Thursday, April 25, 2024

တာချီလိတ်မြို့ ရှိ ပြည်ခိုင်ဖြိုးရုံး ပစ်ခတ်ခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ရွှေတိဂုံဘုရားလမ်းရှိ ပြည်ခိုင်ဖြိုးရုံး ယနေ့ (မေလ ၅ ) ရက် မနက် ၂ နာရီဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်ဆိုင်းဘုတ်

“ အဲ့လိုကြားတယ်။ ဒီနေ့မနက် ၂ နာရီလောက်လာပစ်ခတ်သွားတာ။။ သေနတ်နဲ့လာပစ်တာ။ ၁၀ ချက်ဝန်းကျင်လောက်ကြားရတယ်။ လူထိခိုက်မှုရှိမရှိတော့ မသိရဘူး” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ပြည်ခိုင်ဖြိုးရုံးတွင် ရုံးတက်သူများမရှိကြောင်း သန့်ရှင်းရေးသမား နှင့် ညစောင့် ဝန်ထမ်းသာရှိကြောင်း သိရသည်။

တာချီလိတ်မြို့သည် မကြာခဏ ဗုံးပေါက်ကွဲသံများ၊ သေနတ်ပစ်ခတ်သံများ ကြားနေရသဖြင့် ညပိုင်းချိန်တွင် အပြင်ထွက်သွားလာမှုကို စိုးရိမ်နေရကြောင်း သိရသည်။

“ ညတော့ အပြင်သိပ်မသွားတော့ဘူး။ ညအချိန်ဆို ခဏခဏ ပစ်ခတ်သံတွေ၊ ဗုံးပေါက်ကွဲသံတွေ၊ ဆိုင်ကယ်တိုက် တာတွေက ဖြစ်တယ်။ အဲကြောင့် ညညဆို အပြင်သွားရမှာစိတ်ပူရတယ်” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

တာချီလိတ်မြို့သည် နိုင်ငံရေး နှင့် ပတ်သတ်ပြီး ပစ်ခတ်မှုသည် ယနေ့ မနက် က ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article