Friday, April 26, 2024

ဖက်ဒရယ်တိုင်းပြည် တည်ဆောက်လိုတဲ့ ခွန်ထွန်းဦးဆန္ဒ နဲ့ တိုင်းရင်းသားတွေရဲ့ အမြင်

Must read

သျှမ်းနိုင်ငံရေးခေါင်ဆောင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တည်ထောင်သူ နှင့် ဥက္ကဌဟောင်း ခွန်ထွန်ဦးဟာ ပြီးခဲ့တဲ့ ဧပြီ (၃၀) ရက်က ရန်ကုန်နေအိမ်မှာ ကွန်လွန်သွားခဲ့ပါတယ်။ မေလ (၂) ရက်က ခွန်ထွန်းဦးရဲ့ ရုပ်အလောင်းကို ရန်ကုန်မြို့မှာ သဂြိုဟ်ပြီး ကျန်ရှိနေတဲ့ အရိုးပြာကိုတော့ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စော်ဘွားကြီး သချိုင်းမှာ ဂူသွင်းသွားမှာ ဖြစ်ပါတယ်။ သူသေဆုံးသွားပြီးတဲ့နောက် တိုင်းရင်းသားတွေနဲ့ နိုင်ငံရေးမိတ်ဖက်တွေက သူ့အပေါ် ဘယ်လိုမှတ်ချသဘောပြုထားလဲဆိုတာကို သျှမ်းသံတော်ဆင့် ကနေ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူငယ်တွေရဲ့ အမြင် ကို ဆက်သွယ်မေးမြန်းထား ပါတယ်။

ခွန်ထွန်းဦး စျာပနာ

လွေးချယ်ရီ (တအာင်း လူငယ်အမျိုးသမီးတစ်ဦး)

သူတို့ မိသားစုတွေအတွက် သာမက သျှမ်းအမျိုးသားတွေ သျှမ်းပြည်မှာနေတဲ့ တိုင်းရင်းသားတွေအတွက် မြန်မာဒီမိုကရေစီ ဖက်ဒရယ်ဒီမိုကရေစီ ဘက်တော်သားတွေ အတွက်ရော အများကြီး နစ်နာဆုံးရှုံးတယ်လို့တော့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သိတဲ့အတိုင်းပဲ တိုင်းရင်းသားပါတီကို ခြုံကြည့်မယ်ဆိုရင် (SNLD) က သူ့ရဲ့ ရပ်တည်ချက် အရမ်းကောင်းတယ်။ အထူးသဖြင့် ဒီ ဖက်ဒရယ် ဒီမိုကရေစီအတွက် ရပ်တည်ချက် အရမ်းကောင်းတယ်။

တိုင်းရင်းသား ပါတီတွေအတွက်လည်း သူက စံပြ။ နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးတဲ့ နိုင်ငံရေး အတွေ့အကြုံရှိပြီးမှ တိုင်းရင်းသား အရေးကို ထဲထဲဝင်ဝင် လုပ်တဲ့ အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်ကြီးလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့်မလို့ သျှမ်းလူမျိုးအတွက် သာမက အကုန်လုံးအတွက် သူက တန်ဖိုးမဖြတ်နိုင်တဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။ ဒီလိုမျိုး ဆုံးရှုံးတဲ့အတွက်လည်း ကျမတို့က မိသားစုဝင်နဲ့ ထပ်တူ ဝမ်းနည်းရပါတယ်။

အများကြီးတော့မရှိပါဘူး။ အထူးသဖြင့် ကျမတို့ သျှမ်းပြည်နယ်မှာဆိုရင်တော့ လူမျိုးရေး ပဋိပက္ခ လောလောဆယ်တော့ အဲ့အဆင့်ထိတော့ မရောက်သေးပါဘူး။ဒါပေမယ့် လက်နက်ကိုင်အချင်းချင်း တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စ ရှိတာပေါ့နော်။ ဥပမာဆိုရင် RCSS နဲ့ TNLA တွေရှိမယ်။ RCSS နဲ့ SSPP ရှိမယ်။ အဲ့ဒါကို ကြီးထွားမှာကိုလည်း ကျမတို့ စိုးရိမ်တယ်။ အဲ့ဒီအပေါ်မှာ သျှမ်းလူမျိုး ကိုယ်စားပြု ဦးခွန်ထွန်းဦး တို့ လိုလူမျိုးက ဒီပြဿနာကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျမတို့ ယုံကြည်မျှော်လင့်တာပေါ့နော်။ဒါမယ့် ခုချိန်မှာ သူက ဘဝတစ်ပါး ပြောင်းသွားတဲ့အတွက်လည်း ကျမတို့ အရမ်းကို ဝမ်းနည်းရပါတယ်လို့ သျှမ်းပြည်အရေး ကိစ္စရော မြန်မာနိုင်ငံ တစ်ခုလုံး တိုင်းရင်းသားတွေဘက်က ရဲရဲဝံ့ဝံ့ တိုင်းရင်းသားအရေးကို ရှေ့တန်းတင် ပြောရေး ဆိုရေး တဲ့နေရာမှာလည်း ကျမ တို့သူ့ကို အများကြီး အားကိုးတာပေါ့နော်။ အခုလိုမျိုးဖြစ်တဲ့အတွက် အရမ်းကို ဝမ်းနည်းမိပါတယ်။

ဦးအိုက်ပေါင်း

ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP) ကျားဖြူပါတီ

စိုင်းအိုက်ပေါင်း

တိုင်းရင်းသားခေါင်းဆောင် ကွယ်လွန်သွားတဲ့အတွက် ဒို့သျှမ်းတွေအတွက်ကတော့ ဆုံးရှုံးမှု တစ်ရပ်ဖြစ်တာပေါ့။ စိတ်တော့မကောင်းပါဘူး။ ကျန်းမာရင် အများကြီး လုပ်နိုင်ပါသေးတယ်။ စိတ်မကောင်းဘူး။ သျှမ်းတွေ အတွက် ပြည်ထောင်စုကြီးအတွက်တော့ ဆုံးရှုံးမှုကြီးတစ်ရပ်လို့ ပြောလို့ရပါတယ်။

သျှမ်းပြည်ဖက်ဒရယ်မှာ ထိခိုက်စရာမရှိပါဘူး။ ဦးခွန်ထွန်းဦးမရှိရင်လည်း သူတို့ပါတီထဲက ခေါင်းဆောင်တက်လာမှာပဲလေ။ ကွယ်လွန်သွားတာနဲ့ ရရှိတဲ့အခွင့်အရေးက ဆုံးရှုံးသွားမယ်ဆိုတာ မဟုတ်ပါဘူး။ သူတို့လဲ ပေါ်လစီချထားပြီးသားပဲလေ။ ပါတီတိုင်းမှာ ပေါ်လစီရှိထားပြီးသားပဲ။ အဲ့လိုတော့မဟုတ်ပါဘူး။ တက်လာတဲ့ လူငယ်တွေ လုပ်လို့ရပါတယ်။ ဆက်လုပ်လို့ရပါတယ်။


ဦးထွန်းအောင်ကျော် (ရခိုင် အမျိုးသားပါတီ ပါတီနိုင်ငံရေးမူဝါဒ ဦးဆောင်ကော်မတီ )

ဦးထွန်းအောင်ကျော် (Narinjara)

“ကျနော်တို့ လက်ရှိ နိုင်ငံရေး ဖြတ်သန်းမှုအနေနဲ့ ပြည်နယ်သား တိုင်းရင်းသားပဲ ခေါ်ခေါ် စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရေး ဒီမိုကရေစီစနစ် ထွန်းကားရေး ဖိနှိပ်ချုပ်ခြယ်မှုကင်းတဲ့ ဘဝတွေ မြှင့်တင်နိုင်ရေး အတွက် တိုင်းရင်းသားအားလုံး အရေး ရှေ့ဆောင်မှုက နိုင်ငံရေး အရ ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်ဟာ ဦးခွန်ထွန်းဦး ကထိပ်ဆုံးကပါတယ်။ ဦးခွန်ထွန်းဦးရဲ့ အကြံဉာဏ်တွေ နိုင်ငံရေးအမြင်တွေ ကျနော်တို့ ဆုံးရှုံးသွားတဲ့အခါ အင်မတန်အားနည်း အားလျော့တဲ့ အင်မတန်ဝမ်းနည်းစိတ်မကောင်းစရာဖြစ်တဲ့ အတွက် ကျနော်တို့အနေနဲ့ တိုင်းရင်းသားအရေးကိစ္စမှာ ဦးခွန်ထွန်းဦး ရဲ့ ကွယ်လွန်မှုဟာ အလွန်တရာ ထိခိုက်နစ်နာတယ်။ အဲ့လို ကျနော်တို့ အနေနဲ့ ခံစားရပါတယ်။ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်”


SNLD လူငယ်ရေးရာ ကော်မတီဝင် စိုင်းလွိုင်ခမ်းပန်

လွိုင်ခမ်းပန်


ခွန်ထွန်းဦးဟာ သျှမ်းအမျိုးသား နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သလို တခြားသော တိုင်းရင်းသား တိုင်းရင်းသား နိုင်ငံရေး အင်အားစုနဲ့ ပြည်မမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ တော်တော်များများမှာလည်း ဒီဖက်ဒရယ် အရေးတိုင်းရင်းသားအရေးနဲ့ ပက်သက်လို့ ရှိရင် သူ့ကို တန်ဖိုးထားပြီး အားလုံးရဲ့ လေးစားခြင်းကို ခံရတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်၊ အခုလိုမျိုး ရုတ်တရက်ကွယ်လွန်သွားတဲ့အတွက် သျှမ်းအမျိုးသားရေး အတွက်သာမက ဖက်ဒရယ်နိုင်ငံရေး အင်အားစုတွေ အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်တယ်လို့ ပြောလိုပါတယ်။

နောက်ပြီးတော့ သူ့ရဲ့ နိုင်ငံရေး ယုံကြည်ချက် ရပ်တည်ချက် တွေကလည်း အာဏာရှင်တွေကို အမြဲတမ်း ဆန့်ကျင်ခဲ့တယ်၊ သူယုံကြည်ခဲ့တဲ့ နိုင်ငံရေးရပ်တည်ချက်ကနေ အနားယူလိုက်တဲ့ အချိန်ထိ တစိုက်မတ်မတ် ဖက်ဒရယ်အရေး ဒီမိုကရေစီအရေးမှ ကြံ့ကြံ့ခိုင် ရပ်တည်ခဲ့တဲ့ နိုင်ငံရေးခေါင်းဆောင်ဖြစ်တယ်။

သျှမ်းလူငယ်တစ်ယောက်အနေနဲ့ ဦးခွန်ထွန်ဦးဟာ ကျနော်တို့ရဲ့ စံပြ ပုဂ္ဂိုလ်လည်းဖြစ်တယ်၊ ရပ်တည်ချက် ခိုင်မာတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တဲ့အတွက် တော်တော်များများ ပြောကြတာက ခွန်ထွန်းဦးက အင်မတန်ခေါင်းမာတဲ့သူဖြစ်တယ်ပေါ့နော်၊ ဒါပေမဲ့ သူယုံကြည်တဲ့အပေါ်မှာ မားမားရပ်တည်ခဲ့တယ်၊ ဒါကျနော်တို့ သျှမ်းလူငယ်တွေ အတွက် အတုယူစရာဖြစ်နေတယ်၊ ပြီးတော့ သူယုံကြည်ခဲ့တဲ့ နိုင်ငံရေးမူဝါဒ လမ်းစဥ်တွေ သူလုပ်ဆောင်ခဲ့တဲ့ မပြီးဆုံးသေးတဲ့ ဖယ်ဒရယ်အရေးတွေကိုလည်း ကျနော်တို့ သျှမ်းလူငယ်တွေက လက်ဆင့်ကမ်း လုပ်ဆောင်ရမှာဖြစ်တယ်။

ခွန်ထွန်းဦး သေဆုံးမှုဟာ သျှမ်းခေါင်းဆောင် တစ်ဦး တစ်ယောက်အနေနဲ့ပဲ သေဆုံးခဲ့တာ မဟုတ်ပါဘူး၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ်ကို ယုံကြည်တဲ့ အာဏာရှင်စနစ်ကို တစိုက်မတ်မတ်ဆန့်ကျင်တဲ့ အစားထိုးမရတဲ့ ခေါင်းဆောင်တစ်ဦး ဆုံးရှုံးတာနဲ့ အတူတူပါပဲ၊ အခုလို ဒီအာဏာသိမ်းကာလမှာ ဆိုရင်ပိုဆိုးတာပေါ့၊ သူ့လိုမျိုး အာဏာရှင်ကို မကြောက်မရွံ့နဲ့ ကိုယ့်ယုံကြည်ချက်ပေါ် မားမားမတ်မတ်ရပ်တည်ပြီးတော့ အာဏာရှင်တွေကို ဆန့်ကျင်ခဲ့တဲ့ခေါင်းဆောင်ကို ဆုံးရှုံးသွားတာက ဒီ ဒီမိုကရေစီ ဘက်တော်သားတွေအတွက် သော်လည်းကောင်း၊ ဖယ်ဒရယ်အင်အားစုတွေအတွက်လည်း ဆုံးရှုံးမှုတစ်ခုဖြစ်တယ်။ဦးခွန်ထွန်းဦးသေဆုံးမှုဟာ အာဏာရှင်တွေ အာဏာရှင်ကို လက်ခံတဲ့သူတွေက ဝမ်းသာကြမှာပေါ့လေ၊ ဒါပေမဲ့အမှန်တရားဘက်တော်သားတွေ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ယုံကြည်တဲ့အင်အားစုတွေ အတွက်ကျတော့အင်မတန်နစ်နာတဲ့ ကိစ္စဖြစ်တယ်၊ သူယုံကြည်တဲ့ လမ်းစဥ်အတိုင်းကို ကျနော်တို့သျှမ်းလူငယ်တွေ တော်လှန်ရေးအင်အားစုတွေက ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ဆောင်ရွက်သွားမှာ လို့ ပြောချင်ပါတယ်။

မမိုင်းမိုင် ကချင်အမျိုးသမီး လူငယ် တစ်ဦး

တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးနဲ့ ပတ်သက်ပြီး ကိုယ်ကျိုးစွန့် လမ်းပြပေးခဲ့တဲ့ ခေါင်းဆောင်ကြီးတစ်ဦး ဆုံးပါးသွားတာက ရှမ်းပြည်အတွက်သာမက မြန်မာနိုင်ငံအတွက်ပါ အလွန်နှမျောဖို့ကောင်းပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ကြီးရဲ့ တိုင်းရင်းသားအရေး၊ ဖက်ဒရယ်အရေးက မီးပြတိုက်လို ဖြစ်နေမယ်လို့ ယုံကြည်ပါတယ်။ ကျန်ရစ်သူများလဲ လမ်းပြကောင်းရဲ့ လမ်းစဥ်တွေကို လိုက်နာနေမယ် လို့ ယုံကြည်ပါတယ်။

ကချင်အမျိုးသမီး အဖွဲ့အစည်း (ထိုင်းနိုင်ငံ)
ပြောရေးဆိုခွင့်ရှိသူ မွ
န်းနေလီ

ကျမတို့အနေနဲ့ ကချင်လူမျိုးရယ်၊ ကချင်အမျိုးသမီးတွေအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဆရာကြီးဆုံးသွားတာကတော့ ကျမတို့ အတွက် အင်မတန်ဆုံးရှုံး နစ်နာမှုဖြစ်တယ်ဆိုတာ ခံစားရတယ်။ သူအနေနဲ့ သူလုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းတွေ အားလုံးကိုပြန်ကြည့်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားအရေး အထူးသဖြင့် ဒီဖက်ဒရယ်ကိစ္စပေါ့နော် သူဘယ်လို အန္တရာယ်ကြားကပဲဖြစ်ဖြစ် ပြောဆိုဆွေးနွေးသွားတယ်။

အခုလို့ ဆရာကြီး ဆုံးရှုံးသွားတဲ့အတွက် ကျမတို့အတွက် ခိုင်ခိုင်မာမာရပ်တည်ပြီးတော့ လုပ်ဆောင်နေတဲ့ ကျမတို့ အင်မတန်မှ ဆုံးရှုံး နစ်နာတဲ့ အချိန်တစ်ခုလို့ ခံစားရတာပေါ့နော်။

Leave a Comments

- Advertisement -spot_img

Latest article