CATEGORY

သတင်း

သျှမ်းလက်နက်ကိုင်များ ဒေသခံများထံ အိမ်ထောင်စုစာရင်းကောက်ခံနေ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ ဒေသခံပြည်သူများထံ အိမ်ထောင်စု လူဦးရေစာရင်း ကောက်ခံမှုများ ပြုလုပ်နေ ကြောင်း သတင်းသိရသည် ။ သျှမ်းပြည်တောင်ပိုင်းရှိ ပင်လုံမြို့၊ လဲချားမြို့ နှင့် တခြားသော မြို့နယ်များရှိ ကျေးရွာများတွင် သျှမ်းလက်နက် ကိုင် တပ်ဖွဲ့များမှ ဒေသခံပြည်သူတို့၏ အိမ်ထောင်စု စာရင်းကောက်ယူမှုများ ရှိနေပြီး လက်ရှိတွင် ပြည်သူများ...

စစ်ကောင်စီခေါင်ဆောင် ကမ်းလှမ်းချက် တိုင်းရင်းသားလက်နက်ကိုင်တွေ သွားတက်ကြမှာလား

ပြီးခဲ့တဲ့ ဧပြီ (၂၂) ရက်က စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တွေကို ကိုယ်တိုင် တွေ့ဆုံသွားမယ် လို့ ပြီးခဲ့တဲ့ ဧပြီ (၂၂)ရက် က ပြောဆိုလိုက်ပါတယ်။ အဲ့ဒီဖိတ်ခေါ် ကမ်းလှမ်းမှုနဲ့ ပတ်သက်ပြီး...

ကျောက်မဲ လူငယ်တစ်ဦး ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းလူငယ်တစ်ဦးသည် ညီဖြစ်သူကို ထောင်ဝင်စာသွားပို့ပြီး အပြန်တွင် ပျောက်ဆုံးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သတင်းသိရသည်။ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် နေအိမ်မှ ကျောက်မဲမြို့  မြို့မရဲစခန်းသို့ ထောင်ဝင်စာ ထမင်းထုပ် သွားပို့သည့်  စိုင်းဝင်းဟန်...

လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ

သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။ လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း...

ကောက်ရသည့် လက်ပစ်ဗုံးပေါက်ကွဲ ကလေးငယ်တစ်ဦးသေဆုံး အမျိုးသမီးငယ်တစ်ဦး လက်ဖြတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဥ်းအတွင်း ကလေးငယ်များသည် ကောက်ရသည့် လက်ပစ်ဗုံးတလုံးကို ဆော့နေချိန် ပေါက်ကွဲမှု ဖြစ်ပွားသဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးကာ အမျိုးသမီးငယ် တစ်ဦးလည်း ညာဘက်လက် ဖြတ်လိုက်ရကြောင်း စုံစမ်းသိရသည်။ပြီးခဲ့သည့် ဧပြီလ ၂၆ ရက် နေ့လည်ပိုင်းတွင် ဟိုပုံးမြို့နယ်...

ကျောက်မဲမြို့လူငယ် အမျိုးသား (၂) ဦး PDF ထောက်ပံ့ပေးသူဟု စွပ်စွဲ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက် အုတ်ကျင်းရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီမှ လူငယ် (၂) ဦးကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။ယမန်နေ့ ဧပြီ (၂၇) ရက် မနက် (၂) နာရီခန့်တွင် ၎င်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို...

ဟိုပုံးမြို့နယ် သျှမ်းပြည်ဝန်ကြီးချုပ် မရောက်မီအချိန်တွင် ပြည်သူများ မြက်နုတ်၊ အမှိုက်သွားကောက်ပြရ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်တွင် ယမန့်နေ့ ဧပြီ ၂၇ ရက် သျှမ်းပြည်ဝန်ကြီးချုပ် နှင့် လူမှုဝန်ကြီး လာချိန်တွင် ပြည်သူများက မြက်နုတ်၊ အမှိုက်လာကောက်ပြရကြောင်း စုံစမ်းသိရသည်။ယမန်နေ့က စစ်ကောင်စီခန့် သျှမ်းပြည်ဝန်ကြီးချုပ်တို့သည် ဟိုပုံးမြို့ကို မနက် (၉) နာရီအချိန်တွင်လာကြပြီး သီရိမင်္ဂလာလမ်းတွင် နေထိုင်သည့် ပြည်သူများက ထိုနေရာအနီးတစ်ဝိုက်တွင်...

အင်းလေးဒေသ ရေခန်းခြောက် ရေကြောင်းလုပ်ငန်းအလုပ်မဖြစ်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့ရှိ အင်းလေးဒေသအတွင်းမှ တချို့သော နေရာများတွင် ရေခန်းခြောက် နေသည့်အတွက် ရေကြောင်းလမ်းလုပ်ငန်းများ မလုပ်ဆောင်နိုင်တော့ကြောင်း သတင်းသိရသည်။အင်းလေးဒေသမှ ဟဲယာရွာမတွင် ဧပြီလ အစောပိုင်းမှစတင်ကာ ရေခန်းခြောက်လာမှုကြောင့် ကျေးရွာတွင်း ရေလမ်းခရီး သွားလာရေးခက်ခဲကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ရေကတော့ တော်တော်ကိုနည်းသွားပြီ၊ အခုကျနော့်အိမ်ဘေးမှာဆို တစ်တောင်လောက်တောင်မရှိတော့ဘူး၊ အဲ့လိုဖြစ်နေတော့...

မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ...

ဖယ်ခုံမြို့နယ်အတွင်း CDM ပညာရေးဝန်ထမ်းများ NUG ကပေးသည့် ထောက်ပံ့ကြေးမရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်း CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများသည် NUG အစိုးရမှ ပေးအပ်သည့် ထောက်ပံ့ကြေးငွေများ မရရှိသဖြင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။ ဖယ်ခုံမြို့နယ်အတွင်း ဧပြီ ၂၅ ရက်နေ့က CDM ပြုလုပ်သည့် စစ်တပ်၊ ရဲ၊ ပြည်သူ့ဝန်ထမ်း (၂၀၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ...

Latest news