်ဆုံးပတ်မှ စတင်ပြီး လင်းခေးခရိုင်အတွင်းရှိ မိုင်းပန်၊ မောက်မယ်၊ လင်းခေး၊ မိုးနဲနှင့် နမ့်စန်မြို့နယ်များရှိ ဒေသခံပြည်သူများကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က လူထုတွေ့ဆုံပွဲများ...

မိုးနဲမြို့နယ် မြေပဲ နှင့် ပြောင်းဖူး ခိုးသူများ အုပ်စုလိုက်ရှိနေ၊ သက်ဆိုင်ရာ အရေးယူခြင်း မရှိ

0
သျှမ်းပြည် လင်းခေးခရိုင်၊ မိုးနဲမြို့နယ် အတွင်းတွင် ခြံခင်းပိုင်ရှင်များ မယူရသေးသည့် မြေပဲ နှင့် ပြောင်းဖူးများကို လိုက်လံခိုးယူသည့် သူခိုးများက အုပ်စုလိုက်ရှိနေကြောင်း တိုင်တန်းသော်လည်း သက်ဆိုင်ရာ ဝာာဝန်ရှိသူများက အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိ အချိန်သည် စိုက်ပျိုးထားသည့် ပြောင်းဖူး နှင့် မြေပဲများ နုတ်ယူရန်...

မိုးနဲမြို့နယ် လောင်းကစားဝိုင်း ၇ လကျော်ကြာ ဖွင့်လှစ် သက်ဆိုင်ရာ အရေးယူခြင်းမရှိ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ လောင်းကစားဝိုင်းများသည် ၇ လ ကျော်ကြာ ဖွင့်လှစ်ခဲ့ သော်လည်း ယနေ့ အချိန်အထိ ပိတ်သိမ်းခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ မိုးနဲမြို့နယ်၊ လွိုင်မြေရပ်ကွက်အတွင်း ဖွင့်လှစ်နေသည့် လောင်းကစားဝိုင်းများသည် လက်ရှိအချိန်တွင် (၃) နေရာ တိုးချဲ့ ဖွင့်လှစ်ထားလျက်ရှိပြီး လောင်းကစားဝိုင်းများ ပိတ်သိမ်းပေးရန်...

မိုးနဲမြို့နယ်အတွင်း USDP က မဲဆွယ်စည်းရုံးရေး ကြိုတင်ဆင်းနေ

0
သျှမ်းပြည် လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုထဲတွင် ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ကြိုတင်မဲဆွယ် စည်းရုံးရေး ဆင်းနေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် မေလမှစပြီး USDP ပါတီက မိုးနဲမြို့နယ် ကျေးရွာအုပ်စုအတွင်းသို့ USDP ပါတီဝင်များကို ကြိုတင်ပြီး မဲဆွယ်စည်းရုံးရေး ဆင်းခဲ့ကြောင်း...

မိုးနဲမြို့နယ် ပြည်သူ့စစ်ရှိလာအောင် စစ်ကောင်စီက လုပ်ဆောင်နေ

0
သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျေးရွာဒေသများထဲတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ကာကွယ်ရေးဟု ဆိုကာ လူထု စာရင်းကောက်ယူနေလျက်ရှိကြောင်း သိရသည်။ မိုးနဲမြို့နယ်တွင် ယခုလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေး နှင့် ပြည်သူ့ကျန်းမာရေး ကြက်ခြေနီအဖွဲ့များဟုဆိုကာ လူထုနာမည်စာရင်းကောက်ထားပြီး အဖွဲ့ ဖွဲ့စည်းထားခိုင်းကြောင်း သိရသည်။ “မြို့ထဲမှာတော့ ကျနော်အသေးစိတ်မကြားရသေးဘူး။ ကျေးရွာဘက်မှာဆိုရင်တော့ အကုန်လုံးနာမည်စာရင်းတွေကိုကောက်နေတာ။...