Saturday, May 4, 2024

လူမှုကွန်ရက်ပေါ်တင်သည့် သတင်းကြောင့် မူဆယ်မြို့ အမျိုးသမီး တစ်ဦးဖမ်းဆီးခံရ

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ရှိ အမျိုးသမီးတစ်ဦး ၎င်း၏ လူမှုကွန်ရက်စာမျက်နှာပေါ်တင်ထားသည့် သတင်းကြောင့် စစ်ကောင်စီ ဖမ်းဆီးခြင်း ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။

Photo by မူဆယ် ဒေသခံတဦး

ယမန်နေ့ (မေလ ၂) ရက် မွန်းလွဲပိုင်း ၄ နာရီတွင် မူဆယ်မြို့ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီလက်အောက်ခံ စရဖက ကား (၃) စီးဖြင့် လာရောက်ဖမ်းသွားကြောင်းသိရသည်။

“ မနေ့က လာဖမ်းသွားတာ။ ဖေ့ဘွတ်ပေါ်မှာတင်ထားတဲ့ ပုံကို လာပြသွားပြီး ဖမ်းသွားတာ။ စရဖတွေကပဲ လာဖမ်းသွားတာ။ ကား (၃) စီးနဲ့ လာဖမ်းသွားတာ။ အစက နှစ်ယောက်ဖမ်းသွားတာ။ တစ်ယောက်ကိုတော့ မနေ့က (၆) နာရီမှာပဲ ပြန်လွတ်လာပေးလိုက်တာ” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအမျိုးသမီးကို စရဖက ဖမ်းဆီးသွားပြီး ယနေ့ မေ ၃ ရက်နေ့တွင် ပြန်လွတ်ပေးမည်ဟု စရဖက ပြောဆိုလိုက်ကြောင်းသိရသည်။

“ မနေ့ ဖမ်းသွားတုန်းကတော့ ဒီနေ့ ပြန်လွှတ်လာမယ်လို့ ပြောတယ်။ အခုချိန်ထိတော့ ပြန်မလွတ်လာသေးဘူး။ ခနမေးမြန်းဖို့ဆိုပြီးတော့ ဖမ်းသွားတာ။ ဖေ့ဘုတ်ကနေတစ်ဆင့် ဖမ်းသွားတာ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မူဆယ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဓားပြတိုက်မှု၊ လုယက်မှု ၊ ဗုံးမကြာခဏ ပေါက်ကွဲမှုများ ဖြစ်နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article