ကျောက်မဲမြို့လူငယ် အမျိုးသား (၂) ဦး PDF ထောက်ပံ့ပေးသူဟု စွပ်စွဲ ဖမ်းဆီးခံရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ် (၁) ရပ်ကွက် အုတ်ကျင်းရှိ နေအိမ်တစ်အိမ်တွင် စစ်ကောင်စီမှ လူငယ် (၂) ဦးကို ဝင်ရောက်ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ ဧပြီ (၂၇) ရက် မနက် (၂) နာရီခန့်တွင် ၎င်းရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကို ထောက်ပံ့ပေးသည့်သူများဟု စွပ်စွဲပြီး လူငယ် အမျိုးသား (၂) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် မရရှိသေးကြောင်း ကျောက်မဲဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မနက်ပိုင်းချိန်မှာ ဝင်ရောက်ရှာဖွေပြီးတော့ အဲ့အိမ်က လူငယ်တွေ PDF ကို ထောက်ပံ့ပေးတယ်ဆိုပြီးတော့ စစ်ကောင်စီက စွပ်စွဲပြောဆိုပြီး ဖမ်းသွားတယ်။ အမျိုးသား (၂) ယောက်ကို ဘယ်မှာ ဖမ်းဆီးခေါ်ဆောင် သွားလဲတော့ မသိရသေးဘူး”ဟု ကျောက်မဲဒေသခံ အမျိုးသမီး တစ်ဦးကပြောသည်။

ကျောက်မဲမြို့

ပြီးခဲ့သည့် ဧပြီ (၂၆) ရက်တွင်လည်း စစ်ကောင်စီသည် ကျောက်မဲမြို့ရှိ အရက်ဆိုင်တစ်ဆိုင်မှာ ဝင်ရောက်စစ်ဆေးပြီး ဆိုင်တွင်းရှိ ပြည်သူတစ်ချို့ကို ရိုက်နှက်ခဲ့ကြောင်း သိရသည်။

“ခုရက်ပိုင်း မြို့ထဲကို မကြာခဏ သူတို့ လှည့်ပတ်တာတွေ ပြုလုပ်ကြတယ်။ သံသယ ရှိတဲ့သူတွေကို ရိုက်နှက်တာ တွေရှိတယ်။ လမ်းမကြီးတွေမှာ လမ်းကြိုလမ်းကြားတွေမှာ သူတို့ သွားလာလှုပ်ရှားတာတွေရှိတယ်။ လုံခြုံမှုတွေ မရှိတော့လို့ ကျနော်တို့ ညမိုးချုပ်လာရင် အပြင်မထွက်ရဲကြတော့ဘူး” ဟု ကျောက်မဲဒေသခံ တစ်ဦးကပြောသည်။

ကျောက်မဲမြို့မှာ မြို့နယ် စည်ပင်သာယာရေးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ပုံဝိုးကျေးရွာမှ မြို့တွင်းသို့ လာသည့် အမျိုသား တစ်ဦးအား ရိုက်နှက်စစ်ဆေးမှုကြောင့် သေဆုံးခဲ့ရသည်။စစ်ကောင်စီသည် ပြည်သူများကို ဖမ်းဆီးပြီး မိသားစုများထံ ငွေကြေးနှင့် ပြန်လည်ရွေးရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...