တာချီလိတ်နယ်စပ်ဂိတ်ဖွင့်ရန် ပြည်သူများ မျှော်လင့်နေ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့  မြန်မာ – ထိုင်းနယ်စပ် ဂိတ်တံခါး ပိတ်ထားနေမှုကြောင့် မြန်မာဘက်မှ နယ်စပ်ဒေသခံများအတွက် ကုန်သွယ်ရေး စီးပွားရေးအပြင် ပညာရေး၊ကျန်းမာရေး အပိုင်းများလည်း ထိခိုက်မှုရှိကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၁ ရက်တွင် ထိုင်းအစိုးရဘက်မှ လေကြောင်း၊ ရေကြောင်းနှင့် ကုန်းလမ်းများမှ နယ်စပ်ဂိတ် များကို ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုထားသော်လည်း မြန်မာ နှင့် နယ်နမိတ်ချင်းထိ စပ်နေသည့် တာချီလိတ် နယ်စပ်ဂိတ် ဖွင့်လှစ်ရန် မပါခဲ့ကြောင်း ပြည်သူများက ပြောဆိုနေကြသည်။

“ကျနော်တို့ ဒေသခံတွေ အနေနဲ့တော့ ဒီနယ်စပ်တံခါးကို မြန်မြန်ဖွင့်စေချင်တယ်၊ ဒီတံခါးမဖွင့်လို့ ကျနော်တို့က ပစ္စည်းတစ်ခုခုလိုချင်လို့ ဆိုရင်လည်း မှာနေရတယ်၊ ပိုက်ဆံကုန်ရတယ်၊ အချိန်လည်းကြာတယ်၊ လူကိုယ်တိုင် သွားရတာလောက် အဆင်မပြေဘူး” ဟု တာချီလိတ်မြို့မှ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ် (၁) တံတား ပိတ်ထားမှုကြောင့် တာချီလိတ်ဘက်မှ ဒေသခံပြည်သူများအတွက် ကုန်သွယ်ရေး၊ စီးပွားရေး ကဏ္ဌများအပြင် ကျန်းမာရေးနှင့် ပညာရေးအပိုင်းမှာလည်း ထိခိုက်နစ်နာမှုများရှိနေကြောင်း တာချီလိတ်မြို့နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဒီတာချီလိတ်ဘက်ကနေ တံတားကိုကျော်ပြီး အဲ့ထိုင်းဘက် ကျောင်းသွားတက်တဲ့ ကလေးတော်တော်များ ရှိနေ တယ်၊ အခု တံတားက ပိတ်ထားတော့ ကလေးတွေက ကျောင်းလည်း မတက်ရဘူး၊ ပြီးတော့ နာမကျန်း ပြည်သူတွေက အဲ့ဘက် ဆရာဝန်တွေ ဆေးခန်းတွေနဲ့ ချိတ်ပြီး ကုသမှုခံယူတာမျိုးတွေလည်း မရနိုင်တော့ဘူး၊ ဒါတွေက နည်းတဲ့ထိခိုက်မှု မဟုတ်ပါဘူးလေ “ ဟု ၎င်းအမျိုးသမီးက ပြောသည်။

မြန်မာ – ထိုင်း နယ်စပ် ဂိတ်တံခါး

ထို့ပြင် မြန်မာ – ထိုင်းနယ်စပ် တံခါးမဖွင့်သေးဘဲ ဆက်လက်ပိတ်ထားနေသေးသည့် အခြေအနေသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အတွက် လက်နက်ခဲယမ်းတင်သွင်းမှု လွယ်ကူလာမှာကို စစ်ကောင်စီတို့ စိုးရိမ်နေခြင်းဖြစ်သည်ဟု ယူဆကြောင်း တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီဘက်က လက်နက်တွေတင်သွင်းမှု ပိုများလာမှာကို စိုးရိမ်တာလည်း ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လည်း ဆိုရင် PDF တွေအတွက်လည်း လက်နက်တွေက လိုအပ်နေတာဆိုတော့ စစ်ကောင်စီတွေက ဒါကို တားဆီး ပိတ်ပင် ချင်နေတာလည်း ဖြစ်နိုင်တယ်” ဟု တာချီလိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်တွင် ထိုင်းအစိုးရဘက်မှ မြန်မာ – ထိုင်းနယ်စပ်မှ ထိုင်းဘက်တံတားကို သန့်ရှင်းရေးများ လုပ်ဆောင်နေသည်ကို မြင်တွေ့ခဲ့ရသော်လည်း ယနေ့အထိ ဆက်လက်ပိတ်ထားကြောင်း သတင်းသိရသည်။

မယ်ဆိုင် – တာချီလိတ် နယ်စပ်ဂိတ်တံတားသည် ပြီးခဲ့သည့် ၂၀၂၀ မတ်လအတွင်းမှ စတင်ကာ ကိုဗစ် – ၁၉ ရောဂါ ပျံ့နှံ့ကူးစက်မှုကြောင့် ပိတ်ထားခဲ့ရပြီး ရောဂါအခြေအနေအပါအဝင် နိုင်ငံရေးအခြေအနေများကြောင့် ယနေ့အချိန်အထိ ၂ နှစ်ကျော်ကြာ ပိတ်သိမ်းထားရကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...