Wednesday, January 28, 2026

သီပေါမြို့ နေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့ရှိ မြို့လယ်ရပ်ကွက် မှ TV နှင့် စလောင်းများကို ပြုပြင်သည့် နေအိမ်မှ မီးစတင်လောင်ရာ နေအိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း စုံစမ်းသိရသည်။

သီပေါနေအိမ်မီးလောင်

ယနေ့ (မေလ ၅) ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် TV နှင့် စလောင်းများ အပါအဝင် လျှပ်စစ်ပစ္စည်းများ ပြုပြင်ရေး လုပ်ငန်းလုပ်ကိုင်သည့် နေအိမ်တစ်ခု နှင့် တစ်ဝန်းတည်းအတူရှိနေသည့် ကပ်လျက်အိမ်တစ်လုံးပါ မီးလောင်ကျွမ်းခြင်း ဖြစ်ကြောင်း သတင်းသိရသည်။

“မီးဘာကြောင့်လောင်ရလဲ ဆိုတာတော့ မသိရပါဘူး၊ ကျနော်တို့ရောက်သွားအချိန်မှာ မီးတောက်နေပြီ၊ မီးညွှန့် လည်း ကြီးနေတယ်၊စလောင်းတွေ TV တွေပြင်တဲ့ အိမ်နဲ့ သူ့ကပ်လျက် တစ်ဝန်းထဲက အိမ်ကိုမီးလောင်သွားတာ၊ လူထိခိုက်မှုတော့ မရှိပါဘူး”ဟု မီးငြိမ်းသတ်မှုတွင် ပါဝင်သည့် နယ်စည်းမခြား လူမှုကူညီရေးအသင်းဝင် တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထို့အပြင် အဆိုပါ မီးလောင်မှုဖြစ်ပွားသည့် နေရာသည် သီပေါ် မြို့လယ်ရပ်ကွက်မှ မူကြိုကျောင်းနှင့်လည်း အလွန်နီးကပ်နေသည့်အတွက် ကလေးငယ်များနှင့် ဆရာ/ဆရာမများက ကလေးငယ်များဘေးကင်းအောင် ကြိုးစား လုပ်ဆောင်ခဲ့သည့်အတွက် လူထိခိုက်မှု မရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

သီပေါနေအိမ်မီးလောင်

မီးလောင်မှုဖြစ်ပွားသည့် နေအိမ်တွင် အိမ်ရှင်နှင့် မိသားစုဝင်များ ဘေးလွတ်ရာသို့ အချိန်မီ ထွက်ပြေး နိုင်ခဲ့သော်လည်း တန်ဖိုးကြီးပစ္စည်းနှင့် တခြား မည်သည့်ပစ္စည်းမှ ယူဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

“အကုန်လုံးပြာကျသွားတာပါ၊ ဘာပစ္စည်းမှ မရလိုက်ခဲ့ရဘူး၊ လူတော့ အချိန်မှီထွက်လာနိုင်ခဲ့တယ်” ဟု အထက်ပါ လူမှုကူညီရေးအသင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိအချိန်သည် နွေရာသီပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် မီးဘေးအန္တရာယ်များ အထူး သတိပြုကြရန်လည်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက သတိပေးပြာဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...
SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
Hsipaw Bridge Closed

သီပေါတံတား တစ်လကျော်ပိတ်ထားသော်လည်း စစ်တပ်လာဘ်ယူပြီး ကုန်ကားအချို့ ညအချိန် ဖြတ်သန်းခွင့်ပြု

0
သျှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် MNDAA တို့ တစ်လကျော်ကြာ ပိတ်ဆို့ထားသော်လည်း ကုန်ကားအချို့ထံ လာဘ်ငွေတောင်းယူပြီး ညအချိန် ဖြတ်သန်းခွင့်ပြုနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့နှင့် လားရှိုးမြို့ကို ဆက်သွယ်ထားသည့် သီပေါတံတားကြီးကို စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် MNDAA တို့ စစ်ရေးတင်းမာမှုကြောင့်...
Lashio_Hsipaw_Road_Cut_Out

သျှမ်းမြောက်လမ်းပိုင်းအား စစ်ကော်မရှင်နှင့် MNDAA အပြန်အလှန်ပိတ်ဆို့၍ လူထုအခက်ကြုံ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နှင့် သီပေါမြို့ကြားရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာပေးရန် စစ်ကောင်စီတပ်က ဖိအားပေးမှုကြောင့် နှစ်ဘက်စစ်ရေး ပြန်လည်တင်းမာလာပြီး အပြန်အလှန် လမ်းပိတ်ဆို့မှု များကြောင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း စုံစမ်းသိရသည်။