တာချီလိတ်နယ်စပ်ဂိတ်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ မြန်မာ - ထိုင်းနယ်စပ် ဂိတ်တံခါး ပိတ်ထားနေမှုကြောင့် မြန်မာဘက်မှ နယ်စပ်ဒေသခံများအတွက် ကုန်သွယ်ရေး စီးပွားရေးအပြင် ပညာရေး၊ကျန်းမာရေး အပိုင်းများလည်း ထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် မေလ ၁ ရက်တွင် ထိုင်းအစိုးရဘက်မှ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းများမှ နယ်စပ်ဂိတ် များကို...
သီပေါမြို့နယ် ပြည်သူတစ်ဦး မြေမြုပ်မိုင်းနင်းမိ၊ ခြေထောက်ဖြတ်ရ စား၀တ်နေရေးခက်ခဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း မြေမြုပ်မိုင်းနင်းမိသွားသည့် အမျိုးသားတစ်ဦးသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။ဖြစ်စဉ်မှာ ယခုနှစ် ဖေဖော်ဝါရီလအတွင်း သီပေါမြို့နယ်မှ ရပ်စောက်မြို့နယ် နောင်ဝိုးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ဈေးသွားရောင်းရာမှာ လမ်းတစ်ဝက်တွင် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ဖြတ်လိုက်ရကြောင်း သိရသည်။ “ သူက ဖြစ်တာတော့ကြာပြီ၊ ဖေဖော်ဝါရီလအတွင်းမှာ...
စစ်ခေါင်းဆောင် ရောက်သည့်ကာလအတွင်း တာချီလိတ်မှ လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ မူးယစ်ဆေးဝါးများ စစ်ဆေးဖမ်းဆီးမိခြင်း နှင့် ပက်သက်ပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် လောင်းကစား၀ိုင်းများ ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရသည်။ထို နေပြည်တော်မှ စစ်ခေါင်းဆောင်ရောက်ရှိလာသည့် ကာလအတွင်းတွင် တာချီလိတ်မြို့အတွင်းရှိ ကာစီနိုဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများ အားလုံးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။ “စစ်ကောင်စီဘက်က အရာရှိကြီး...
သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး
SHAN -
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ...
ကွတ်ခိုင်မြို့နယ် စစ်ရှောင်များ နေရာအသစ်ပြောင်းရန် အခက်အခဲရှိနေ
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် အတွင်းရှိနေသည့် စစ်ဘေးရှောင်များသည် နေရာအသစ်ကို ပြောင်းရွှေ့ရန်အတွက် အခက်ခဲများစွာရှိနေကြောင်း စုံစမ်းသိရှိရသည်။လက်ရှိ စစ်ဘေးရှောင်များနေထိုင်နေသည့် အသင်းတော် နယ်မြေနေရာတွင် နေထိုင်လာရာ ၁၀ နှစ်ကျော်ရှိနေပြီ ဖြစ်သည့်အတွက် နေရာအသစ်ကို ပြောင်းရွှေ့ရန် မြေနေရာ အခက်ခဲရှိနေကြောင်း သိရသည်။ “ ကျမတို့ အခုနေတဲ့ နေရာကလည်း အသင်းတော်တွေရဲ့...
ရွာငံမြို့နယ် စစ်ကောင်စီ အိမ်ဝင်မွှေပြီး ပြည်သူ (၄) ဦးကို ဖမ်းဆီးသွား
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သဖန်းပင်ကျေးရွာတွင်း နေအိမ်များကို စစ်ကောင်စီက ဝင်မွှေပြီးနောက် ဒေသခံ (၄) ဦးကို ဖမ်းဆီးသွားကြောင်း ဒေသခံ သတင်းပေးပို့ချက်အရ သိရသည်။ ယနေ့ (မေ ၆) ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်က စပြီး သဖန်းပင်ကျေးရွာထဲ စစ်ကောင်စီက အရပ်ဝတ်ဖြင့်...
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ်အမျိုးသားလူငယ်တစ်ဦးကိုလည်း အလိုရှိနေကြောင်း သီပေါမြို့မှ ရဲစခန်းအနီးတွင် ဗွီနိုင်းဖြင့် ချိတ်ထားကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၄ ရက် တွင် သီပေါမြို့ အနောက်ဘက် ရပ်ကွက်အတွင်းမှ အမျိုးသမီး...
ဖက်ဒရယ်တိုင်းပြည် တည်ဆောက်လိုတဲ့ ခွန်ထွန်းဦးဆန္ဒ နဲ့ တိုင်းရင်းသားတွေရဲ့ အမြင်
SHAN -
သျှမ်းနိုင်ငံရေးခေါင်ဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တည်ထောင်သူ နှင့် ဥက္ကဌဟောင်း ခွန်ထွန်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ (၃၀) ရက်က ရန်ကုန်နေအိမ်မှာ ကွန်လွန်သွားခဲ့ပါတယ်။ မေလ (၂) ရက်က ခွန်ထွန်းဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့မှာ သဂြိုဟ်ပြီး ကျန်ရှိနေတဲ့ အရိုးပြာကိုတော့ သျှမ်းပြည်မြောက်ပိုင်း...
ကျောက်မဲမြို့နယ် ကလေးငယ်နှစ်ဦး မိုင်းနင်းမိပြီး ဆေးကုသဖို့ ခက်ခဲနေ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်လင်ကျေးရွာအတွင်းတွင် နေထိုင်သည့် ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ဆေးကုသရန်အတွက် အခက်အခဲရှိနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ကျေးရွာ နှင့် တစ်မိုင်ခန့်ကွာဝေးသည့် ယာတောဘက် မြင်းသွားရှာသည့် ပန်လင်ကျေးရွာမှ ကလေးငယ်နှစ်ဦးသည် မြေမြုပ်မိုင်းနင်းမိပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား ကြောင်း...
ကျိုင်းတုံမြို့ ဒေသခံများ ကိုဗစ်- ၁၉ ဂရုမစိုက် နေထိုင် သွားလာ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း ဒေသခံများ ကိုဗစ်- ၁၉ ပိုးကူးစက်မှု မရှိတော့ကြောင်းဟု ယူဆကာ ပေါ့ဆစွာ နေထိုင်နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ယခုလအတွင်းမှ စပြီး ကျိုင်းတုံမြို့တွင် ကိုဗစ် -၁၉ ပိုးတွေ့လူနာမရှိတော့ကြောင်း ဒေသခံများက ပေါ့ဆစွာသွားလာ နေထိုင်လျက်ရှိကြောင်းသိရသည်။ “ဒီကျိုင်းတုံမြို့က ပြောလို့ဆိုလို့မရတော့ဘူး။ ဒီကိုဗစ်- ၁၉ ပိုးက မရှိတော့ဘူးလို့တောင်...





