ရွာငံမြို့နယ် အမျိုးသမီး ၄ ယောက် အပါအဝင် ဒေသခံ ၃၀ကျော် ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လယ်ကိန်းကျေးရွာတွင် အမျိုးသမီး ၄ ယောက် အပါအဝင် စုစုပေါင်း ဒေသခံ ၃၄ ဦး ကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးထားကြောင်း စုံစမ်းသိရှိရသည်။

ရွာငံ

ပြီးခဲ့သည့် ဧပြီ ၂၆ ရက်တွင် အင်အား ၁၀၀ နီးပါးရှိသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ် လယ်ကိန်းကျေးရွာထဲသို့ ဝင်လာပြီး အမျိုးသမီး ၄ ဦးအပါအဝင် ဒေသခံ ၃၄ ဦးကို ဖမ်းဆီးခေါင်ဆောင်သွားကြောင်း ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ ၂၆ ရက် ညနေပိုင်းမှာ ရွာထဲကို စစ်ကြောင်းဝင်လာပြီး ရွာထဲက ပြည်သူတွေကိုလာဖမ်းတယ်၊ ဘာကြောင့်ဖမ်းလဲဆိုတာ မသိရဘူး၊ ဒလန်လည်းပါတော့ အိမ်ထဲဝင်ဖမ်းတာ၊ တချို့က ထွက်ပြေးလွတ်သွားပေမဲ့ ၃၄ ယောက်လောက် ဖမ်းခံထားရတယ်၊ အမျိုးသမီး ၄ ယောက် နဲ့ အမျိုးသား ၃၀ ယောက်လောက် ဖမ်းထားတယ်” ဟု အထက်ပါ လူငယ်အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်သားတို့သည် လယ်ကိန်းကျေးရွာသား ၃၀ ဦးကို စစ်သားတစ်ချို့ပါသည့် ကားနှစ်စီး နှင့် အတူ ကလောမြို့သို့ ခေါ်ဆောင်သွားပြီး အမျိုးသမီး ၄ ဦးကို ၎င်းတို့စခန်းချထားရာ ရွာအနီးမှ စခန်းတွင်း ခေါ်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

“ဖမ်းဆီးတဲ့ ရွာသားတွေကို ကလော ပို့လိုက်တယ်၊ အမျိုးသမီးတွေတော့ မပါသွားဘူး၊ သူတို့ရွာအနီးက စခန်းအနီးမှာပဲ ခေါ်ထားသေးတယ်လို့ သိရတယ်၊ အဲ့စခန်းမှာ အရင်နေ့တုန်းက ထမင်းဟင်းချက်ဖို့ ခေါ်သွားတဲ့ ဒေသခံ အမျိုးသမီးတချို့လည်း ရှိနေတယ်” ဟု လယ်ကိန်းကျေးရွာ အနီးရှိ နဘန်းကြီး ကျေးရွာသားတစ်ဦးက ပြောသည်။

လယ်ကိန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်သည့်အပြင် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူမှု မဖြစ်ပွားခင် နှင့် ရွာငံမြို့နယ်အတွင်း စစ်ကြောင်းထိုးမှု မဖြစ်ပွားခင်တွင် အေးချမ်းလှသည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့တို့သည် ရွာငံမြို့ အရှေ့ဘက်ရှိ အုပ်တွင်းကျေးရွာ၊ ထမင်းပေါင်းကျေးရွာ၊ ကြံတောကျေးရွာ နှင့် ပေါစောကျေးရွာတို့မှာလည်း စစ်သားအင်အားများစွာဖြင့် ဖြန့်ကျက်နေရာယူထား ကြောင်းလည်း သိရသည်။

“အင်အားက ၁၀၀ ရှိနေပါတယ်၊ စစ်ကောင်စီတွေက ရွာသားတွေ ဖမ်းပြီးလမ်းပြလုပ်ခိုင်းတာ ရှိတယ်၊ ရွာသားတော်တော်များများတော့ ထွက်ပြေးနေကြပြီ၊ ဒီနေ့ကတော့ အုပ်တွင်းကျေးရွာမှာ ရှိနေတယ်၊ လူမနေပဲ ထွက်ပြေးနေတဲ့ ရွာသားတွေရဲ့ အိမ်ထဲဝင်ပြီး တန်ဖိုးကြီးတဲ့ပစ္စည်းတွေ ဖုန်းတွေ ယူသွားတယ်” ဟု ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်တွင်လည်း ပဲရင်းတောင်ကျေးရွာမှ ရွာသား ၆ ဦးကို PDF နှင့် ဆက်စပ်သည် ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်ကောင်စီက သတ်ဖြတ်လိုက်ကြောင်းလည်း သိရသည်။

လက်ရှိ ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားတို့၏ လူမဆန်သည့် အကြမ်းဖက် လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ၈၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် စစ်ရှောင်တို့အတွက် အရေးပေါ် ကူညီထောက်ပံ့မှုများလိုအပ် နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...