ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။

TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊ TNLA နဲ့ MNDAA ၊ MNDAA နဲ့ SSPP စတဲ့ တပ်ဖွဲ့တွေကြား ပြဿနာတွေ တိုးများလာနေတာကို ဆက်တိုက်ဖြစ်နေတာပါ။

MNDAA နဲ့ SSPP က ဝမ်ဟိုင်းဌာနချုပ်မှာ တွေ့ဆုံဆွေး နွေးပြီး ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

သို့ပေမယ့် “၁၀၂၇ စစ်ဆင်ရေး”မှာ လက်တွဲညီခဲ့တဲ့ စစ်ရေးညီအစ်ကိုတွေဖြစ်တဲ့ TNLA နဲ့ MNDAA ကြား လက်ရှိပြဿနာမှာတော့ တရုတ်ကို အကူအညီတောင်းရတဲ့ အနေအထားအထိ ဖြစ်လာနေပေမယ့် မဖြေရှင်းနိုင်ကြဘဲ မတ်လ ၁၄ ရက်မှာတော့ နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားရတဲ့အထိဖြစ်လာပါတယ်။

ဖြစ်စဉ်ကတော့ ၂၀၂၆ ဖေဖော်ဝါရီလ ၁၃ ရက်တုန်းက စခဲ့တာပါ။ ကွတ်ခိုင်မြို့ပေါ်မှာ ဒွန်တွဲအုပ်ချုပ်နေတဲ့ တအာင်း ပလောင် TNLA တပ်က ကိုးကန့် MNDAA တပ်ကို အလုံးစုံဖယ်ရှားလိုက်ရာကနေ စခဲ့တာပါ။

တန်ပြန်တဲ့အနေနဲ့ ကိုးကန့်တပ်ကလည်း သိန္နီမြို့နယ်အတွင်းမှာရှိတဲ့ တအာင်းတပ်ဖွဲ့ဝင်တွေကို ကားပေါ် တင်ပြီး လားရှိုး-နမ္မတူကြားဒေသကို ဖေဖေါ်ဝါရီလ ၁၇ ရက်က မောင်းထုတ် သွန်ချလိုက်တဲ့အပြင်၊ လားရှိုးမြို့အရှေ့ဘက် မိုင်းယော် တိုက်နယ် အတွင်း အခြေစိုက်လှုပ်ရှားတဲ့ တအာင်းဒေသအုပ်ချုပ်ရေး အဖွဲ့ကိုလည်း ဖမ်းဆီးချုပ်နှောင်ပြီး ဖယ်ရှားလိုက်ပါတယ်။

ဒါ့အပြင် “ဝ” တပ်ဖွဲ့နဲ့ ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းကိုလည်း ဖြတ်တောက်လိုက်ပါတယ်။

တဖက်မှာလည်း တအာင်း/ပလောင် TNLA တပ်ဘက် စီးဆင်းတဲ့ ကုန်စည်လမ်းကြောင်းကို ၁၀ရက် မက ပိတ်ဆို့ ပြီး ကွတ်ခိုင်မြို့ကို ထိုးစစ်ဆင်လိုက်တဲ့အတွက် ပြဿနာကပိုမိုကြီးထွားလာတာပါ။

ဒါကိုဖြေရှင်းဖို့ TNLA တပ်က တွေ့ဆုံလိုပေမယ့် ကိုးကန့်တပ်က ကွတ်ခိုင်မြို့ပေါ် ပြန်လည်အခြေချပြီး အုပ်ချုပ်ရေးရုံးကို နဂိုအတိုင်းစိုက်ခွင့်ရမှ သာ တွေ့ဆုံဆွေးနွေးမယ်ဆိုပြီး ငြင်းဆိုထားပါတယ်။

ကွတ်ခိုင်မြို့ကို မောင်ပိုင်စီးလိုတဲ့ တအာင်း/ပလောင် TNLA တပ်ဟာ MNDAA တပ်နဲ့ ပြဿနာမဖြစ်ခင် ကချင် KIA တပ်ကိုလည်း ၂၀၂၅ တုန်းက အပြီးဖယ်ရှားခဲ့ပါတယ်။ ဒီအချက်တွေကြောင့် မဟာမိတ်အချို့က တအာင်း/ပလောင် TNLA တပ်အပေါ် အမြင်မကြည်တော့ပါဘူး။

ဒါကြောင့် ကွတ်ခိုင်မြို့ပေါ် အုပ်ချုပ်ရေးကို TNLA တပ်က ကိုးကန့် MNDAA တပ်နဲ့အတူ မျှဝေအုပ်ချုပ်လိုတဲ့ သဘောထားမရှိတဲ့အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ဖို့ တန်းညှိလို့မရတဲ့ အနေအထား ဖြစ်လာနေပါတယ်။

ယနေ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းက လွှတ်တော်ကနေ ဟန်ပြအလှည့်အပြောင်းကြီး ပြင်ဆင်နေချိန်မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေ ကွဲပြဲနေတာဟာ မိမိတို့အဖွဲ့အစည်းအတွက်ရော လူထုအကျိုးစီးပွားအတွက်ပါ ကောင်းကျိုးသက်ရောက်မှာမဟုတ်ဘဲ အာဏာရှင်အတွက် အခွင့်အလမ်းပဲ ဖြစ်စေမှာပါ။

အတူတကွ ဒွန်တွဲနေထိုင်ဖို့ ပြည်ထောင်စုတစ်ခုလုံးအတွက် စံပြဖြစ်နေတဲ့ ကျနော်တို့ သျှမ်းပြည်ဟာ သျှမ်းလူမျိုးတွေအတွက်တင်မကဘဲ တအာင်း(ပလောင်)၊ ကိုးကန့်၊ ကချင်၊ ပအိုဝ်း၊ အာခါ၊ ဝ၊ လားဟူ၊ အင်းသား၊ ဓနု နဲ့ အခြားသော လူမျိုးစုပေါင်းစုံ စုပေါင်းနေထိုင်ရာ “ဘုံအိမ်” တစ်ခု ဖြစ်ပါတယ်။ အိမ်ကြီးပေါ် အိမ်သေးဆောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ကြီးမားလှတဲ့ စိန်ခေါ်မှုပါ။

ကျနော်တို့ဟာ ရေမြေချင်း ထိစပ်ရောယှက်နေတဲ့အပြင် ယဉ်ကျေးမှုချင်းမှာလည်း ခွဲခြားလို့မရအောင်ပါပဲ။ နှစ်ပေါင်းရာထောင်ချီပြီး အတူဒွန်တွဲနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

အခုလို အရေးကြီးတဲ့ တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးနယ်မြေ သတ်မှတ်တာတွေ၊ လူမျိုးစု အကျိုးစီး ပွား တစ်ခုတည်းကို ရှေ့တန်းတင်ပြီး “ကိုယ်လွတ်ရုန်း” ဖို့ ကြိုးစားတာတွေဟာ အာဏာရှင်တွေရဲ့ သပ်လျှိုဖြိုခွဲ တဲ့ Divide and Rule နည်းဗျူဟာထဲ လုံးလုံးကျရောက်သွားတာ အမှန်ပါပဲ။

ကျနော်တို့တွေ ဒီရေဒီမြေမှာ အတူတကွ ဒွန်တွဲနေထိုင်ပြီး ကံကြမ္မာတူသူတွေ ဖြစ်ကြတာနဲ့အညီ စုစည်းမှု အင်အားနဲ့သာ စစ်အာဏာရှင်ရဲ့ သပ်လျှိုဖြိုခွဲမှုဘေးကနေ ရုန်းထွက်ပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ အေးချမ်းသာယာတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာဖြစ်ကြောင်း သံတော်ဆင့်အပ်ပါတယ်။

လူထုအသံ သျှမ်းသံတော်ဆင့်အသံ

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...