ကျောက်မဲဒေသခံများ၏ လယ်ယာမြေတွင် စစ်တပ်မှ ခြံခတ်ပျိုးကြဲမှု ဒေသခံများ အလိုမရှိ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာအတွင်း တောင်သူ လယ်ယာမြေများ တွင် ကျောက်မဲအခြေစိုက် ခမရ ၅၀၁ မှ တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ်သည့်အပေါ်တပ်နှင့် တောင် သူကြား မြေယာ အငြင်းပွားမှုများဖြစ်ပွားနေသည် ဟု သတင်းရရှိသည်။

ကျောက်မဲမြို့နယ် တောင်သူ လယ်ယာမြေများတွင် ခမရ ၅၀၁ မှ တပ်ပိုင်မြေဟုဆိုကာ ခြံစည်းရိုးခတ် Photo: HKH

ဇွန်လ ၅ ရက်နေ့က အဆိုပါ စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ နှစ်စဉ် တောင်ယာ စိုက်ပျိုးမှု ပြုလုပ်ခဲ့သည့်နေရာ ဖြစ်ပြီး၊ ယမန်နေ့ မှစပြီး စစ်တပ်မှ လာရောက်ပျိုးကြဲကြောင်းလည်း ကျောက်မဲကြီး ကျေးရွာမှ ဒေါ်အဲနော် က ပြောပြသည်။

“ အဲ့နေရာက ကျမတို့ ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာတဲ့နေရာ။ မနှစ်ကထိ ကျမတို့ စိုက်ပျိုးတာတွေ လုပ်တယ်။ မနေ့က တပ်က အဲ့နေရာကို ပျိုးလာကြဲလို့ ကျမတို့တောင်သူတွေ ဆုတောင်းပွဲ လုပ်တယ်။ အမွှေးတိုင်၊ ဖယောင်တိုင်းထွန်း အဓိဌာန် ဝင်ကြတယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

စစ်တပ်မှ ခြံစည်းရိုးခတ်သည့် နေရာတွင် ကျောက်မဲကြီး ကျေးရွာမှ ဒေသခံများ ဆုတောာင်းမေတ္တာပို့သ

ထို့အပြင် ၂၀၁၇ ခုနစ်တွင် တောင်သူ ၁၂ ဦးကို တပ်ပိုင်နယ်မြေ ကျူးကျော်မှုဖြင့် တပ်မှ တရားစွဲဆိုခဲ့ပြီး၊ တောင်သူများ ကျူးကျော်မှု မြောက်သည်ဟု ငွေဒဏ် ၃ သောင်းပေးခဲ့ရကြောင်းလည်း ဒေါ်အဲနော် က ထပ်မံပြောသည်။

ခြေမြန်တပ်ရင်း ၅၀၁ သည် သျှမ်းပြည်နယ်မြောက်ပိုင်းသို့ ၁၉၉၂ ခုနှစ်တွင် စတင်တပ်လာချပြီး၊ အဆောက်အဦးများ ဆောက်လုပ်ကာ ၂၀၀၀ ခုနှစ်တွင် တပ်လယ်ယာမြေ စိုက်ပျိုးမြေ ယူခဲ့ကြောင်း၊ တောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်သည့်နေရာကို ၂၀၁၄ ခုနစ်တွင် ရဲမေ စိုက်ကွက်ဆိုပြီး အမှတ်စဉ်လာစိုက်ထူကြကြောင်းလည်း ဒေါ်အဲနော် က ပြောပြသည်။

“ တပ်ရင်း သက်သာချောင်ချိရေး ဆိုပြီး စိုက်ကြတယ်။ သူတို့မှာလည်း မြေလွှတ်တွေများတယ်။ မစိုက်ကြဘူး။ ကျမတို့ တောင်သူတွေ မြေသြဇာနိုင်နိုင် လုပ်ထားတဲ့ မြေကွက်မှ သူတို့ လာစိုက်ကြတယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

ဆက်လက်ပြီး ဒေါ်အဲနော် က “ အဲ့လယ်ပေါ်မှာ ကျမတို့ နှစ်စဉ် စိုက်တယ်။ ဒီ နှစ်မှ သူတို့ တပ်ရင်းပြောင်းလာပြီး ကျမတို့ ဒေသခံတွေကို အနိုင်ကျင့်တယ်။ တပ်နယ်မြေ လာလုပ်ရဲရင် လုပ်ကြည့် ဖောက်ကွဲမယ်ဆိုပြီး ခြိမ်းခြောက်တယ်” ဟု ဒေါ်အဲနော် က ထပ်လောင်းပြောပြသည်။

Photo: HKH

တောင်သူပိုင်သည့် တောင်ယာမြေနှင့် စစ်တပ်မြေ သည် စနစ်တကျ ပိုင်းခြားထားခြင်မရှိကြောင်း၊ လယ်ယာမြေ ကိစ္စ စစ်ဆေးရန် စစ်တပ်နှင့် ညှိရန် အတွက် တိုင်းခွင့်ပြု လိုကြောင်း ကျောက်မဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကပြောသည်။

“ စစ်တပ်လာမထောင် ကတည်းက သိမ်းခဲ့တဲ့ ဧရိယာ ဆိုတာ မှန်တယ်။တောင်သူတွေ နှစ်စဉ်စိုက်ပျိုးတဲ့ လယ်ယာမြေဆိုတာလည်း မှန်တယ်။ အဲ့ဒါမကဘူး တပ်မိသားစု သက်သာချောင်ချိရေးဆိုပြီး ဆက်သိမ်းထား တာလည်း ရှိတယ်။ အဲ့လို သိမ်းတာ ဘယ်ထိရောက်မှန်းမသိဘူး” ဟု စိုင်းထွန်းဉာဏ် က ဆိုသည်။

၂၀၁၄ခုနစ်မှာ တပ်က မြေယာတွေ စွန့်လွှတ်ခဲ့တာ သော်လည်း တပ်မှ မည်မျှ စွန့်လွှတ်ပြီး၊ စွန့်လွှတ်ခဲ့သည့်နေရာ က မည်သည်နေရာ ဖြစ်သည်ကိုလည်း တောင်သူနှင့် လွှတ်တော် ကိုယ်စားလှယ်များ မသိရှိပေ။

“ရွာသားတွေက နှစ်စဉ် အဲ့နေရာ စိုက်နေတာ။ ဒီနှစ် ရွာသားတွေ စိုက်တဲ့နေရာကို စစ်တပ်က သူတို့ဧရိယာ ဆိုပြီး ငုတ်တိုင်တွေ လာစိုက်တယ်” ဟု စိုင်းထွန်းဉာဏ်က ပြောသည်။

လက်ရှိ အချိန်ထိ ကျောက်မဲမြို့နယ် ကျောက်မဲကြီး ကျေးရွာ ခမရ (၅၀၁) နှင့်ဒေသခံတို့ ဖြစ်ပွားနေသည့် မြေအငြင်းပွားမှုကို ကွင်းဆင်းစစ်ဆေးဖို့ မစနိုင်သေးကြောင်း လည်း စိုင်းထွန်းဉာဏ်က ပြောပြသည်။

လက်ရှိတွင် သျှမ်းပြည်နယ်အတွင်း တပ်မှသိမ်းဆည်းထားသောလယ်ယာမြေ ဧက ၄ သိန်းအနက် ဧက ၂ သိန်းအား ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် ဆောင်ရွက်သွားမည်ဟု မေလ (၂၅) ရက်နေ့က သျှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက်ဒုတိယ တစ်နှစ်တာပြုပြင်ပြောင်း လဲရေးဆောင်ရွက်ချက်များ နှင့်ပတ်သက်၍ သတင်းမီဒီယာများအား အသိပေးရှင်းလင်းခြင်းအခမ်းအနားတွင် ညွှန်ကြား ရေးမှူး ဦးသိန်းဦး က ပြောခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...