လားရှိုးမြို့ပေါ် အမျိုးသမီးတစ်ဦး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခံရ

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (နိုဝင်ဘာလ ၂၅ ရက်) ညနေ ၅ နာရီခွဲတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ သိန္နီလမ်းမကြီးတွင် ဆိုင်ကယ်မောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်များမှ ကားတစ်စီးဖြင့် နောက်မှလိုက်လာပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

“ကားဝိုင်းနားက ဖုန်းဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်သွားတယ်။ လက်မောင်းကနေ ကျည်ဆံက ဖောက်ထွက်သွားတော့ ဒဏ်ရာပြင်းတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ပစ်တဲ့လူက ကားနဲ့ နောက်ကနေ လိုက်လာပြီး ပစ်သွားတာ၊ အခုထိ မဖမ်းမိသေးဘူး”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ သေနတ်ပစ်ခတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ အမျိုးသမီးမှာ လားရှိုးမြို့ ရပ်ကွက် (၇) တွင် နေထိုင်သည့် မဘောက်တောင် ဆိုသူ ဖြစ်ပြီး လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းမှ လားရှိုးပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သေနတ်ပစ်ခတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ သေနတ်ပစ်ခံရပြီး ဒဏ်ရာရရှိခဲ့သည့် အဆိုပါ အမျိုးသမီးမှာ လားရှိုးမြို့တွင် အိမ်ခြံမြေ ရောင်းဝယ်ရေး လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ယမန်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ရပ်ကွက် (၅) ရှိ ရေကန်တောင် အနီးတဝိုက်တွင် စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါး သုံးစွဲနေသူများကို လိုက်လံရှာဖွေ ပစ်ခတ်ခဲ့ခြင်းကြောင့် အမျိုးသား တစ်ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက် ညပိုင်းတွင် လားရှိုးမြို့ ရပ်ကွက်(၁) ထင်းရှူးမြိုင် အိမ်ယာအနီး မြို့ရှောင်လမ်း၌ ကုန်ပစ္စည်းတင်ဆောင်လာသည့် ကားတစ်စီးအား စစ်ကော်မရှင်တပ်က တားဆီးခဲ့ရာ မရပ်ပေးခြင်းကြောင့်ဟုဆိုကာ သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံပြည်သူများ ထိတ်လန့်ခဲ့ရသည်။

နိုဝင်ဘာလ (၂၅) ရက်မှ စတင်ပြီး ဒီဇင်ဘာလ (၁၀) ရက်အထိ ၁၆ ရက်တာ လှုပ်ရှားမှု ဟု ခေါ်ဆိုပြီး ပထမဆုံးနေ့ဖြစ်သည့် “အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့” သို့မဟုတ် ဖဲကြိုးဖြူနေ့ကို ယမန်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

လက်ရှိတွင် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများတွင် နေထိုင်ရသည့် အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု မရှိဘဲ လုပ်ငန်းခွင်၊ မိသားစုနှင့် ပတ်ဝန်းကျင်တို့တွင် အကြမ်းဖက်မှုများ ကျူးလွန်ခံနေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...

၁၀၅မိုင် ကုန်သွယ်ရေးနေရာ ပြန်ပြင်ဆင်ရန် စစ်တပ်က ကားသမားများထံ ငွေကြေးကောက်ခံနေ

0
အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင်သည် ဇွန်လလယ်တွင် တရုတ်နိုင်ငံခရီးစဉ်ကိုထွက်ခွာခဲ့ပြီး တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင် နှင့်တွေ့ဆုံးခဲ့ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးခဲ့သည်။ အာဏာသိမ်းသမ္မတဉီးမင်းအောင်လှိုင် တရုတ်ခရီးစဉ်အပြီး သျှမ်းပြည်မြောက်ပိုင်း “၁၀၂၇ စစ်ဆင်ရေး” ဖော်ဆောင်ရာတွင် ပါဝင်ခဲ့သည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) ကလည်း နေပြည်တော်သို့ချီတက်ခဲ့ပြီး စစ်ကော်မရှင်၏ အမျိုးသားစည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

ကျားဖြန့်သမားများကို တိုက်ဖျက် ဖမ်းဆီးသော်လည်း ဆက်လက် ကြီးထွားနေဆဲ

0
သျှမ်းပြည်အတွင်းရှိ စစ်ကော်မရှင် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံတို့သည် အွန်လိုင် ငွေလိမ်လည်မှု (ကျားဖြန့် )တိုက်ဖျက်မှုကို ပြုလုပ်သွားမည်ဟု ကြွေးကြော်နေသော်လည်း လက်ရှိအချိန်ထိ ဆက်လက် ကြီးထွား နေသေးကြောင်း စုံစမ်းသိရသည်။ ယမန့်နေ့( သြဂုတ် ၄)ရက် တွင် သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် နမ့်လစ်ကျေးရွာအုပ်စု နားရိုင်းရွာသစ် ကျေးရွာ၏...