ကွတ်ခိုင်-နမ့်ခမ်းကြား TNLA နှင့် MNDAA တိုက်ပွဲပြင်းထန်၊ မိုင်းယုလေးဒေသကို MNDAA ထိန်းချုပ်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်တွင် ဖြစ်ပွားနေသည့် TNLA နှင့် MNDAA ကြား မြေပြင်တိုက်ပွဲများမှာ ဆက်လက်ပြင်းထန်နေပြီး နမ့်ခမ်းမြို့ဘက်သို့ ဦးတည်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (မတ်လ ၁၅ ရက်) နံနက် ၃ နာရီကျော်မှ စတင်၍ ကွတ်ခိုင်မြို့ပြင်ဘက်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ကြား ဒရုန်းဖြင့် လိုက်လံတိုက်ခိုက်ခဲ့ကြပြီး မြို့တွင်းရှိ ရဲစခန်း၊ တပ်နှင့် ဌာနဆိုင်ရာ နေရာဟောင်းများသို့ MNDAA ဘက်မှ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

ထို့အပြင် ကွတ်ခိုင်နှင့် နမ့်ခမ်းကြား TNLA ထိန်းချုပ်ထားသည့် မိုင်းယုလေးနှင့် ၁၂ မိုင်ဂိတ်ဘက်တွင်လည်း နှစ်ဘက်တပ်ဖွဲ့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယနေ့နံနက် ၉ နာရီခန့်တွင် မိုင်းယုလေးဒေသကို MNDAA ဘက်မှ ထိန်းချုပ်လိုက်ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီမနက် ၃ နာရီလောက်က စပြီး ကွတ်ခိုင်မြို့ပြင်မှာ ဒရုန်းနဲ့ လိုက်ပစ်နေကြတယ်။ မိုင်းယုအဝင် လမ်းခွဲနားရယ်၊ နမ့်ခမ်းသွားတဲ့ ၁၂ မိုင်ဂိတ်ရယ် ပလောင်နဲ့ ကိုးကန့် တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲအခြေအနေက နမ့်ခမ်းထိ မရောက်ဘူးလို့ တပ်အပ်မပြောနိုင်ဘူး၊ အခု ကိုးကန့်ဘက်က နမ့်ခမ်းမြို့ကိုပါ သိမ်းမယ့်အစီအစဉ် ရှိ မရှိ စုံစမ်းနေတယ်” ဟု သျှမ်းပြည်မြောက်ပိုင်းမှ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မတ် ၁၄ရက် MNDAA နှင့် TNLA တိုက်ပွဲ အခြေအနေ

ယမန်နေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊ လွိုင်ဆမ်ဆစ်၊ မန်ပြိန်းနှင့် မြို့အနီးတဝိုက်ရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး တပြိုင်နက် စတင်တိုက်ခိုက်ခဲ့ရာ လဝက်နီးပါး ကုန်စည်ဖြတ်တောက်ခံထားရခြင်းကြောင့် တိုက်ပွဲကာလ ကြာမြင့်ပါက စားနပ်ရိက္ခာ ပြတ်တောက်မည်ကို စိုးရိမ်နေရကြောင်း ကွတ်ခိုင်ဒေသခံများက ပြောသည်။

ကွတ်ခိုင်နှင့် သိန္နီမြို့နယ်တွင် TNLA နှင့် MNDAA ကြား တစ်လကျော်ကြာ ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှု ပြဿနာများမှာ ပြေလည်မှု မရရှိဘဲ မြေပြင်စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ရာမှ ညီနောင်မဟာမိတ် တပ်အချင်းချင်း တိုက်ခိုက်သည်အထိ စစ်ရေးပဋိပက္ခ ကြီးထွားလာသည်။

“ကိုးကန့်ဘက်က ကြူကုတ်ပန်ဆိုင်းဘက်ကနေ စစ်အင်အား ဖြည့်နေတော့ တိုက်ပွဲပြင်းထန်လာရင် နမ့်ခမ်းဘက်ထိ ရောက်နိုင်တယ်။ အခု TNLA ရဲ့ ထောက်ပို့လမ်းကြောင်း အားလုံးနီးပါးကို ကိုးကန့်ဘက်က ပိတ်ထားတယ်။ စစ်ရေးလှုပ်ရှားမှုကိုကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းရရင် ကိုးကန့်ဘက်က စစ်အင်အား တစ်ထောင်ကျော် သုံးထားတယ်” ဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ဆက်ပြောသည်။

တရုတ်နှစ်သစ်ကူးမတိုင်မီ ဖေဖော်ဝါရီ (၁၃) ရက်တွင် ကွတ်ခိုင်မြို့ရှိ ကိုးကန့်တပ် MNDAA အုပ်ချုပ်ရေးရုံးများကို TNLA ဘက်မှ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့ကြောင့် နှစ်ဦးနှစ်ဘက် ညီနောင်မဟာမိတ်ဆက်ဆံရေးကို ထိခိုက်စေခဲ့ကြောင်း MNDAA ဘက်မှ ယမန်နေ့ (မတ်လ ၁၄ ရက်) ဖြစ်စဉ်နှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။

TNLA ဘက်မှ ပုံမှန်ကင်းလှည့်နေသော MNDAA တပ်ဖွဲ့ဝင်များကို ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းကြောင့် တန်ပြန်ခုခံ တိုက်ခိုက်ခဲ့ရပြီး အဆိုပါဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် နောက်ဆက်တွဲပြဿနာအားလုံးကို TNLA အပြည့်အဝ တာဝန်ယူရမည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အခြားတစ်ဘက်တွင် ကွတ်ခိုင်ဒေသ အနှံ့အပြားရှိ TNLA တပ်စခန်းများကို MNDAA ဘက်မှ တပြိုင်နက် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ညီနောင်မဟာမိတ်(၃) ဖွဲ့ ပူးတွဲထိန်းချုပ်ထားသည့် မူဆယ်မြို့နယ် ကျင်ဆန်းကျော့ နယ်စပ်ကုန်သွယ်ရေးဇုန် (၁၀၅) မိုင်ရှိ TNLA တပ်ဖွဲ့ဝင်များကို လက်နက်နှင့်အတူ ဖမ်းဆီးခြင်းများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း TNLA ဘက်မှ ယမန်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

TNLA အနေဖြင့် ယမန်နေ့ ညနေပိုင်း ၅ နာရီအထိ MNDAA အား ပြန်လည်ပစ်ခတ်ခဲ့ခြင်း မရှိဘဲ မိမိကိုယ်ကို ခုခံကာကွယ်ခြင်းသာ ဆောင်ရွက်ခဲ့ပြီး ညီနောင်မဟာမိတ်အချင်းချင်းကြား ဖြစ်ပေါ်နေသည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ကြိုးစား အဖြေရှာသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အလားတူ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကလည်း MNDAA နှင့် TNLA ကြား လက်ရှိဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများကို ချက်ချင်းရပ်တန့်ပြီး မိတ်ဖက်ပဋိပက္ခများအဖြစ် ရှုမြင်ကာ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး ဖြေရှင်းကြရန် တောင်းဆိုပြီး ကူညီပံ့ပိုးမှု လိုအပ်ပါက ပါဝင်ဆောင်ရွက်နိုင်ရန် NUCC ဘက်မှ ကမ်းလှမ်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

မိုင်းရယ်တွင် MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း တပ်သားသစ် အဓမ္မခေါ်ယူနေ

0
သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကျေးရွာဘက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ကောက်ယူထားသည့် အိမ်ထောင်စုစာရင်းအတိုင်း ဒေသခံများကို တပ်သားသစ်အဖြစ် အတင်းအဓမ္မ ခေါ်ယူစုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ၂၃ ရက်တွင် မိုင်းရယ်မြို့နှင့် လားရှိုးမြို့ကြားရှိ ဟိုယ၊ လွယ်ငင်း၊ ကောင်းမောင်၊ နောင်မို စသည့် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများကို...