ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက် အဆောက်အအုံများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကြောင်း သတင်းသိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသည့်အဆောက်အဦး

ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများတိုက်မှုကြောင့် နေအိမ် အဆောက်အအုံများ ၁၀ လုံးနီးပါး နှင့် စာသင်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

“နေအိမ်ပျက်စီးတာတွေတော့တော်တော်များများရှိပါတယ်၊ စာသင်ကျောင်းကတော့ ခေါင်မိုးတွေ သွပ်မိုးတွေ လန်ထွက်သွားတာ၊ အိမ်တချို့လည်း ထရံကွာတာ ခေါ်မိုးလန်တာတွေ ဖြစ်တယ်၊ စုစုပေါင်း အိမ် ၇ လုံးလို့သိရပါတယ်” ဟု နောင်ကျောဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများသည် စုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း ၃၃ သိန်းကျော်ခန့်ရှိမည်ဟု ခန့်မှန်းကြောင်းနှင့် နေအိမ်ပျက်စီးခံရသည့် တချို့သော ပြည်သူများ နေအိမ်ပြန်လည်ပြုပြင်ရန်အတွက် အကူညီလိုအပ်ကြောင်းလည်း သိရသည်။

“အိမ်တစ်လုံးဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ၊ အခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်ဆို ပိုဆိုးတာပေါ့၊ ဒါကြောင့် တချို့လည်းဆွေမျိုးတွေဆီ ချေးငှားရတာတွေ ၊ တချို့လည်း အခက်အခဲရောက်နေရဆဲပဲ၊ ဟိုတစ်နေ့က ထွေအုပ်လား ပြန်/ဆက်လား မသိဘူး စာရင်းတောင်းလာတယ်၊ ကူညီဖို့ဖြစ်မလားတော့ သိဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။

လေပြင်းကြောင့် ထိခိုက်ဆုံးရှုံးမှု ရှိသည့် ကျေးရွာများသည် နောင်ကျောကျေးရွာအုပ်စု လွယ်ဆောင်ကျေးရွာ၊ နောင်ရင်းဒုံကျေးရွာ၊ နားသံကျေးရွာတို့မှ ဒေသခံများဖြစ်ကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်ရှိ ကျေးရွာများတွင် ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဟုဆို

0
သျှမ်းပြည်တောင်ပိုင်း၊ဆီဆိုင်မြို့နယ် ထမ်ဆိုင်းကျေးရွာနှင့် အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့် ပိတ်ပင်ထားပြီး၊ ဘောင်းဘီဝတ်လျှင် ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလဆန်းပိုင်းမှစကာ ထမ်ဆိုင်းကျေးရွာနှင့် ၎င်းပတ်ဝန်းကျင် အနီးနားရှိကျေးရွာမှ ဒေသခံများ ရိုးရာ ဝတ်စားဆင်ယင်မှု လျော့နည်းလာခြင်း၊ ကျေးရွာ ဂုဏ်သိက္ခာထိခိုက်စေလာမှုကြောင့် ဘောင်းဘီဝတ်ဆင်မှုကို ကျေးရွာသူကြီးများက ကန့်သတ်လိုက်ကြောင်း ၎င်းဒေသခံများက ပြောသည်။ အဆိုပါ ကန့်သတ်ချက်ကို...

ဆီဆိုင်တွင် မိုင်းရှင်းရန် PNO ကို ငွေပေးနေရ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စိုက်ခင်းများအတွင်း ကျန်ရှိနေသည့် စစ်လက်နက်အကြွင်းအကျန် မြေမြုပ်မိုင်းများကို စစ်ကောင်စီ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO ထံငွေပေးပြီး ရှင်းခိုင်းနေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ဇန်နဝါရီမှစပြီး ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)၊ကရင်နီတော်လှန်ရေးတပ်ပေါင်းစု ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO ပူးပေါင်းတပ်တို့အကြား...

ဆီဆိုင်မြို့နယ် PNO စစ်ဆေးရေးဂိတ်တွင် ကန့်သတ်ကုန်များကို စစ်ဆေးတင်းကြပ်နေ

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ဆေးရေးဂိတ်များတွင် ကန့်သတ်ကုန်ပစ္စည်းများကို စစ်ဆေးတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့နယ်အတွင်း အခြေခံစားသောက်ကုန်များ ၊ ဆေးဝါးများ နှင့် စက်သုံးဆီများကိုသယ်ယူပို့်ဆောင်ရာာတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO များက သယ်ယူပို့ဆောင်ရန် ကန့်သတ်မှုများ ပြုလုပ်...

ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ...

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...