Monday, January 26, 2026

ထိုင်းနိုင်ငံ၏ ဥပဒေသစ်အရ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအဖြစ် သတ်မှတ်နိုင်သည့် အပြုအမှု (၅) ခု

ထိုင်းနိုင်ငံတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က စတင်အသက်ဝင်ခဲ့သည့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပြင်ဆင်ချက်တွင် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုဆိုသည့် စကားရပ်၏ အဓိပ္ပာယ်ကို ပိုမိုတိုးချဲ့ထားပါသည်။

အဆိုပါပြင်ဆင်ချက်ထဲတွင် စကားလုံးများ၊ အပြုအမှုများ၊ ချောင်းမြောင်းမှုနှင့် အွန်လိုင်းပေါ်မှ လုပ်ဆောင်ချက်များ အကျုံးဝင်မည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေသစ်အရ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများတွင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုများသာမက အောက်ပါအချက်အလက်များလည်း အကျုံးဝင်မည် ဖြစ်သည်။

  • နှုတ်ဖြင့် ပြောဆိုခြင်း (ဥပမာ – လှောင်ပြောင်ခေါ်ဝေါ်ခြင်း၊ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မှတ်ချက်ပြုခြင်း)
  • ကိုယ်အမူအရာ (ဥပမာ – စိုက်ကြည့်ခြင်း/ ငေးကြည့်ခြင်း၊ လေချွန်ခြင်း)
  • ချောင်းမြောင်းခြင်း သို့မဟုတ် နောက်ယောင်ခံ လိုက်ခြင်း (ဥပမာ – တစ်စုံတစ်ယောက်နောက်သို့ လိုက်ခြင်း သို့မဟုတ် အမြဲတစေ အနှောင့်အယှက်ပေးခြင်း)
  • ကွန်ပျူတာစနစ်များမှတစ်ဆင့် လုပ်ဆောင်ခြင်း (ဥပမာ – စာပို့ခြင်း၊ မှတ်ချက်ပေးခြင်း)

အဆိုပါ အပြုအမူများသည် လိင်ပိုင်းဆိုင်ရာ သဘောသက်ရောက်နေပြီး ကျူးလွန်ခံရသူကို စိတ်အနှောင့်အယှက် ဖြစ်စေခြင်း၊ စိတ်ပျက်စေခြင်း၊ အရှက်ရစေခြင်း၊ ကြောက်ရွံ့စေခြင်း သို့မဟုတ် မလုံမခြုံ ခံစားရစေခြင်းတို့ ဖြစ်ပေါ်စေပါက ပြစ်မှုမြောက်နိုင်ပါသည်။

ရာဇဝတ်မှုမြောက်နိုင်သော အပြုအမှု (၅) မျိုး

(၁) နှုတ်ဖြင့် ထိပါးနှောင့်ယှက်ခြင်း (Verbal harassment) – လိင်ပိုင်းဆိုင်ရာ အပြောအဆိုများ ပြုလုပ်ခြင်း၊ တစ်စုံတစ်ဦး၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ မှတ်ချက်ပြုခြင်း သို့မဟုတ် မလိုအပ်ဘဲ လိင်ပိုင်းဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း။

(၂) ကိုယ်အမူအရာဖြင့် ထိပါးနှောင့်ယှက်ခြင်း (Gesture-based harassment) – ရိုင်းစိုင်းစွာ စိုက်ကြည့်ခြင်း၊ လေချွန်ခြင်း၊ နမ်းရှုံ့သည့်ပုံစံ အသံများ ပြုလုပ်ခြင်း။

(၃) အွန်လိုင်းမှ ထိပါးနှောင့်ယှက်ခြင်း (Online harassment) – ညစ်ညမ်းသောစာများ သို့မဟုတ် ညစ်ညမ်းပုံများ ပေးပို့ခြင်း၊ အများပြည်သူဆိုင်ရာ ပိုစ့်များတွင် ထိပါးနှောင့်ယှက်သော မှတ်ချက်များ ရေးသားခြင်း။

(၄) ကိုယ်ထိလက်ရောက် ထိပါးနှောင့်ယှက်ခြင်း (Physical harassment) – သဘာတူ ညီချက်မရှိဘဲ ထိတွေ့ကိုင်တွယ်ခြင်း သို့မဟုတ် ပွေ့ဖက်ခြင်း။

(၅) အာဏာကိုအလွဲသုံးစားလုပ်ပြီး ထိပါးနှောင့်ယှက်ခြင်း (Harassment involving abuse of power) – အထက်လူကြီးက လက်အောက်ငယ်သားကို လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ဖိအားပေးခြင်း သို့မဟုတ် အကျပ်ကိုင်ခြင်း။

ပြစ်ဒဏ်သစ်များ

အထွေထွေ ထိပါးနှောင့်ယှက်မှု – ကာယိန္ဒြေ၊ ယုတ်ညံ့သော အဆင့်သို့ မရောက်သော်လည်း စိတ်ထိခိုက်စေခြင်း သို့မဟုတ် စိတ်ပျက်စေခြင်း။

ပြဏ်မှုအနေဖြင့် ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ (သို့မဟုတ်) ငွေဒဏ် ဘတ် ၂၀,၀၀၀ အထိ ဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

ထပ်ခါတလဲလဲ ကျူးလွန်ခြင်း/ နေ့စဉ်ဘဝကို အနှောင့်အယှက်ပေးခြင်း – ထပ်တလဲလဲ ပြုမှုခြင်း သို့မဟုတ် ကျူးလွန်ခံရသူကို ပုံမှန်ဘဝနေထိုင်မှုကို ဟန့်တားခြင်း။

ပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၂ နှစ်အထိဖြစ်စေ (သို့မဟုတ်) ငွေဒဏ် ဘတ် ၄၀,၀၀၀ အထိဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

အများပြည်သူရှေ့ အရှက်ခွဲခြင်း/ အွန်လိုင်းမှ ထုတ်ဖော်ဖွင့်ချခြင်း – အများပြည်သူ၊ အခြားသူများရှေ့တွင် ဖြစေ၊ ကွန်ပျူတာစနစ်များမှတင်ဆင့် ပြလုပ်ြခင်း (ဥပမာ- အရှက်ရစေမည့် ပိုစ့်များ သို့မဟုတ် ညစ်ညမ်းစကားများ)

ပြဏ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ (သို့မဟုတ်) ငွေဒဏ် ဘတ် ၆၀,၀၀၀ အထိဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည် ဖြစ်သည်။

အာဏာရှိသူမှ ကျူးလွန်ခြင်း – အလုပ်ရှင်၊ အထက်လူကြီး၊ ဆရာ သို့မဟုတ် အုပ်ထိန်းသူ ကဲ့သို့သော အာဏာရှိသူမှ ကျူးလွန်ခြင်း။

ပြဏ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၃ နှစ်အထိဖြစ်စေ (သို့မဟုတ်) ငွေဒဏ် ဘတ် ၆၀,၀၀၀ အထိဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်သည်။

ကလေးသူငယ်အပေါ် ကျူးလွန်ခြင်း – အသက် ၁၅ နှစ်နှင့်အောက် ကလေးသူငယ်များအပေါ် ကျူးလွန်ခြင်း။

အမြင့်ဆုံးပြစ်ဒဏ်အနေဖြင့် ထောင်ဒဏ် ၅ နှစ်အထိဖြစ်စေ (သို့မဟုတ်) ငွေဒဏ် ဘတ် ၁၀၀,၀၀၀ အထိဖြစ်စေ (သို့မဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည် ဖြစ်သည်။

ထိပါးနှောင့်ယှက်ခံရပါက မည်သို့ လုပ်ဆောင်ရမည်နည်း

မိမိဘက်မှ သဘာမတူကြောင်း ရှင်းရှင်းလင်းလင်း ပြောပါ – ချက်ချင်း ငြင်းဆိုပါ။
သက်သေ အထောက်အထားများ သိမ်းဆည်းထားပါ – ချက်တင် (Chat) မှတ်တမ်းများအား Screenshot ရိုက်ထားခြင်း၊ အသံဖိုင် သို့မဟုတ် ဗီဒီယိုဖိုင်များ သိမ်းဆည်းထားပါ။

ရဲစခန်းတွင် တိုင်ကြားပါ – ဥပဒေအသစ်တွင် ပြတ်သားသော ရာဇဝတ်ပြစ်ဒဏ်များ သတ်မှတ်ထားသည့် အတွက် သိမ်းဆည်းထားသော သက်သေများနှင့်အတူ ရဲစခန်းသို့ သွားရောက်တိုင်ကြားလိုက်ပါ။

ထိုင်းအစိုးရက ထုတ်ပြန်သော အဆိုပါဥပဒေအသစ်သည် ဂျန်ဒါမရွေး လူသားအားလုံး၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ရည်ရွယ်ထားသဖြင့် ပြင်းထန်သည့် အရေးယူဆောင်ရွက်မှု ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News