Monday, May 6, 2024

သီပေါမြို့နယ် အရက်မူးနေသည့် အမျိုးသားကို စစ်သားများ သေနတ်ပစ် ဖမ်းဆီး

Must read

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာတွင် အရက်မူးနေသည့် အမျိုးသားကို စစ်သားများက ရိုက်နှက်မှု ပြုလုပ်သည့်အပြင် သေနတ်ဖြင့်လည်း ပစ်ခတ်ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

သေနတ်ထိမှန်သည့် နေအိမ်

ပြီးခဲ့သည့် မေလ ၂ ရက်တွင် သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တုံစင်ကျေးရွာ နယ်မြေ (၅) မှ အရက်မူးနေသည့် အမျိုးသားကို အထက်အမိန့်များ မပါရှိဘဲ စစ်သား ၄ ယောက်က လာရောက် ဖမ်းသွားကြောင်း သတင်းသိရသည်။

“ကျမအစ်ကိုက ပန်းရံလုပ်ပြီး အပြန် အရက်သောက်လာတော့ နည်းနည်းမူးနေတာ၊ အဲ့ဒါကို ဘေးအိမ်က တိုင်လို့ စစ်သားတွေက လာဖမ်းတာ၊ အမေ နဲ့ အဖေက ချက်ချင်းမထုတ်ပေးတော့ အိမ်ကိုလည်း သေနတ် နှစ်ချက်ပစ်သွားတယ်၊ အစ်ကို့ကိုလည်း ရိုက်နှက်ပြီးတော့ ဖမ်းသွားတာ” ဟု ဖမ်းဆီးခံလိုက်ရသူ အမျိုးသားနှင့် ဆွေမျိုးတော်စပ်သူ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသားသည် ကိုသားငယ်ဟု အမည်ရှိပြီး စစ်မှုထမ်းဟောင်း မိသားစုဝင် တစ်ယောက်ဖြစ် ကြောင်းလည်း သိရသည်။

ကိုသားငယ်ကို လာရောက်ဖမ်းခေါ်သွားသည့် စစ်သားများသည် အမှတ် ၅၀၄ တပ်ရင်းမှ စစ်သားများဖြစ်ကြပြီး အထက်အမိန့် မပါဘဲ နေအိမ်ကို သေနတ် ၂ ချက်ပစ်ခတ်သွားကြောင်းသိရသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူကို အာမခံကြေးဖြင့် နေအိမ်သို့ ပြန်ခေါ်နိုင်ခဲ့သော်လည်း သေနတ်ထိမှန်သည့် အိမ် များကို စစ်သားဘက်မှ မည်သည့်တာဝန်ယူမှု တာဝန်ခံမှု မရှိသေးကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article