စစ်ခေါင်းဆောင် ရောက်သည့်ကာလအတွင်း တာချီလိတ်မှ လောင်းကစားဝိုင်းများ ပိတ်ထားခိုင်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ မူးယစ်ဆေးဝါးများ စစ်ဆေးဖမ်းဆီးမိခြင်း နှင့် ပက်သက်ပြီး နေပြည်တော်မှ စစ်ခေါင်းဆောင်တစ်ဦး လာရောက်စစ်ဆေးမည်ဖြစ်သဖြင့် လောင်းကစား၀ိုင်းများ ပိတ်ခိုင်းထားကြောင်း စုံစမ်းသိရသည်။

ထို နေပြည်တော်မှ စစ်ခေါင်းဆောင်ရောက်ရှိလာသည့် ကာလအတွင်းတွင် တာချီလိတ်မြို့အတွင်းရှိ ကာစီနိုဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများ အားလုံးပိတ်သိမ်းရန် ညွှန်ကြားထားကြောင်း ဒေသခံများထံမှ သိရသည်။

တာချီလိတ်မြို့ရှိ လောင်းကစားရုံ

“စစ်ကောင်စီဘက်က အရာရှိကြီး တစ်ဦးကိုယ်တိုင်က အဲ့အမှုကို လာစစ်မယ်ဆိုတော့ တာချီလိတ်မြို့နယ်ထဲက လောင်းကစားဝိုင်းတွေ အကုန်ပိတ်ထားခိုင်းတယ်၊ ၅ ရက်နေ့ ကတည်းက ပိတ်ထားတာ အခုထိ ပြန်မဖွင့်ရသေးဘူး၊ အဲ့မှာအလုပ်လုပ်တဲ့သူတွေလည်း အလုပ်မဆင်းရသေးဘူး” ဟု တာချီလိတ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ နေပြည်တော်မှ စစ်ကောင်စီ အရာရှိသည် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့တွင် တာချီလိတ်မြို့နယ်အတွင်း ရဲတပ်ဖွဲ့ဟောင်းတစ်ဦးထံမှ စိတ်ကြွဆေးပြား ၁၂ သန်းကျော် ဖမ်းဆီးရမိခြင်းနှင့် ပက်သက်ပြီး လာရောက် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လောင်းကစားဝိုင်းများ ပိတ်ထားရသည်မှာ တစ်ပတ်နီးပါးရှိနေပြီ ဖြစ်သော်လည်း ပြန်မဖွင့် ရသလို လိုင်းခန်းတစ်လျောက်ဖွင့်ထားသည့် လောင်းကစားဆိုင်များမှ ကွန်ပျူတာ နှင့် တခြား အသုံးအဆောင် ပစ္စည်းများကိုလည်း ဆိုင်ခန်းနေရာအတွင်း မထားနိုင်ဘဲ နေအိမ်သို့ သယ်ဆောင်သိမ်းဆည်းရကြောင်းလည်း သိရသည်။

“ငါးပစ်ဂိမ်းတွေ၊ အွန်လိုင်းက ဂိမ်းတွေနဲ့ တခြားဂိမ်းက အသုံးအဆောင်နဲ့ ကွန်ပျူတာတွေကိုလည်း ဝန်ထမ်းတွေ က အိမ်သယ်သွားရတာ၊ အလုပ်လည်း မဆင်းရသေးတော့ တချို့ဝန်ထမ်းတွေက ကာစီနိုဝိုင်းတွေ လောင်းကစား ဝိုင်းကနေပဲ ဝင်ငွေရပ်တည်နေတော့ အလုပ်နားတာကြာရင် မလွယ်ဘူးလေ” ဟု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့သည် မြန်မာ – ထိုင်းနယ်စပ် ကုန်သွယ်ရေး မြို့တစ်ခု ဖြစ်သည့်အပြင် ဒေသအတွင်းကုန်သွယ်မှု များနှင့် တခြားဒေသမှ ကုန်သည်များ စီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြုပ်နှံသည့် မြို့တစ်ခုလည်း ဖြစ်ရာ လောင်းကစားဝိုင်းများ ပေါများရာ ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...