CATEGORY

သတင်း

ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...

ကျိုင်းတုံမြို့ ဒေသခံများ ကိုဗစ်- ၁၉ ဂရုမစိုက် နေထိုင် သွားလာ

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ဒေသခံများ ကိုဗစ်- ၁၉ ပိုးကူးစက်မှု မရှိတော့ကြောင်းဟု ယူဆကာ ပေါ့ဆစွာ နေထိုင်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလအတွင်းမှ စပြီး ကျိုင်းတုံမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာမရှိတော့ကြောင်း ဒေသခံများက ပေါ့ဆစွာသွားလာ နေထိုင်လျက်ရှိကြောင်းသိရသည်။ “ဒီကျိုင်းတုံမြို့က ပြောလို့ဆိုလို့မရတော့ဘူး။ ဒီကိုဗစ်- ၁၉ ပိုးက မရှိတော့ဘူးလို့တောင်...

ချင်းမိုင် မြန်မာကောင်စစ်ဝန်ရုံး သံဝန်ထမ်းအမျိုးသမီးတစ်ဦး CDM ပါဝင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ မြန်မာကောင်စစ်ဝန်ချုပ်ရုံး သံဝန်ထမ်းအမျိုးသမီး ဒေါ်မြသိင်္ဂီသည် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြောင်း စုံစမ်းသိရသည်။ ဒေါ်မြသိင်္ဂီသည် မေ (၃)ရက်မှစတင်ပြီး CDM တွင် ပူးပေါင်းပါ၀င်ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် အသိပေး ကြေညာထားလိုက်သည်။ " ရွေးကောက်ခံအစိုးရ ရဲ့ စေလွှတ်မှုနဲ့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံကိုယ်စားပြု တာဝန်ထမ်းဆောင်နေတဲ့...

သီပေါမြို့ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ မြို့လယ်ရပ်ကွက် မှ TV နှင့် စလောင်းများကို ပြုပြင်သည့် နေအိမ်မှ မီးစတင်လောင်ရာ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၅) ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် TV နှင့် စလောင်းများ...

မုံးကိုးတွင် စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ် မိုင်ဖန်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေ (၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ တပ်စခန်းရှိရာနေရာကို ကိုးကန့်တပ်မတော် MNDAA တို့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက်...

တာချီလိတ်မြို့ ရှိ ပြည်ခိုင်ဖြိုးရုံး ပစ်ခတ်ခံရ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးရုံး ယနေ့ (မေလ ၅ ) ရက် မနက် ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ “ အဲ့လိုကြားတယ်။ ဒီနေ့မနက် ၂ နာရီလောက်လာပစ်ခတ်သွားတာ။။ သေနတ်နဲ့လာပစ်တာ။ ၁၀ ချက်ဝန်းကျင်လောက်ကြားရတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရဘူး”...

စစ်ကောင်စီ  နှင့် TNLA တို့ တိုက်ပွဲကြား ကျဆုံးခဲ့သည့် သျှမ်းလူငယ်နှစ်ဦးကို ယနေ့ သဂြိုလ်မည်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် စစ်ကောင်စီ နှင့် TNLA တို့ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကျဆုံးခဲ့ရသည့် သျှမ်းလူငယ် နှစ်ဦးကို ယနေ့ မေ (၅) ရက်မှာ သဂြိုလ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီ နှင့် TNLA  တို့တိုက်ပွဲကြား ကျဆုံးခဲ့ရသည့် အဆိုပါ သျှမ်းလူငယ်နှစ်ဦး၏ ရုပ်အလောင်းကို...

မူဆယ်မြို့နယ်တိုက်ပွဲကြား စကစ ပေါ်တာဆွဲသွားသည့် သျှမ်းလူငယ် ၂ဦး ကျည်ထိသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် TYN (Tai Youths Network) မှ အလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား သျှမ်းလူငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ မေလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင်...

ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက် အဆောက်အအုံများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများတိုက်မှုကြောင့် နေအိမ် အဆောက်အအုံများ ၁၀ လုံးနီးပါး နှင့် စာသင်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက...

နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင်...

Latest news