မုံးကိုးတွင် စစ်ကောင်စီ နှင့် MNDAA တို့ တိုက်ပွဲပြင်းထန်

0

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ်ခွဲ မုံးပေါ် မိုင်ဖန်ကျေးရွာဘက်တွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မုံးကိုး

ယမန်နေ့ မေ (၄) ရက်နေ့ ညသန်းခေါင်အချိန်တွင် စစ်ကောင်စီ တပ်စခန်းရှိရာနေရာကို ကိုးကန့်တပ်မတော် MNDAA တို့က လက်နက်ကြီးဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ကြောင်း သိရသည်။

“ မနေ့က ကိုးကန့်ဘက်နေပြီးတော့ ဆိုင်ကယ် ၂ စီးနဲ့ လာပြီး စစ်ကောင်စီတပ်နေရာကို လက်နက်ကြီးနဲ့ လာပစ် ပြီးတော့ ထွက်ပြေးသွားတာ။ အဲ့နောက် စစ်ကောင်စီက အနောက်ကနေပြီး ပြန်လိုက်ပစ်တာ” ဟု မုံးကိုးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့က MNDAA နှင့် စစ်ကောင်စီ တို့သည် မိနစ် (၂၀) ခန့်အကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဧပြီလကုန်ပိုင်းတွင်လည်း ကိုးကန့်တပ်မတော် MNDAA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်မှုကြောင့် စီစီဝမ်တာပန် တောင်ခြေ၊ ဟူပန့်ရွာအနီးတွင် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့ရသည့်အပြင် ကြံဧက (၁၀၀) နီးပါး လောင်ကျွမ်းပျက်စီးခဲ့ကြောင်းသိရသည်။

Leave a Comments