မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။

ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ မုံးပေါ်တိုက်နယ်အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတို့ပစ်လိုက်သည့် လက်နက်ကြီး ကျည်ဆန်ကြောင့် နောင်ခမ်းကျေးရွာ အနောက်ဘက်ရှိ ကြံခင်းကိုမီးလောင်ရာမှ ယခုတွင် ကျေးရွာအနီးပတ်ဝန်းကျင်ထိ မီးလောင်ကျွမ်း လာနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို သတင်းပေးပို့လာသည်။

“စစ်ကောင်စီတွေက တောင်ကုန်းတစ်ခုပေါ်မှာ တစ်ဖွဲ့နဲ့ နောင်ခမ်းရွာရဲ့ အရှေ့ဘက်မှာ တစ်ဖွဲ့ နေရာယူထားတယ်၊ MNDAA တွေက လယ်ထဲမှာနေရာယူထားတယ်၊ ဒီနောင်ခမ်းရွာရဲ့ အရှေ့ဘက်မှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ပစ်လိုက်တဲ့ လက်နက်ကြီးက ကြံခင်းတွေ၊ လက်ဖက်ခြံတွေထဲကျပြီး မီးလောင်တာ၊ အခုမီးက ရွာအစပ်တွေထဲအထိ လောင်ကျွမ်းနေပြီ” ဟု အခင်းဖြစ်ပွားသည့်နေရာမှ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

လက်ရှိတွင် မီးညွှန့်များသည် ကျေးရွာအနီးတစ်ဝိုက် လောင်ကျွမ်းလာနေသည့်အတွက် နောင်ခမ်း ကျေးရွာမှ ဒေသခံများသည် မုံးပေါမြို့ရှိ ဈေးရပ်ကွက်သို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်းလည်း သိရသည်။

“ကျနော်တို့လည်း ရွာကထွက်လာပြီး အဝေးကနေ အခြေအနေကို ကြည့်နေရပါတယ်၊ အနီးကပ်တော့ သွားမ ကြည့်ရဲဘူး၊ တိုက်ပွဲလည်းရှိတယ်ဆိုတော့ မီးလောင်ကျွမ်းမှု အခြေအနေတွေကို မသိရသေးဘူး၊ မီးခိုးတွေ မီးညွှန့်တွေပဲ မြင်ရတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ တို့ ဖြစ်ပွားသည့် တိုက်ပွဲများ

အာဏာသိမ်းစစ်ကောင်စီတို့သည် သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်း၌ KIA တပ်ဖွဲ့၊ MNDAA တပ်ဖွဲ့ကဲ့သို့သော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး လက်ရှိအချိန်ထိ အင်အားဖြည့်တင်းကာ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်းသိရသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာများတွင် စစ်ကောင်စီဘက်မှ စစ်ကူအင်အား အမြောက်အများဖြင့် အကြိမ်ကြိမ် အင်အားဖြည့်ကာ ထိုးစစ်ဆင်ခဲ့သော်လည်း စစ်ကောင်စီဘက်သာ အထိနာခဲ့ကြောင်းလည်း သိရသည်။

ယနေ့ ဖြစ်ပွားသည့် မုံးပေါ်တိုက်နယ်မှ တိုက်ပွဲဖြစ်ပွားမှု နှင့် မီးလောင်ကျွမ်းမှု အခြေအနေများ၏ နောက်ဆက်တွဲများကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေလျက်ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...