ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်းကြောင့် နွားအကောင်ရေ ၅၀ ခန့်သေဆုံး

သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားအကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၂၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ရကြောင်း ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က ဒီဘက်မှာက မိုးတွေလေတွေဆိုတော့ လယ်ယာထဲ လွတ်ထားတဲ့ နွားတွေကို ပြန်စုတဲ့ အချိန်ထင်တယ်။ သစ်ပင်အောက်မှာရှိတဲ့ အဲ့နွား ၄၉ ကောင်လောက်က မိုးကြိုးပစ်လို့ သေသွားတာ။ စုပြီး မွေးထားကြတဲ့ နွားတွေ၊ တချို့ကလည်း ဒီတိုင်း လယ်ယာမှာ သုံးဖို့ မွေးသလို တချို့ကလည်း စီးပွား‌‌ရေးလုပ်ဖို့ မွေးထားကြတာ”ဟု ဆီဆိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ မိုးကြိုးပစ်ခံရပြီး သေဆုံးသွားသည့် နွားအကောင်ရေ ၅၀ ခန့်သည် ဆုံးရှုံးမှုတန်ဖိုး သိန်း ၇၀၀ ထပ်မနည်း ရှိနိုင်ပြီး လက်ရှိ နွားတစ်ကောင်၏ ခန့်မှန်းတန်ဖိုးသည် ကျပ် ၁၀ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မိုးတွင်းကာလတွင် ကွင်းပြင်၊ တောင်ယာနှင့် သစ်ပင်အောက်တွင် မိုးကြိုးအန္တရာယ် သတိထားရန် လိုအပ်ပြီး တိုက်မြင့် အဆောက်အဦများတွင်လည်း မိုးကြိုးအန္တရာယ် ရှိနိုင်ခြင်းကြောင့် အထူးသတိထားရန် လိုအပ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးတစ်ဦး ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၊ ခြေတစ်ဖက်ဆုံးရှုံး

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌ ဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဧပြီလ (၅) ရက် နေ့လယ် ၂ နာရီအချိန်တွင် ဆီဆိုင်မြို့နယ် တဘက်ကျေးရွာအုပ်စု ရွှေတဂူဒေသရှိ တဘက်ချောင်းအနီးတွင် ဟင်းရွက်ခူးနေသော အသက် (၅၀)ကျော်အရွယ် အမျိုးသမီးတစ်ဦးသည်...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။