ကျောက်မဲ လူငယ်တစ်ဦး ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ သျှမ်းလူငယ်တစ်ဦးသည် ညီဖြစ်သူကို ထောင်ဝင်စာသွားပို့ပြီး အပြန်တွင် ပျောက်ဆုံးသွားပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းများလည်း ထွက်ပေါ်နေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် ဧပြီ ၂၆ ရက် ညနေ ၅ နာရီဝန်းကျင်တွင် နေအိမ်မှ ကျောက်မဲမြို့  မြို့မရဲစခန်းသို့ ထောင်ဝင်စာ ထမင်းထုပ် သွားပို့သည့်  စိုင်းဝင်းဟန် (ခ) ကိုဖြိုးဝေဟန်သည် အပြန်လမ်းတွင် ပျောက်ဆုံးသွားပြီး အဆက်အသွယ်လည်း ပြတ်သွားကြောင်း မိသားစုတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော့်အစ်ကိုက နေ့တိုင်းထောင်ဝင်စာသွားပို့ပါတယ်၊ ဒါက သူ့ရဲ့ ပုံမှန်အလုပ်လိုလည်းဖြစ်နေပြီ၊ ဒါပေမဲ့ အဲ့ဒီ နေ့မှာ ထမင်းထုပ်သွားပို့ပြီး ပြန်မလာတော့ဘူး၊ အဆက်အသွယ်လည်း ပြတ်နေတယ်၊ သူသွားတတ်တဲ့ နေရာအနှံ့ ကိုလည်း လိုက်ရှာပြီးပါပြီ၊ ဒီနေ့ သုံးရက်မြောက်အထိ မတွေ့ရသေး/ အဆက်အသွယ်မရသေးဘူး” ဟု ပျောက်ဆုံးသူ စိုင်းဝင်းဟန်၏ ညီဖြစ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စိုင်းဝင်းဟန် ပျောက်ဆုံးနေမှုသည် အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် စရဖ နှင့် စစ်ကောင်စီတပ်သားတို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်းလည်း အဆိုပါ ကျောက်မဲမြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထောင်ဝင်စာ သွားပို့ရာမှ ပျောက်ဆုံး သွားသည့် လူငယ်

“ကိုယ့်တူကိုယ့်သားလိုဖြစ်နေတော့ ကျနော်တို့လည်း စုံစမ်းကြည့်တာပေါ့နော်၊ နောက်ဆုံးကြားရတဲ့ သတင်း အရဆိုရင် သူထောင်ဝင်စာပို့ပြီးအပြန် ထမင်းဆိုင်မှာ ဝင်နေတုန်း ရဲတချို့က သူ့ကို လာဖမ်းသွားတယ်လို့ ကြား ရပါတယ်၊ စခန်းတွေဘက်က ဆက်သွယ်လာတာ မရှိသေးတော့ အတည်မပြုနိုင်သေးဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

ယင်းသတင်းဖြစ်စဥ်နှင့် ပက်သက်ပြီး စိုင်းဝင်းဟန်၏ မိသားစုဝင်များကို မေးမြန်းရာ သတင်းကြားမိရကြောင်း နှင့် အတည်မပြုနိုင်သေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျနော်တို့လည်း ကြားမိသလောက်တော့ ကြားပါတယ်၊ အဖမ်းခံထားရတယ်ဆိုတာကိုပေါ့၊ ကျနော်တို့ အမေ ဆိုရင် အစ်ကိုကြီး (စိုင်းဝင်းဟန်) ပျောက်သွားတယ် ဆိုကတည်းက အိပ်ရာထဲလှဲနေရတယ်၊ အမေ့ကိုလည်း စိတ်ပူနေရသလို အစ်ကိုကြီး အတွက်လည်း ကျနော်တို့ စိတ်ပူနေပါတယ်၊ အစ်ကိုကြီးက ကျနော်တို့ရဲ့ ထောက်တိုင်ပါ” ဟု ၎င်း ညီငယ်က ပြောသည်။

မိခင်ဖြစ်သူနှင့် မိသားစုများကို လုပ်ကိုင်ကျွေးမွေးနေသူ စိုင်းဝင်းဟန် ပျောက်ဆုံးမှုကြောင့် မိသားစု၏ စီးပွားရေး / စားရေးသောက်ရေးများ အခက်အခဲဖြစ်လာနိုင်ကြောင်း သိရသည်။

စိုင်းဝင်းဟန် ပျောက်ဆုံးမှုနှင့် ပက်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ရရှိစေရန်နှင့် အမြန်ဆုံး ဘေးကင်းစွာ ဖြင့် ပြန်တွေ့နိုင်ရေးအတွက် သျှမ်းလူမှုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာများ ကူညီပေးကြရန်လည်း မိသားစုဝင် များမှ တောင်းဆိုထားသည်။

စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကျောက်မဲမြို့နယ် အတွင်း၌ စစ်ကောင်စီတပ်သားတို့၏ လက်ချက်ကြောင့် လူငယ်ပျောက်ဆုံးမှုများ၊ စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးရိုက်နက်ခံရမှုများ၊ညကြီးအချိန်မတော် နေအိမ်အတွင်း စစ်ဆေးမှုများ ခံရသည့်အပြင် ခိုးဆိုးလုယက်သူတို့၏ ရန်မှလည်း စိုးရိမ်နေရကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...