နမ့်ခမ်းမြို့နယ် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ပစ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ငွန်အင်ကျေးရွာတွင် အမည်မသိလက်နက်ကိုင် တပ်ဖွဲ့တစ်ဖွဲ့က စစ်ဆေးရေးဂိတ်တွင် စောင့်နေသည့် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း (၃) ဦး ကို လာရောက်ပစ်ခတ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်း စကစ လက်အောက်ခံ ၀န်ထမ်း ပစ်သတ်ခံရသည့်နေရာ

ယမန်နေ့ မေလ (၃) ရက် ငွန်အင်ကျေးရွာ အနီးတွင် ည (၈) နာရီကျော်တွင် သစ်တောဝန်ထမ်းများ၊ မူးယစ်ဆိုင်ရာရဲဝန်ထမ်းများ ရှိနေစဉ် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ဘယ်သူတွေဆုံးသွားလဲ မသိရဘူး။ အဲ့နေရာက ကား အဝင်အထွက်တွေကို စစ်ဆေးတဲ့နေရာဖြစ်တယ်။ ဂိတ်လဲမဟုတ်ဘူး။ သူတို့ မကြာခဏ လာစောင့်တယ်။ အိမ်တွေနဲ့လည်း နီးတယ်။ သူတို့လာလုပ်ထားတဲ့ တဲမှာမနေဘဲ သူများအိမ်အနီးမှာ သွားနေတယ်။ (၁၀) နှစ်လောက်ရှိနေပြီ သူတို့ မကြာခဏ လာစစ်ဆေးတာ။ အခွန်တွေ လာကောက်တာရှိတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ဝမ်ငွန်အင်ကျေးရွာသည် နမ့်ခမ်း – မိုင်းဝီး ကားလမ်းမကြီးပေါ် ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး သစ်တောများ၊ မူးယစ်များ မကြာခဏ ကားများ၊ ထော်လဂျီများကို လာရောက်စစ်ဆေးပြီး အခွန်များ ကောက်လျက်ရှိကြောင်း နမ့်ခမ်းဒေသခံ တစ်ဦး ကပြောသည်။

“ဝမ်ငွန်အင်ရွာက နမ့်ခမ်း သုဿန် နဲ့နီးတယ်။ နမ့်ခမ်း မိုင်းဝီး ကားလမ်းမကြီးမှာ ခုလိုအခြေနေက သူများ ည ခရီးသိပ်မထွက်ဘူး။ မနက်မိုးလင်းမှ သေသွားတဲ့သူတွေရှိတယ်ဆိုတာ သူများတွေ သိကြတာ” ဟု နမ့်ခမ်းဒေသခံ တစ်ဦးကပြောသည်။

နမ့်ခမ်းမြို့နယ်သည် တိုင်းရင်းသားလက်နက်ကိုင်အများအပြား လှုပ်ရှားရာ နယ်မြေဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုများလည်း ရှိသည့် နေရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...