မူဆယ်မြို့နယ်တိုက်ပွဲကြား စကစ ပေါ်တာဆွဲသွားသည့် သျှမ်းလူငယ် ၂ဦး ကျည်ထိသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် TYN (Tai Youths Network) မှ အလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးအပါအဝင် အရပ်သား သျှမ်းလူငယ်နှစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

စကစ ပေါ်တာဆွဲခံရပြီး ကျည်ထိသေဆုံးသွားသည့် သျှမ်းလူငယ် ၂ဦး ရုပ်အလောင်း

မေလ ၄ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအနီးတွင် TNLA တပ်ဖွဲ့ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ တပ်ဖွဲ့ဝင် ၁၂ ယောက် ကျဆုံးခဲ့ရသည့်အပြင် ပေါ်တာဆွဲခံရသည့် သျှမ်းလူငယ်နှစ်ဦးလည်း အသက်ဆုံးရှုံးလိုက်ရကြောင်း သိရသည်။

“ကျဆုံးသွားတဲ့သူက TYN ကအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ယောက်နဲ့ သူ့သူငယ်ချင်းတစ်ယောက်ပါ၊ သူတို့က မူဆယ်ကို ကားနဲ့သွားနေတဲ့အချိန် စစ်ကောင်စီစစ်ကြောင်းရဲ့ ပေါ်တာဆွဲခံလိုက်ရတာပေါ့နော်၊ မော်တောင်းရွာ အနီးမှာ TNLA က စောင့်ပြီး တိုက်ခိုက်တော့ အဲ့စစ်ကောင်စီတပ်ဖွဲ့ရော ပေါ်တာဆွဲခံလိုက်ရတဲ့ ကျနော်တို့ သျှမ်း လူငယ်နှစ်ယောက်လည်း ကျဆုံးခဲ့ရတယ်၊ စစ်ကောင်စီက ၁၂ ယောက်လို့ သိရတယ်” ဟု TYN က အမည်မဖော်လိုသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတို့၏ ပေါ်တာဆွဲခြင်းခံရပြီး TNLA တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ထိမှန်သေဆုံးသွားရသည့် TYN အလုပ်အမှုဆောင် နှင့် သူငယ်ချင်းဖြစ်သူတို့၏ ရုပ်အလောင်းကို မူဆယ်မြို့မှ ပရဟိတ လူမှုကူညီရေးအသင်းများက သွားရောက်သယ်ဆောင်ခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲက နာရီဝက်လောက်ကြာတယ်၊ TNLA ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တဲ့ အသံရော စက်သေနတ်သံ တွေရော ကြားနေရတယ်၊ တိုက်ပွဲသံတွေငြိမ်သွားတော့ ၁၀၅ မိုင်က ပရဟိတအဖွဲ့တွေနဲ့ တချို့ပြည်သူတွေ သွားကြည့်တော့ အဲ့လို သေဆုံးမှုတွေတွေ့ရတာပဲ၊ ကျဆုံးသွားရတဲ့ သျှမ်းလူငယ်နှစ်ဦးရဲ့ ရုပ်အလောင်းကို မူဆယ်က ရင်ခွဲရုံမှာ ပို့ထားတယ်လို့သိရတယ်” ဟု လည်း တိုက်ပွဲအတွင်း ကျဆုံးသူ သျှမ်းလူငယ် ၏ သူငယ်ချင်းဖြစ်သူက သျှမ်းသံတော်ဆင့် ပြောသည်။

ထို တိုက်ပွဲဖြစ်စဥ်များနှင့် ပက်သက်ပြီး ဒေသခံများကို ဆက်သွယ်မေးမြန်းရာ TNLA တပ်ဖွဲ့တို့သည် မော်တောင်းကျေးရွာအနီးရှိ တောင်ကုန်းတစ်ခုပေါ်တွင် နေရာယူထားခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား ပေါ် တာဆွဲလာသည့် အရပ်သားပြည်သူကားကို ပစ်ခတ်ခြင်း ဖြစ်ကြောင်း မော်တောင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

ထို့အပြင် တိုက်ပွဲအတွင်း ကျဆုံးခဲ့သည့် TYN မှ အလုပ်အမှုဆောင်အဖွဲ့ဝင်သည် သျှမ်းပြည်ညီညွှတ်ရေး ကော်မတီ (CSSU) မှ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး၊ ရပ်ရွာအရေး၊ စစ်ဘေးရှောင်အရေးကို ကူညီလုပ်ဆောင်နေသည့် လူငယ်ဖြစ်သည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့မှ စစ်ကောင်စီ မှ ပေါ်တာဆွဲပြီး အရပ်သားတင်ဆောင်လာသည့် ကားယာဥ်များပါမချန် တိုက်ခိုက်ပစ်ခတ်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့တို့၏ အကြမ်းဖက်လုပ်ရပ်များဖြစ်သည့် လမ်းသွားလမ်းလာပြည်သူ့ ယာဥ်များကို ပေါ်တာဆွဲမှုကြောင့် အပြစ်မဲ့ သျှမ်းလူငယ် နှစ်ဦး အသက်ဆုံးရှုံးလိုက်ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းရှူး အမျိုးသား၄ဉီးကို စစ်တပ်က ပေါ်တာဆွဲဖမ်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့နယ် စစ်ကော်မရှင်တပ်က အရပ်သား (၄)ဉီးကို ပေါ်တာဆွဲ ဖမ်းဆီဂသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၈ ရက်) မနက်ပိုင်းတွင် မိုင်းရှူးမြို့နယ် ပန်စွဲကျေးရွာအထွက် လမ်းပိုင်း၌ သွားလာနေသည့် အမျိုးသားအချို့ကို စစ်ကော်မရှင်၏ တပ်သားများက တားဆီးစစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိုင်းရှူးမြို့နေ ဖြစ်စဉ်ကို...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

ညောင်ရွှေတွင် ဧည့်စာရင်းစစ်ပြီး စစ်ကော်မရှင်က ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး နယ်ခံမဟုတ်သူများကို ဖမ်းဆီပေါ်တာဆွဲနေကြောင်း ဒေသခံများပြောသည်။ ပြီးခဲ့သည့် မေလ၂၁ရက်တွင် ညောင်ရွှေမြိုနယ် အင်းလေးဒေသ နန်းပန်မြို့မှ အသက် ၃၀ ကျော် လင်မယားနှစ်ဦးသည် ညောင်ရွှေမြို့တွင် သွားရောက်တည်းခိုစဉ် စစ်ကော်မရှင်တပ်က ဧည့်စာရင်းဝင်စစ်ကာ ဖမ်းဆီးသွားကြောင်း ၎င်းအသိမိတ်ဆွေ တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...