သီပေါ အမျိုးသမီးအပါအဝင် ပြည်သူ ၄ ဦးဖမ်းခံရ၊ အမျိုးသားလူငယ်တစ်ဦးကို အလိုရှိကြောင်း ရဲစခန်းအနီး ဗွီနိုင်းချိတ်ထား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၃ ဦး ဖမ်းဆီးခံရပြီး နောက်ထပ်အမျိုးသားလူငယ်တစ်ဦးကိုလည်း အလိုရှိနေကြောင်း သီပေါမြို့မှ ရဲစခန်းအနီးတွင် ဗွီနိုင်းဖြင့် ချိတ်ထားကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက် တွင် သီပေါမြို့ အနောက်ဘက် ရပ်ကွက်အတွင်းမှ အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ၃ ဦးကို ထွေအုပ်ရုံးမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

“သူတို့ကို ည ၁၀ နာရီကျော်လောက်လာဖမ်းသွားတာပါ၊ အုပ်ချုပ်ရေးမှူးရော ရဲတွေရောပါတယ်၊ တိုင်ကြားတဲ့ သူရှိလို့ စခန်းကို လိုက်ခဲ့ပါ ဆိုပြီး ဖမ်းသွားတာ၊ ဘာအကြောင်းလဲဆိုတာတော့ မသိရသေးဘူး” ဟု သီပေါမြို့ဒေသခံအမျိုးသမီးလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသူများ အားလုံးသည် သာမာန်ပြည်သူများသာ ဖြစ်ကြပြီး ၎င်းတို့ကို နေရပ်လိပ်စာနှင့် တကွ ရဲတပ်ဖွဲ့တို့က လာရောက်ဖမ်းဆီးခြင်း ဖြစ်ကြောင်း အထက်ပါ အမျိုးသမီးက ပြောသည်။

သီပေါမြို့

“လိပ်စာအတိအကျနဲ့ လာဖမ်းသွားတာ။ တိုင်ကြားသူရှိလို့ တာဝန်အရ လာခေါ်တာပါတဲ့ ကျန်တာတော့ မသိရဘူး၊ အခုအဖမ်းခံရတဲ့သူတွေကလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ လုပ်တာမကြားမိဘူး” ဟု ၎င်းကပြောသည်။

လက်ရှိ ဖမ်းဆီးခံသွားရသူများသည် မည်သည့်အကြောင်းကြောင့် ဖမ်းဆီးခံရကြောင်းကို မသိရသလို မည်သည့်နေရာတွင် ဖမ်းဆီးခံထားရကြောင်းလည်း မသိရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် သီပေါမြို့ မြို့မ ရဲစခန်း ဂိတ်ပေါက်ဝတွင်လည်း အမျိုးသားလူငယ်တစ်ဦးကို အလိုရှိနေကြောင်း နှင့် တွေ့ရှိပါက အကြောင်းကြားပါရန် ဗွီနိုင်းဖြင့် ချိတ်ဆွဲထားကြောင်းလည်း လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်းလုံးတွင် တရားဥပဒေ စိုးမိုးမှုများ ကင်းမဲ့လာသည့်အပြင် အကြောင်းရင်းမရှိ ဖမ်းဆီးခံရသည့် လူငယ်များနှင့် ပြည်သူများစွာလည်း အဆက်အသွယ်မရပဲ ပျောက်ဆုံးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...