လွိုင်လင်ခရိုင်အတွင်း စစ်ကောင်စီနှင့် SSPP/SSA တို့ နေရာယူ လှုပ်ရှားမှုများ ရှိနေဆဲ

သျှမ်းပြည်တောင်ပိုင်း ဆနင်းတောင်ကြာအပါအဝင် လွိုင်လင်ခရိုင် အတွင်း စစ်ကောင်စီတပ်ဖွဲ့များနှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ နေရာယူလှုပ်ရှားမှုများရှိနေကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ

လွိုင်လင်ခရိုင်ထဲတွင် ပင်လုံမြို့၊ လဲချားမြို့နယ်၊ ကျေးသီးမြို့နယ်၊ နမ့်စန်မြို့နယ် နှင့် မိုင်းကိုင်မြို့နယ်တို့ ဖြစ်ကြောင်းသိရသည်။

စစ်ကောင်စီအင်အားများ နေရာတချို့မှ ဆုတ်ခွာသွားသော်လည်း ၎င်းတို့ တပ်စခန်းနေရာအနီးပတ်ဝန်းကျင်တွင် နေရာယူထားမှုများရှိနေသေးကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ဘက်ကနေရာတချို့မှာ ဆုတ်ခွာသွားတာတွေရှိနေတယ်ဆိုတာ မှန်ပါတယ်၊ ဒါပေမဲ့အားလုံးမဟုတ် သေး ဘူး၊ ကျနော်တို့ ဆနင်းတောင်ကြောတစ်လျှောက်မှာရှိတဲ့ စခန်းတွေ အနီးမှာ စစ်ကောင်စီအင်အားတွေက ၆၀၀ ကျော် ၇၀၀ လောက်ရှိနေသေးတယ်” ဟု ဗိုလ်မှူးဖုန်းဟန်က ဆိုသည်။

စစ်ကောင်စီဘက်မှ နေရာတချို့ ဆုတ်ခွာပေးမှုနှင့် လမ်းကြောင်းတချို့ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ငြိမ်းချမ်း ရေးဆွေးနွေးရန် ကမ်းလှမ်းမှုပက်သက်ပြီး လက်ရှိတော်လှန်ရေး အနေအထားများသည် အနီအဖြူ သဲကွဲရန် လိုအပ်ကြောင်း ဗိုလ်မှူးဖုန်းဟန်က ဆက်ပြောသည်။

SSPP

“နိုင်ငံရေးလိုအပ်ချက်အရ လက်နက်ကိုင်ပြီးဖြေရှင်းရမယ့်ကိစ္စတွေရှိသလို ကျနော်တို့ နာယကကြီး ဗိုလ်ချုပ် ဆေထင် ပြောသလို တော်လှန်ရေးဆိုတာ ဘက်နှစ်ဘက်ပဲရှိတယ်၊ အနီနဲ့အဖြူဆိုပါတော့၊ဘယ်လိုပဲဖြစ်နေပါစေ၊ အနီက အနီနဲ့ပဲ ပေါင်း မယ်၊ အဖြူက အဖြူနဲ့ပဲပေါင်းမယ်၊ ဒါကြောင့် အနီနဲ့အဖြူသဲကွဲဖို့လိုပါတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းမှုများထွက်ပေါ်လာပြီးနောက်ပိုင်း ဆနင်းဒေသမှ စစ်ကြောင်းတချို့ဆုတ်ခွာမှုများရှိသည့်အပြင် သျှမ်းတောင်အတွင်းမှ ပိတ်ထားသည့် လမ်းတချို့လည်းပြန်ဖွင့်ပေးကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့တွင် မိုင်းနောင်နှင့် ကွန်ဟိန်းကိုဆက်သွယ်ထားသည့် ဝမ်စိမ်းလမ်းကို စစ်ကောင်စီ ပြန်ဖွင့်ပေးပြီး စစ်သားများအစား ပြည်သူ့စစ်များကိုသာ ဂိတ်စောင့်အဖြစ် တွေ့မြင်ရကြောင်း ကွန်ဟိန်းမြို့သို့ ခရီးသွားခဲ့သည့် မျက်မြင်တွေ့ရသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသ်ည။

“အရင်က သူတို့ဒီလမ်းကို ပိတ်ထားတယ်လေ၊ သွားလို့မရခဲ့ဘူးတခြားလမ်းကနေ ပတ်သွားခဲ့ရတာပေါ့၊ ဒါပေမဲ့ ၂၇ ရက်နေ့မှာ ကျနော် ကွန်ဟိန်းကနေ ပြန်လာတော့ သူတို့က ဖွင့်ထားတာ တွေ့ရတယ်၊ ဖြတ်သန်း သွားလာလို့ရပြီပေါ့၊ ပြီးတော့ စစ်သားတွေအစား ပြည်သူ့စစ်တွေကိုပဲတွေ့ရတယ်၊ တံဆိပ်ကတော့ ကာလိ တပ်မဟာ ၇ က ပြည်သူ့စစ်တပ်ဖွဲ့တွေပါ” ဟု အဆိုပါ ခရီးသွားဒေသခံက ပြောသည်။

စစ်ကောင်စီဘက်မှ နေရာတချို့ ဆုတ်ခွာပေးမှုနှင့် လမ်းကြောင်းတချို့ပြန်လည်ဖွင့်လှစ်ပေးခြင်းသည် ငြိမ်းချမ်း ရေးဆွေးနွေးရန် ကမ်းလှမ်းမှုပက်သက်ပြီး လက်ရှိတော်လှန်ရေး အနေအထားများသည် အနီအဖြူ သဲကွဲရန် လိုအပ်ကြောင်း ဗိုလ်မှူးဖုန်းဟန်က ဆက်ပြောသည်။

“နိုင်ငံရေးလိုအပ်ချက်အရ လက်နက်ကိုင်ပြီးဖြေရှင်းရမယ့်ကိစ္စတွေရှိသလို ကျနော်တို့ နာယကကြီး ဗိုလ်ချုပ် ဆေထင် ပြောသလို တော်လှန်ရေးဆိုတာ ဘက်နှစ်ဘက်ပဲရှိတယ်၊ အနီနဲ့အဖြူဆိုပါတော့၊ဘယ်လိုပဲဖြစ်နေပါစေ၊ အနီက အနီနဲ့ပဲ ပေါင်း မယ်၊ အဖြူက အဖြူနဲ့ပဲပေါင်းမယ်၊ ဒါကြောင့် အနီနဲ့အဖြူသဲကွဲဖို့လိုပါတယ်” ဟု ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ တက်ရောက်ရန် ဖိတ်ခေါ်ထားသည့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို SSPP/SSA အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမည်၊ မဆွေးနွေးမည်ကို ယတိပြတ် မပြောသေးဘဲ FPNCC ၏ သဘောထားပင်ဖြစ်ကြောင်းလည်း သျှမ်းသံတော်ဆင့်ကို ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...