မိုးနဲမြို့နယ် ပြည်သူ့စစ်ရှိလာအောင် စစ်ကောင်စီက လုပ်ဆောင်နေ

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် ကျေးရွာဒေသများထဲတွင် စစ်ကောင်စီလက်အောက်ခံ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ က ပြည်သူ့ကာကွယ်ရေးဟု ဆိုကာ လူထု စာရင်းကောက်ယူနေလျက်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် ယခုလမှစတင်ပြီး ပြည်သူ့ကာကွယ်ရေး နှင့် ပြည်သူ့ကျန်းမာရေး ကြက်ခြေနီအဖွဲ့များဟုဆိုကာ လူထုနာမည်စာရင်းကောက်ထားပြီး အဖွဲ့ ဖွဲ့စည်းထားခိုင်းကြောင်း သိရသည်။

“မြို့ထဲမှာတော့ ကျနော်အသေးစိတ်မကြားရသေးဘူး။ ကျေးရွာဘက်မှာဆိုရင်တော့ အကုန်လုံးနာမည်စာရင်းတွေကိုကောက်နေတာ။ ပြီးတော့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ ပြည်သူ့ကြက်ခြေနီအဖွဲ့ဆိုပြီးဖွဲ့ခိုင်းထားတာ။ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြည်သူ့စစ်လိုမျိုးဖြစ်အောင် လုပ်ပေးမှာ။ သူတို့လက်နက်ချပေးတာမျိုးတော့ မရှိဘူး” ဟု မိုးနဲမြို့ အသက် (၅၀)အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် မိုးနဲမြို့နယ်အတွင်း လူထုစာရင်းကောက်နေခြင်းသည် လာမည့် ၂၀၂၃ မှာ ကျင်းပမည့် ရွေးကောက်ပွဲအတွက် အကြောင်းပြုပြီး ကောက်နေကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ကျေးရွာအုပ်ချုပ်ရေးမှူးမှ စည်းဝေးဖိတ်ခေါ်စာ

လက်ရှိတွင် မိုးနဲမြို့နယ်အတွင်း အောက်မြန်မာပြည်က လာသည့် မျက်နှာစိမ်း ပြည်သူလည်း အများအပြား ဝင်ရောက်လာကြောင်း အသက် (၄၀) အရွယ်ရှိ မိုးနဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ကျနော်တို့ မိုးနဲထဲမှာဆိုရင် မျက်နှာစိမ်းတွေလည်း အရမ်းများလာတယ်။ မိုးနဲထဲကို အောက် မြန်မာပြည်ကလာတဲ့သူတွေအများကြီးပဲ။ သူတို့က မြို့ပြင်နားမှာလာနေကြတာ။ မိုးနဲထဲကို တစ်လဆို ၂ ကြိမ်လောက် မြန်မာပြည်ကလာတဲ့သူတွေရှိတယ်။ လမ်းသမားတွေလည်းမဟုတ်ဘူး။ လမ်းလုပ်သားတွေလည်း မဟုတ်ဘူး။ ဒီတိုင်းရွာတွေ၊ မြို့ပြင်မှာတွေလာနေကြတာ” ဟု မိုးနဲမြို့ အသက် (၄၀) အရွယ်ရှိ အမျိုးသား တစ်ဦးက ပြောသည်။

အလားတူ မိုးနဲမြို့နယ် ကျေးရွာများထဲတွင် ဆံပင်ဝယ်ယူသူများ၊ ဖျားရောင်းသူများ နှင့် ကော်ဇော ရောင်းသူများ ယခင်ထက်ပိုများလာပြီး၊ ထိုသူများသည် လမ်းလျှောက်ပြီး တရွာဝင် တရွာထွက် သွားလာနေကြကြောင်း ၎င်း အမျိုးသားက ဆိုသည်။

မိုးနဲမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီး တနှစ်ကျော်ကာလတွင် မျက်နှာစိမ်းများပြားလာသည့်အတွက် သူခိုးများလည်း ယခင်ကထက် ပိုများလာကြောင်း သိရသည်။

ထိုသို့များပြားလာသည့်အတွက်ကြောင့် မိုးနဲမြို့တွင် ယခင်ထက် သူခိုးများလာကြောင်းသိရသည်။

“အခုဆို ကျနော်တို့မြို့မှာ သူခိုးတွေလည်းများတယ်။ မျက်နှာစိမ်းတွေလည်း များလာတယ်။ ပြီးတော့ ဆံပင်ဝယ်တဲ့သူတွေ၊ ဖျားရောင်းတဲ့သူတွေလည်း များလာတယ်။ အရင်ကလည်းရှိတယ်။ အရင်ကဆိုရင် ဆိုင်ကယ်နဲ့ ရွာထဲသွားလာတာ။ အခုက လမ်းလျောက်ပြီးတော့ပဲ တစ်ရွာပြီး တစ်ရွာသွားလာနေကြတာ” ဟု အသက် (၄၀) အရွယ်ရှိ အမျိုးသား က ထပ်လောင်းပြောသည်။

အဆိုပါ မြန်မာပြည်မှရောက်လာသည့် ပြည်သူများသည် စစ်တပ်၏ အပြင်ဘက် ပတ်ဝန်းကျင်တွင်နေထိုင်နေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မိုးနဲမြို့၏ မြို့ပြင် ဘက်တွင်ရှိကြောင်း သိရသည်။

မိုးနဲမြို့နယ် အတွင်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA က သွားလာလှုပ်ရှားသည့် နယ်မြေဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...